ပင်လယ်ပြင်မှာ သီတင်းပတ်နဲ့ချီ မျောနေခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းကပ်ခွင့်ပေးခဲ့တဲ့ ရိုဟင်ဂျာတွေထဲက ၂၈ ယောက်ကို Bhasan Char ကျွန်းကို ပို့ဆောင်လိုက်တဲ့အတွက် ဒုက္ခသည်တွေကြား စိုးရိမ်မှုတွေ တကျော့ပြန် ထွက်ပေါ်လာကြတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ ပိုတိုးလာနေတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်မှုတွေပို တိုးလာနေသလို မုတ်သုန်ရာသီဝင်လာတဲ့အတွက် ရေကြီးမြေပြိုအန္တရာယ်တွေအတွက် ပူပန်လာနေကြတဲ့အကြောင်း ပြောပြချင်ပါတယ်။
ဒိန်းမတ်နိုင်ငံ Copenhagen မြို့တော်က Nordsjællands ဆေးရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ တတပ်တအား ပါဝင်ခဲ့တဲ့ ကျန်းမာရေးလုပ်သားတဦးအဖြစ် မြန်မာနိုင်ငံအခြေစိုက် ဒိန်းမတ်သံရုံးက လူမှုကွန်ရက်ကနေ သူ့ကို ချီးကျူးခဲ့တာပါ။
မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေဟာ မကြာသေးခင် နှစ်တွေကစလို့ ကျဆင်းလာနေကြောင်း ပြည်တွင်းပြည်ပက သတင်းမီဒီယာသမားတွေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြတာပါ။
ကိုဗစ်ကာလ နိုင်ငံရပ်ခြားတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာ မြန်မာသံရုံးတွေရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နေပြီဖြစ်ပြီး သံရုံးတွေဘက်မှာရော ပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေမှာပါ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေ ရှိနေပါတယ်။
စင်ကာပူနိုင်ငံတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက Work Permits အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကိုင်ဆောင်သူတွေ စင်ကာပူနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် S PASS ကိုင်ဆောင်ထားတဲ့နိုင်ငံခြားသားအလုပ်သမားတွေနဲ့သူတို့ရဲမှီခိုမိသားစုတွေ နေအိမ်တွေထဲမှာပဲ ဆက်နေကြဖို့ Stay Home ၁၄ ရက်ထပ်တိုးလိုက်ပါတယ်။
နိုင်ငံခြားသားအလုပ်သမားတွေကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု တိုးလာနေတဲ့အတွက် စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အခက်ကြုံနေရပါတယ်။
လွှတ်တော်လုပ်ငန်းတွေကို လာမယ့် မေလ ၁၈ တနင်္လာနေ့ကစ ပြန်လည်စတင်မှာဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌတွေက ကြေညာချက် ထုတ်ပြန်လိုက်ပေမဲ့ COVID-19 ကပ်ရောဂါ ကြုံနေရတဲ့ အချိန်ဖြစ်တာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူတွေ တိုးလာနေချိန်မှာပဲ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ နေအိမ်မှာပဲနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်လိုက်တာပါ။
တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံ စတဲ့ အာရှနိုင်ငံတချို့ကနေ မြန်မာနိုင်ငံကို ပြန်လိုသူတွေအတွက် သက်ဆိုင်ရာသံရုံးတွေက လေကြောင်းလိုင်းတွေ စီစဉ်ပေးနေပါတယ်။
မြန်မာနိုင်ငံက စက်ရုံ အလုပ်ရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အန္တရာယ် တားဆီးကာကွယ်ရေး အရေးပေါ်လုပ်ဆောင်ဖို့ အချိန်ရောက်ပြီလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်မှုတွေကို နိုင်ငံတွေမှာ အလျင်အမြန်ဖြေလျော့ပေးလိုက်မယ်ဆိုရင် ပိုးကူးစက်မှုပြန်ပြီး မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
COVID-19 ကပ်ရောဂါကို ခြေရာခံစောင့်ကြည့် ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပါ ချီးကျုးခဲ့တဲ့ စင်္ကာပူနိုင်ငံမှာ မကြာသေးခင်ကစလို့ နိုင်ငံခြားသား အလုပ်သမားတွေကြား ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် စိုးရိမ်မှုတွေလည်း ကြီးထွားလာနေတာပါ။
COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကာကွယ် ထိန်းချုပ်ရေး အစီအစဉ်တွေအပေါ် စိုးရိမ်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရကရော ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကပါ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဒုက္ခသည်စခန်း အသီးသီးမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ လိုက်နာကြဖို့ စည်းကမ်းချက်တွေထုတ်ပြန်ပြီး အထူးသဖြင့် လူစုလူဝေး မလုပ်ကြဖို့ အပါအဝင် စခန်းတွေထဲလည်း လူအဝင်အထွက် တင်းကျပ် ကန့်သတ်လိုက်တာပါ။
ဧပြီလ ၁၇ရက်နေ့ကတော့ Fever Clinic ဖျားနာလူနာဆေးကုခန်းတွေမှာ ဆေးကုသပေးနေတဲ့ စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးကြပြီးတဲ့နောက် လာမယ့် ဧပြီလ ၂၀ရက်နေ့ကစလို့ ပုံမှန်ပြန်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း သင်္ကြန်ကာလတွင်း ရန်ကုန်မြို့တွင်းက အင်းစိန်၊ မင်္ဂလာတောင်ညွှန့် ၊တာမွေ၊ သင်္ကန်းကျွန်း၊ ဗိုလ်တထောင်စတဲ့ မြို့နယ်တချို့မှာ စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေ ဦးဆောင်ပြီး Fever Clinic ဖျားနာလူနာဆေးကုခန်းတွေ နေ့စဉ်ဖွင့်လှစ်ပြီး အခမဲ့ကုသပေးနေကြတာပါ။
အာရှတိုက်က COVID-19 ရောဂါ အဆိုးဆုံးကြုံရတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားသားတွေ အရေးပေါ် ကျန်းမာရေး စစ်ဆေးမှု ခံယူနိုင်ဖို့ စီစဉ်ထားတဲ့လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံသားတွေလည်း ပူးပေါင်းပါဝင်နိုင်အောင် မြန်မာသံရုံးက ဆောင်ရွက်နေပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးသူ ၃ ဦး အပါအဝင် ကူးစက်သူ ၄၀ လောက်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ခံနေရတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ လိုအပ်နေတဲ့အကြောင်း မြန်မာဆေးပညာရှင်တွေ သတိပေးနေကြတာပါ။
ခရီးသွားရာဇဝင်ရှိသူ၊ ခရီးသွားရာဇဝင်မရှိသူ၊ လူနာတွေနဲ့ ထိတွေ့ခဲ့သူ စသည်အားဖြင့် ကူးစက်နေတာမို့ ဒီ့ထက်ပိုပြီး ကူးစက်ပြန့်ပွားမှု ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ရအောင် တားဆီးရေး အိမ်ထဲမှာပဲနေကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုကို ဖေ့စ်ဘုတ်ကတဆင့် မေတ္တာရပ်ခံထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်