COVID-19 ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် ဂျော်ဒန်နိုင်ငံမှာ လုပ်ငန်းခွင်တချို့ရပ်နားလိုက်ရချိန် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို တောင်းဆိုနေကြတဲ့အကြောင်းကို တင်ပြပေးပါမယ်။
ဒီရက်ပိုင်းထဲမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတဲ့အထိ ရခိုင်လက်နက်ကိုင်တပ် AAနဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ်ထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ တိုးလာနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ စုစုပေါင်း ၂၉၀ လောက်မှာ ရခိုင်ပြည်နယ်က ၉ ဦးကို အတည်ပြုထားပြီး ဒီအထဲမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေ ပါဝင်နေတာကြောင့် သွားလာကန့်သတ်မှုတွေ တိုးမြှင့်လာနေတာပါ။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် ဖြတ်တောက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။
ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ရိုဟင်ဂျာဒုက္ခသည်တွေက "အခမ်းအနားပွဲတွေ မကျင်းပလိုဘူး၊ အိမ်ကိုပဲပြန်ပါရစေ" ဆိုတဲ့ ကြေညာချက်ထုတ် တောင်းဆိုတဲ့အကြောင်း မဆုမွန်က စုစည်းတင်ပြထားပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်ခံရရင် တုံ့ပြန် ဆောင်ရွက်နိုင်ဖို့ ကြိုတင်ကာကွယ်မှုတွေ လုံလောက်စွာ မရှိတဲ့အပေါ် နာဂဒေသခံတွေ စိုးရိမ်နေပါတယ်။
တိုင်းရင်းဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးကြရပြီး နေရပ်ရင်းတွေကို မပြန်ရဲကြတော့ပဲ အသက်ဘေးလွတ်ရာမှာ အခြေချနေဖို့ ကြိုးစားရုန်းကန်နေရတဲ့ ရှမ်းပြည်နယ်ထဲက ဒုက္ခသည်တွေအကြောင်း တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ်မှာ တကျော့ပြန် စစ်ဖြစ်တာ ၉ နှစ်တိုင်သွားပေမယ့် စစ်ရေးပဋိပက္ခတွေ မငြိမ်းနိုင်သေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးတဲ့ ပြည်တွင်းဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ဒုက္ခသည်များနေ့ အထူးအစီအစဉ်အဖြစ် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ တင်စားခေါ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေရဲ့ မရေရာတဲ့ အနာဂတ်နဲ့ မသေချာသေးတဲ့ အိမ်အပြန်လမ်းတွေအကြောင်း မဆုမွန် စုစည်းတင်ပြထားပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဦးရေ ရာနဲ့ချီပြီး ဆက်ရှိနေသေးတဲ့အပေါ်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတို့ အရေးယူခံနေရတဲ့အပေါ် ဝေဖန်သုံးသပ်ချက်တွေကို မဆုမွန် ပြောပြပေးပါမယ်။
၂ နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင်တဲ့ နှစ် (၇၀) ပြည့်အဖြစ် တရုတ်နဲ့ မြန်မာခေါင်းဆောင်တွေ အပြန်အလှန် နှုတ်ခွန်းဆက်ရာမှာ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ အဓိကထား ပြောခဲ့ကြပါတယ်။
အမေရိကန် ပြည်ထောင်စုက ဆန္ဒပြပွဲတွေရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြပေးချင်ပါတယ်။ လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာ အခုဆိုရင် သီတင်း ၂ ပတ်ကျော်လာပေမဲ့ အရှိန်ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။
လူသိန်းချီ စုပြုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲ COVID-19ရောဂါပိုးတွေ့ရှိမှု ပိုပြီးတော့မှ များပြားလာတဲ့အတွက် ရောဂါကုသနိုင်ရေး ဆေးဝါးလိုအပ်ချက်တွေအပေါ် အကူအညီပေးရေးအဖွဲ့တွေရဲ့စိုးရိမ်မှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကြား ကြောက်ရွံ့မှုတွေ ပိုတိုးလာနေပါတယ်။
အမေရိကန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လူမည်းအမျိုးသားတဦး သေဆုံးခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ အခုဆိုရင် သီတင်း နှစ် ပတ်လောက် ရှိလာနေပါပြီ။ ဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေနဲ့ တာဝန်ရှိသူတွေရဲ့ တုံ့ပြန်မှုတွေ ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။
အမေရိကန် မြို့ကြီးတော်တော်များများမှာ လူပေါင်းထောင်သောင်းချီ ဆန္ဒပြနေတဲ့အတွက်လည်း အမေရိကန်မှာသာမက နိုင်ငံတကာမှာပါ ထိပ်တန်းသတင်း ဖြစ်နေတဲ့ အဖြစ်အပျက်အပေါ် မြန်မာသတင်းသမားတွေလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကျောက်တလုံး ဒုက္ခသည်စခန်း ပြန်လည်နေရာချထားရေး အစိုးရအစီအမံအပေါ် ဒုက္ခသည်တွေရဲ့ သဘောထားနဲ့ လိုလားချက်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
ဆန္ဒပြပွဲတွေစတင်ခဲ့ရတဲ့ လူမည်းအမျိုးသားတဦး ရဲကဖမ်းစဉ်အသက်ဆုံးခဲ့ရတဲ့ အဖြစ်အပျက်စခဲ့တဲ့ Minnesota ပြည်နယ်ထဲက St. Paul မြို့က လုံခြုံရေးလက်ရှိအခြေအနေကိုNational Guard ပြည်တွင်းအရံတပ်ဖွဲ့ဝင်ရဲ့ ဖခင်လည်းဖြစ်တဲ့ မြို့ခံမြန်မာ ရှမ်းတိုင်းရင်းသားတဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
လူမည်းအမျိုးသားတဦး သေဆုံးခဲ့တဲ့အပေါ်မှာ မကျေနပ်လို့ ဝါရှင်တန်ဒီစီနဲ့ ပြည်နယ်တော်တော်များများမှာ ဆန္ဒပြနေကြတာ ၇ ရက် ရှိသွားပါပြီ။ ဒါတွေနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေနဲ့ သုံးသပ်ချက်တွေ သိရအောင် အနီးကပ်စောင့်ကြည့်နေတဲ့ ဗွီအိုအေအယ်ဒီတာ ဦးကျော်ဇံသာကို ကျမ ဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
အာဖရိကန် အမေရိကန် လူမည်းအမျိုးသား George Floyd - ရဲတပ်ဖွဲ့က ဖမ်းဆီးရင်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် အခင်းဖြစ်ရာ Minnesota ပြည်နယ်မှာ သာမက တခြားပြည်နယ်တွေနဲ့ အခုအခါမှာတော့ ပြည်ပနိုင်ငံတွေမှာပါ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။
COVID-19 ကပ်ရောဂါကြောင့် အခက်တွေ့နေကြတဲ့ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ မသမာသူတွေရဲ့ လိမ်လည်မှုခံရမယ့် အန္တရာယ်နဲ့ပါ နောက်ဆက်တွဲ ကြုံနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်