ကျနော်တို့ ဗွီအိုအေ ဝိုင်းတော်သူ၊ ဝိုင်းတော်သားတွေထဲမှာ COVID-19 ရောဂါနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ကိုယ်တိုင်ကိုယ်ကျသွားပြီးတော့ စစ်ဆေးထားသူကတော့ မဆုမွန်ပါ။ သူဘာကြောင့် အဲ့လိုသွားပြီးတော့ စစ်ဆေးဖို့ဆုံးဖြတ်ခဲ့သလဲဆိုတာကို ကျနော်တို့ မဆုမွန်ကို မေးမြန်းထားပါတယ်။
လူသိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာမှာကို ဒုက္ခသည်တွေရော ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ စိုးရိမ်မှုတွေမြင့်တက် လာနေပါတယ်။
ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်နေတဲ့ တိုကျိုနဲ့ အခြားဒေသ ၆ ခုအတွက် တလကြာအရေးပေါ်အခြေအနေု ထုတ်ပြန်လိုက်တာဖြစ်ပြီး လူတွေအိမ်ပြင်မထွက်ကြဖို့၊ စီးပါွးရေးလုပ်ငန်းတွေ ပိတ်ထားဖို့လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းခဲ့ပါတယ်။
အခုဆိုရင်တော့ နိုင်ငံအရေးပေါ် အခြေအနေကြေညာဖို့အထိဖြစ်လာနေတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မနေ့တနင်္ဂနွေနေ့က လူ ၁၃၀ ကျော်အထိ တရက်တည်း ကူးစက်မှုအများဆုံး ကူးစက်ခံလိုက်ရပြီးတဲ့နောက်မှာတော့ ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
COVID-19 စတင်ကူးစက်နေပြီ ဖြစ်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ အလွန်အန္တရာယ်ကြီးတဲ့ အစုအပြုံလိုက် ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေကို အစိုးရပိုင်းရော ကျန်းမာရေးတာဝန်ရှိသူတွေ အနေနဲ့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်တဲ့ အရေးကြီးတဲ့အချိန် ရောက်နေပြီလို့ ဆေးသိပ္ပံပညာရှင်က အကြံပေးလိုက်ပါတယ်။
COVID-19 ကူးစက်ပျံ့နှံ့ သေဆုံးမှု မြင့်တက်လာနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ လူတွေကို အိမ်ထဲမှာနေဖို့၊ အလုပ်တွေကိုလည်း နေအိမ်ကနေ လုပ်ကြဖို့ ညွှန်ကြားလိုက်ချိန်မှာပဲ အမေရိကန် စီးပွားရေးလုပ်ငန်းအများစု ထိခိုက်ကုန်ပြီး ရပ်ဆိုင်းလိုက်ရတဲ့ လုပ်ငန်းတွေလည်း ရှိလာပါတယ်။
ဆေးမှတ်တမ်း၊ လူနာတွေရဲ့ကိုယ်ရေးမှတ်တမ်းတွေကို ဟက်ကာတွေက အွန်လိုင်းကနေ ခိုးယူဖို့ ကြိုးစားတာတွေလည်းရှိတယ်လို့ နယူးယောက်မြို့က ဆေးရုံတခုမှာ တာဝန် ထမ်းဆောင်နေတဲ့ သတင်းနည်းပညာရပ် လုံခြုံရေးဆိုင်ရာမြန်မာ-အမေရိကန် အင်ဂျင်နီယာ တဦးဖြစ်သူ ကိုမိုက်ကယ်လ်ကျော်သူက ဗွီအိုအေကို ပြောပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့ သေဆုံးမှုတွေမြင့်တက်လာတဲ့ အမေရိကန်ပြည်ထောင်စု တဝှမ်း စီးပွားရေးလုပ်ငန်းတွေထိခိုက်ပြီး လူတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့အထဲ အမေရိကန်ရောက်မြန်မာတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းနေရသလဲဆိုတာ စုစည်းတင်ပြပါမယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံမှာ စီးပွားရေး ထိခိုက်နေတာတွေကို ကျားကန်ပေးဖို့ ဒေါ်လာ ၂ ထရီလီယံကျော် အရေးပေါ် အကူအညီပေးရေး အစီအစဉ်ကို အတည်ပြုလိုက်တဲ့အတွက် အမေရိကန်ရောက် မြန်မာတွေလည်း ဝမ်းသာနေကြပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 လူတချို့မှာ စတင်ကူးစက်နေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံတွင်းမှာ ပြည်သူတွေအနေနဲ့ Social Distancing လို့ခေါ်တဲ့ လူတဦးနဲ့တဦးကြား သတ်မှတ်အကွာအဝေးကြား ခပ်ခွာခွာနေကြဖို့ အလွန်အရေးကြီးတဲ့အချိန် ရောက်နေပြီလို့ မြန်မာအမေရိကန် ဆေးသိပ္ပံပညာရှင်က အကြံပေးပြောဆိုလိုက်ပါတယ်။
COVID-19 ကို ကာကွယ်ဖို့ အမေရိကန်နိုင်ငံတဝန်းက ဝန်ထမ်း အလုပ်သမား အများအပြား ကိုယ့် နေအိမ်တွေကနေပဲ နေ့စဉ်အလုပ်တွေကို လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လို့မရကြသူတွေထဲ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လုပ်ကိုင်သူတွေ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာ ရှိတွေလည်း ပါဝင်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 အမေရိကန်ပြည်ထောင်စုတဝှမ်း ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်လာချိန် ပြည်နယ်အသီးသီးမှာ နေထိုင်နေကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ ရင်ဆိုင် တွေ့ကြုံနေရတဲ့ နေ့စဉ်လူနေမှုဘဝ စိန်ခေါ်မှု အတွေ့အကြုံတွေကို စုစည်းပြီး ပြောပြချင်ပါတယ်။
COVID-19 ကူးစက်ပြန့်ပွားမှုအန္တရာယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေက ပြန်လာသူတွေ၊ ကူးစက်သူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ဆေးရုံတွေ နေအိမ်တွေမှာ သီးသန့်ထား စောင့်ကြည့်စစ်ဆေးမှုတွေကို WHO ရဲ့ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်အကြမ်းဖက်ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမရှိအောင် WHO အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့တွေက အထူးကျန်းမာရေးပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေထဲက ရခိုင်လက်နက်ကိုင်တပ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲက အသုံးအနှုန်းတွေဟာ စစ်ရေးပဋိပက္ခတွေကို ပိုပြီးတော့ ပြင်းထန် တင်းမာလာစေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ရခိုင်အရေး လှုပ်ရှားသူတွေက ဝေဖန်ပါတယ်။
မြန်မာဆရာဝန်တွေ ဆေးလောကနယ်ပယ်က ကျန်းမာရေးပညာရှင်တွေစုပေါင်းပြီး စေတနာ့ဝန်ထမ်းတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ အသင့်ဖြစ်နေကြသလို လူထုကလည်း ပူးပေါင်းပါဝင်ကြပါလို့ ပညာပေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင်လှုပ်ရှားနေသူတဦးလည်းဖြစ်တဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းအဖွဲ့ဝင်တဦးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
COVID 19 မြန်မာနိုင်ငံမှာ အခုအချိန်အထိ ကူးစက်မှုလူနာ တရားဝင်စာရင်းအရ မရှိသေးပေမဲ့လို့ ကူးစက်ပျံ့ပွားမှု မရှိစေရအောင် ပွဲလမ်းသဘင်တွေ မကျင်းပဖို့နဲ့ လူထူထပ်တဲ့ နေရာတွေမှာ မစုဝေးဖို့နဲ့ မလိုအပ်ရင် အပြင်မထွက်ဖို့ လုပ်ငန်းခွင်တွေမှာမလုပ်ပဲနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းပါတယ်။
ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်လိုက်တဲ့ COVID-19 ရောဂါ မြန်မာနိုင်ငံမှာ အချိန်မရွေး ဖြစ်ပွားလာနိုင်တဲ့အတွက် ရောဂါမကူးစက်ရအောင် လူထုအနေနဲ့ သတိနဲ့ ကြိုတင်ကာကွယ် သတိထားနေကြပါလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထပ်မံ သတိပေးလိုက်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်လိုက်တဲ့ COVID-19 ရောဂါ မြန်မာနိုင်ငံမှာ ဓာတ်ခွဲစစ်ဆေးမှုတွေအရ သံသယလူနာတွေမှာ ကူးစက်သူ တယောက်မှမရှိဘဲ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်လို့ စောင့်ကြည့်လူနာ ၇ ဦးအထိပဲ ရှိတော့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့ည၈နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကရင်ပြည်နယ် မြိုင်ကလေးမြို့မှာ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ တဦးကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဖို့ ကြိုးစားခဲ့တဲ့ အပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ကွန်ရက်က ရှုတ်ချ ကန့်ကွက်လိုက် ပါတယ်။
နောက်ထပ်ကြည့်ရှုရန်