ကမ္ဘာတဝှမ်းက အမျိုးသမီးတွေအားလုံး တန်းတူညီမျှမှုရှိရေး အားလုံး ဝိုင်းဝန်းပါဝင် လှုပ်ရှားကြဖို့ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယလူနာ ၁ ဦးနဲ့ စောင့်ကြည့်လူနာ ၂ ဦး ကွယ်လွန်ခဲ့မှုမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ရဲ့ ဓာတ်ခွဲစစ်ဆေးချက်အရ COVID-19 ရောဂါပိုးမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေးဌာန တာဝန်ရှိသူက အတည်ပြု ပြောဆိုပါတယ်။
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ဘက်မှာ တပ်မတော်က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားစစ်သံမှူးတွေနဲ့ သတင်းထောက်တွေကို အဲ့ဒီ့ဒေသမှာ တပ်မတော်က ခေါ်ယူရှင်းလင်းပြသခဲ့ပါတယ်။
စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒီနှစ်အတွင်းကျင်းပနိုင်ဖို့ မရေမရာဖြစ်နေတယ်လို့ ပင်လုံညီလာခံမှာပါတဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
တရုတ်နိုင်ငံ ဝူဟန်ကနေ တဆင့် ပြည်ပနိုင်ငံတွေဆီ ကူးစက်ပြန့်ပွားမှုတွေထဲ လိမ္မော်ရောင်အဆင့်စိုးရိမ်စရာအခြေအနေအဖြစ်သတ်မှတ် ထားတဲ့ စင်ကာပူနိုင်ငံမှာ အသက်၂၅နှစ်အရွယ် အိမ်အကူမြန်မာအမျိုးသမီးတဦး COVID 19 ရောဂါကူးစက်ခံနေရပါတယ်။
ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနေတဲ့အတွက် စစ်ဘေးရှောင်စခန်း ၉၉ ခုထိရှိလာပြီး ရခိုင်စစ်ပြေးစစ်ရှောင်ဦးရေက တသိန်းနှစ်သောင်းရှစ်ထောင်ကျော်အထိ ဖြစ်လာနေပြီလို့ ရခိုင်ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ လူမှုအဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ စနေနေ့မနက်အစောပိုင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြားက ကျေးရွာတရွာကို လက်နက်ကြီးကျည်ကျလို့ လူ ၄ ဦးသေဆုံးပြီး ရွာသားတချို့ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရသလို နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဘက်က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးကနေ ထွက်ပြေးလာသူ ဒုက္ခသည်တွေ ခိုလှုံနေကြရပါတယ်။ ကျောင်းနေရွယ်တွေအတွက် ပညာရေးနဲ့ တခြားလိုအပ်တဲ့ အထောက်အပံ့တွေကို ဘုန်းတော်ကြီးတွေက ဦးစီး လုပ်ဆောင်ပေးနေရတယ်လို့ အဲဒီစခန်းတွေကို ဒီကနေ့ရောက်ခဲ့တဲ့ ဗွီအိုအေအယ်ဒီတာ ကပြောပါတယ်။
နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲထားတဲ့အမှုပေါင်း ၄၀ ကျော်ရှိပြီး တရားစွဲခံထားရသူ အရေအတွ က်ဟာလည်း ၁၁၀ ကျော်သွားပြီလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ “အသံ” က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန်က ပြန်လာတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ သူတို့ကိုသွားခေါ်ခဲ့တဲ့ လေယာဉ်မှူး လေယာဉ်ဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း ၇၁ ဦး စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်သွားလို့ ဒီကနေ့ နေရပ်ရင်းတွေ ပြန်ခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက အတည်ပြုပါတယ်။
စစ်ရေးပဋိပက္ခ အတော်လေးကို ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲ ကလေးငယ်လေးတွေ အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာအပြင်းအထန် ရနေတဲ့အပေါ် အစိုးရနဲ့ လွှတ်တော်အနေနဲ့ နိုင်ငံသားတွေအပေါ် ထိရောက်စွာ ကာကွယ်နိုင်မှု အရမ်းကို အားနည်းနေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ခေါင်းဆောင်တွေက ထောက်ပြ ဝေဖန်လိုက်ကြပါတယ်။
တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “မဲဆွယ်အပြုံး” သရော်စာနဲ့ပတ်သက်ပြီး အသရေဖျက်မှုနဲ့ တရားစွဲခံထားရတာမှာ ဒီကနေ့မှာတော့ တိုင်းတရားလွှတ်တော်က အယူခံကို ပလပ်လိုက်ပါတယ်။
မြစ်ကြီးနားရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ ကချင် ဘာသာရေး အမှုဆောင်နှစ်ဦးကို ဖေဖော်ဝါရီလ ၁၁ ရက်၊ အင်္ဂါနေ့က မြစ်ကြီးနား ထောင်ကို ပို့လိုက်ပြီလို့ ကချင်ဥပဒေပညာရှင်နဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်စရာ အခြေအနေ လိမ္မော်ရောင်အဆင့် သတ်မှတ်လိုက်တဲ့ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ မြန်မာအမျိုးသမီးတဦးကို ဒီကနေ့မနက်ပိုင်းမှာပဲ တောင်ဒဂုံနေအိမ်ကနေ ဝေဘာဂီဆေးရုံကို ခေါ်ဆောင်ပြီး သူ့ကျန်းမာရေးအခြေအနေ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက အတည်ပြုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် သက်ဆိုင်ရာနိုင်ငံတွေဘက်ကလည်း ကျန်းမာရေး ပညာပေးမှုတွေ စနစ်တကျ လုပ်ဆောင်ပေးနေသလို ပြည်ပနိုင်ငံတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေလည်း ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် ကြိုတင်ကာကွယ်နေကြပါတယ်။
၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လျာထားတဲ့အတိုင်းကျင်းပဖို့ မဖြစ်နိုင်သေးဘူးလို့ UPDJC ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပထမ လေးလပတ်အတွင်း ကျင်းပဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက လျာထားသတ်မှတ်ခဲ့တာပါ။
ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောမှုတွေထဲ စစ်တပ်ကိုထိပါးတယ်ဆိုတဲ့စွဲချက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တပ်မတော်ရဲ့ တရားစွဲခံထားရတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကတော့ အမှုကို လုံးဝပလပ်ပေးဖို့ တရားဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားကြဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲတဲ့ လပိုင်းတွေအတွင်း ဟောင်ကောင်မှာ ပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီရေး လူထု အုံကြွမှုတွေကို အများက အာရုံစိုက်လာအောင် ဂီတ အနုပညာ၊ အကတွေနဲ့ ဖန်တီးတဲ့ ဗွီဒီယိုတခု အင်တာနက်မှာ ပျံ့နေပါတယ်။ Danzmocracy လို့ နာမည်ပေးထားတဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေအကြောင်း AP သတင်းဆောင်ပါးတပုဒ်ကို မဆုမွန်က တင်ပြပါမယ်။
မြန်မာနိုင်ငံတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပိုး သံသယလူနာ ၅ ဦးထက်မနည်း တွေ့ရှိထားပြီး ရောဂါရှိမရှိ အတည်ပြုနိုင်ဖို့ ဓာတ်ခွဲစစ်ဆေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုလိုက်ပါတယ်။
ကူးစက်ခံရသူပေါင်း တသောင်းနှစ်ထောင်ဝန်းကျင်နဲ့ သေဆုံးသူ ၂၀၀ ကျော်သွားပြီဖြစ်သလို WHO ကနေ အရေးပေါ်အခြေအနေ ကြေညာထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးမှုအများဆုံးဖြစ်လို့ ဒီဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံထဲ ဝင်မလာအောင် စနစ်တကျ ကာကွယ်နေကြပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ခံက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်