ရခိုင်ပြည်နယ်တွင်းမှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။
ရန်ကုန်မြို့တွင်း အထူးသဖြင့် ဖျားနာလူနာတွေကို ဦးစားပေးကုသပေးနေတဲ့ Community Fever Clinic Fever Corners တွေမှာ အလိုအလျောက်ဖြေကြားပေးမယ့် AI (Artificial Intelligence) စနစ်ကိုသုံးပြီး ကျန်းမာရေး ဝန်ဆောင်မှုပေးတော့မှာပါ။
လူသိန်းချီ စုပြုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိမှု ပိုများပြားလာတဲ့အတွက် စခန်းတွင်း စည်းကမ်းတွေ ပိုတင်းကျပ်လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေမြင့်တက်လာနေတဲ့အကြောင်းကို
COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ လျော့လာတဲ့အတွက် အာရှနိုင်ငံတချို့မှာ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေ စတင်ဖြေလျှော့ ပေးလာနေပေမဲ့ ပုံမှန်အခြေအနေရောက်ဖို့ မလွယ်သေးပါဘူး။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လုံခြုံရေးစိုးရိမ်ရတဲ့ အန္တရာယ်၊ COVID-19 ကပ်ရောဂါအန္တရာယ်နဲ့ အခုအခါ မိုးတွင်းကာလ ဆိုးရွားတဲ့ ရာသီဥတုနဲ့ပါ ရင်ဆိုင်ရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ပထမဆုံး တင်သွင်းရမယ့် ကြားဖြတ်အစီအမံဆိုင်ရာ လေးလပြည့် အစီရင်ခံစာအပေါ် သုံးသပ်ချက် အမြင်တွေ စုစည်းတင်ပြထားပါတယ်။
နိုင်ငံတကာခုံရုံး ICJ ကို မြန်မာအစိုးရ အစီရင်ခံစာမတင်ခင်မှာပဲ ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေထဲ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁၉၀ ကျော်ထဲမှာ သတင်းသမားတဦးလည်း ပါဝင်နေပြီး တချို့ဟာလည်း ရောဂါကူးစက်မှု ရှိမရှိ စောင့်ကြည့်ပြီး သီးခြားခွဲ နေထိုင်နေကြရတာပါ။
ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ သတိပေးနေပါတယ်။
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၅ မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အကြံပြုချက်တွေအတိုင်း ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုမှုတွေ လုပ်ဆောင်နေပါတယ်လို့ မေလ ၁၅ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက သန်းချီတဲ့ဒုက္ခသည်တွေ စုဝေးနေထိုင်ရာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ကူးစက်မှုအန္တရာယ် ကျရောက်လာမှာကို ကုလသမဂ္ဂနဲ့နိုင်ငံတကာက စိုးရိမ်တကြီးစောင့်ကြည့်နေချိန်မှာပဲ ပထမဦးဆုံး ဒုက္ခသည်တဦး COVID-19 ကူးစက်ခံရသလို စခန်းပြင်ပက ဒေသခံတဦးလည်း ကူးစက်ခံထားရတာပါ။
သိန်းချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပလောင်ဒုက္ခသည်စခန်း အမှတ်(၁) မှာ ဒီကနေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ထိခိုက်ပျက်စီးမှု ကြီးမားတဲ့အကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံတွင်း COVID 19 ရောဂါ ဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးဖို့ ရှိနေပါတယ်။
သိန်းချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပလောင်ဒုက္ခသည်စခန်း အမှတ်(၁) မှာ ဒီကနေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ထိခိုက်ပျက်စီးမှုများပါတယ်။ မီးလောင်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတချို့ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ အသေအပျောက်တော့ မရှိဘူးလို့လည်း ဒုက္ခသည်တဦးကပြောပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ ရောဂါထိန်းချုပ် ကာကွယ်ကုသရေး အထောက်အကူ ဖြစ်စေဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဒီကနေ့ မေလ ၁၀ ရက်နေ့ကစပြီး သြဂုတ်လ ၃၁ ရက်နေ့အထိ တိုက်ခိုက်မှုတွေ ရပ်စဲမယ့်အကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့တုန်းကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
COVID-19 ကပ်ရောဂါကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပရဟိတ အခမဲ့ဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်နေပြီး အခုဆိုရင် ဆေးရုံတွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။
ဗကသအနေနဲ့ မြန်မာပြည် ဒီမိုကရေစီ စနစ်ပြောင်းလဲရေးဗကသရဲ့မူဝါဒတွေအတိုင်း လူထုရှေ့က ဆက်လက် ရပ်တည်သွားမှာဖြစ်သလို COVID-19 ကမ္ဘာ့ကပ်ရောဂါ နဲ့ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအရေးလည်း ကျောင်းသားတွေက ကူညီဆောင်ရွက် ပေးနေကြတယ်လို့ဗကသများအဖွဲ့ချုပ်တည်ထောင်တဲ့ ၈၄နှစ်ပြည့် ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန်မှာ လုပ်ခလစာပြည့် ခံစားခွင့်ရရှိရေး ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် စက်ရုံအလုပ်သမားတွေ၊ အလုပ်သမားရေးလှုပ်ရှားသူတွေကို အာဏာပိုင်တွေ ဆက်လက် ဖမ်းဆီးနေတာပါ။
COVID-19 ကပ်ရောဂါ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေ သတင်းရယူရာမှာ အခက်အခဲတွေ ကြုံနေရသလို ရောဂါကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် မီဒီယာအဖွဲ့အစည်းတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်