COVID-19 ကူးစက်သူ နေ့စဉ်လိုထောင်ချီတွေ့လာချိန် Fever Clinic ဆေးခန်းတွေမှာ တခါတည်း Swab Test ယူပြီး ပိုးစစ်ဆေး ရှာဖွေမှုတွေမှာနေ့စဉ်လိုလို လူနာထက်ဝက်ကျော်လောက်မှာ ပိုးတွေ့ရှိနေတဲ့အခြေအနေနဲ့အရေးပေါ်ဆေးကုသမှု လိုအပ်ချက်အရ အခမဲ့ ဖျားနာကုဆေးခန်းတွေ ထပ် -တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးစားနေကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေးကျောက်တူးသမား ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ မဲပေးခွင့်ဆံုံးရှုံးရနိုင်တဲ့ အခြေအနေဖြစ်နေလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နယ်မြေခံတွေရဲ့ စိုးရိမ်ချက် စုစည်းတင်ပြပေးချင်ပါတယ်။
သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ရင်သွေးငယ် ကလေးတွေ ပညာဆက်လက်သင်ကြားခွင့်နဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ၊ လေ့လာခွင့်တွေ ဆုံးရှုံးပြီး သူတို့ရဲ့ ဘဝအနာဂတ်မျှော်လင့်ချက်တွေ မှေးမှိန်နေကြတဲ့ အကြောင်းနဲ့ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒတောင်းဆိုချက်တွေကို စုစည်းတင်ပြပေးထားပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေတဲ့အချိန်မှာ ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံတော်တော်များများမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေ စပေးနေကြတဲ့ အခြေအနေအပေါ် ရွေးကောက်ပွဲ စောင့်ကြည့်သူနဲ့ ကိုယ်တိုင်မဲပေးခဲ့သူရဲ့ သုံးသပ် အကြံပြုချက်တွေကို စုစည်းတင်ပြပေးထားပါတယ်။
ဂျပန်နိုင်ငံမှာ COVID-19 စည်းကမ်းချက်တွေနဲ့အညီ ဂျပန်ရောက် မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် ကြိုတင်မဲ စပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာတွေကို ကုသမှုပေးမယ့် ဆေးရုံတွေ ထပ်ပြီးတိုးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ချိန်မှာပဲ အရေးပေါ်လူနာတွေ ဆေးရုံပို့ဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ ဖျားနာကုဆေးခန်းတာဝန်ခံ ဆရာဝန်တဦးက ပြောလိုက်ပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသား ထောင်သောင်းချီပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်မဲတွေကို နိုင်ငံအသီးသီးက ကြိုတင်မဲရုံတွေမှာ သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေရဲ့ COVID စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စတင်မဲပေးနေကြတဲ့ အကြောင်း စုစည်းတင်ပြချင်ပါတယ်။
မြန်မာနိုင်ငံတဝန်းလုံး ကူးစက်မြန် COVID 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုပေါင်းက စက်တင်ဘာ၂၈ ရက်နေ့ ည နောက်ဆုံး ထုတ်ပြန်ထားချက်အရ နောက်ထပ် ကိုးရာနီးပါး ပိုးတွေရှိတဲ့ လူနာအသစ်တွေ တိုးလာလို့ အခုဆိုရင် စုစုပေါင်း ပိုးတွေ့ရှိသူက ၁၁,၆၀၀ ကျော်သွားပြီဖြစ်ပြီး COVID ကြောင့်သေဆုံးမှုက ၂၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
ကိုဗစ်၁၉ ကပ်ရောဂါကာလ အစိုးရထုတ်ပြန် ကန့်သတ်ချက်တွေထဲ သတင်းသမားတွေ သတင်းရယူခွင့် ကင်းလွတ်ခွင့်ပေးဖို့ သတင်းမီဒီယာလွတ်လပ်ခွင့် လှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာသတင်းသမားတွေတောင်းဆိုလိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်းကို အခမဲ့ဖျားနာကုဆေးခန်းတွေကို လာပြသူတွေထဲ အနံ့ပျောက်သူတွေ အရမ်းများလာပြီး ဒီအထဲကမှ ပိုးတွေ့ရှိသူတွေလည်း များပြားလာတဲ့အတွက် Isolation Center တွေထားပြီး စောင့်ရှောက်စစ်ဆေးမှုတွေ လုပ်လာရတာလို့ အခမဲ့ဖျားနာကုဆေးခန်း တာဝန်ခံဒေါက်တာကျော်မင်းထွန်းက လက်ရှိအခြေအနေပြောပြပါတယ်။
လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးအတွင်း အလုပ်ပြုတ်ကုန်ကြသူတွေ တောင်လိုပုံလာနေတဲ့အရေးကို ဖြေရှင်းတဲ့အနေနဲ့ အစိုးရက ဒီအလုပ်အကိုင်ပြပွဲကနေ လူ ၁ သန်းကျော်ကို အလုပ်ပေးနိုင်မယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံတွင်း ရာနဲ့ချီတဲ့ ရဟန်းသံဃာတော်တွေမှာ COVID-19 ရောဂါပိုး တွေ့ရှိလာနေတဲ့အတွက် သံဃာတော်တွေ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်တွေမှာ ဒီကူးစက်မြန်ကပ်ရောဂါ ဆက်မပြန့်ပွားရအောင် သာသနာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
ကိုဗစ် ၁၉ ကာလ စင်ကာပူရဲ့ ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ထောင်ချီတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ရေး ပြင်ဆင်နေကြတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
ကပ်ရောဂါကာလ ပြည်သူတွေနေအိမ်တွေထဲမှာပဲနေဖို့ ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်ထဲ ပြည်သူကြား သတင်းစီးဆင်းမှုမြန်ဆန်နိုင်ရေး အရေးပါတဲ့အခန်းကဏ္ဍကပါဝင်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို အပြင်ထွက်အလု ပ်လုပ်ကိုင်ခွင့် တရားဝင်ထည့်သွင်းပေးဖို့ အတိုင်ပင်ခံ နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သတင်းမီဒီယာကောင်စီ က တောင်းဆိုပါတယ်။
ကပ်ရောဂါကာလ ပြည်သူတွေ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ အခမဲ့ ဖျားနာကုဆေးခန်းတွေမှာစေတနာ့ဝန်ထမ်းဆရာဝန် အင်အားထပ်ဖြည့်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်သူ ၅,၀၀၀ ကျော်အထိ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးပညာရှင်တွေပါ ပိုးကူးစက်မခံရအောင် ဆောင်ရွက်နေရသလို ပိုးတွေ့ရှိသူတွေ အပါအဝင် ဆက်စပ်ထိတွေ့သူတွေကို နေရာသစ်တွေ တိုးချဲ့ပြီး သီးခြားကန့်သတ်ထားရှိ ကုသပေးနေရပါတယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်သူတွေကို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာပါ ကုသမှုပေးရေး မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်တွေ ကြိုတင်မဲ ဆန္ဒမဲပေးရမယ့် ရက်တွေကို ပြည်ပနိုင်ငံ အခြေစိုက်မြန်မာသံရုံးတွေက စတင်ကြေညာနေပြီဖြစ်လို့ ပြည်ပမဲဆန္ဒရှင်တွေ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်နေကြပါတယ်။
မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုး လူရာနဲ့ချီ တွေ့ရှိလာချိန် ကူးစက်မှုကာကွယ်နိုင်ရေး အသွားအလာကန့်သတ်မှု အမိန့်စည်းမျဉ်းတွေကြား နေ့စဉ်လူနေမှု ဘဝစားဝတ်နေရေး အခက်တွေ့လာကြတဲ့ တိုင်းရင်းဒေသက လူထုရဲ့အခက်အခဲနဲ့ လူမှုအဖွဲ့တွေ လိုက်လံကူညီပေးနေကြတဲ့ အကြောင်း စုစည်းတင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်