ရိုဟင်ဂျာဒုက္ခသည်တွေထဲ အခုရက်ပိုင်း ကမ့်တွေထဲမှာ နာမကျန်းဖျားနာသူတွေ များလာနေတာကြောင့် ဒုက္ခသည်တွေ အတော်လေး စိုးရိမ်နေကြတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းက စေတနာ့ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာပြီး ကူးစက်သူဦးရေ ၃,၀၀၀ နီးပါး ရှိလာချိန်မှာ ပြည်သူလူထုအနေနဲ့ ပိုးကူးစက်ခြင်း မခံရအောင် အထူးသတိထား နေထိုင်ကြဖို့နဲ့ ပိုးကူးစက်ခံရသူနဲ့ မိသားစုတွေအပေါ်မှာလည်း ဝိုင်းဝန်းပြီးတော့ စိတ်ခွန်အားပေးကြဖို့ ဆေးပညာရှင်တွေက မေတ္တာရပ်ခံလိုက်ပါတယ်။
ရခိုင်မှာ လက်နက်ကြီးကျည်ကျလို့ လူမမည်ကလေးငယ်တွေပါ အသက်အန္တရာယ် စိုးရိမ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက တောင်းဆိုနေကြပါတယ်။
အမေရိကန်အနောက်ခြမ်းဘက်က တောမီးလောင်ကျွမ်းမှုတွေကြောင့် အမေရိကန်မြန်မာတချို့ တောမီးဘေးဒဏ် ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ မီးဘေးအန္တရာယ်ကြိုပြင်ဆင်နေကြပါတယ်။
ရန်ကုန်တိုင်းတွင်းမှာ ကိုဗစ် ၁၉ ကူးစက်မှုနှုန်း မြင့်တက်လာတာနဲ့အမျှ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကာကွယ်ဖို့ဆိုပြီး ရပ်ကွက်တွေအတွင်းက လမ်းတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အသွားအလာ ကန့်သတ်ပိတ်ဆို့ ကာရံတာတွေ လုပ်နေကြတာကြောင့် ကြုံရတဲ့အခက်အခဲ အမြင်သဘောထားတွေကို တင်ပြပေးပါမယ်။
ကိုဗစ်ရောဂါပိုး ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာနေတဲ့ ရန်ကုန်တိုင်းတွင်းက မြို့နယ်အတော်များများမှာ ရောဂါပိုးတွေ့ထားသူတွေနဲ့ ထိစပ်မှုရှိမရှိ ခြေရာကောက် စစ်ဆေးမှုတွေနဲ့ ကျန်းမာရေးဆေးစစ်မှုတွေ ဒီကနေ့လိုက်လံ လုပ်ဆောင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhashan Char ကျွန်းပေါ် ရောက်နှင့်ပြီးသား ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ နေထိုင်ရေး အခက်အခဲရှိပြီး ကျွန်းပေါ်မှာ မနေလိုကြဘူးလို့ အဲဒီကျွန်းကို ကိုယ်တိုင်သွားရောက်လေ့လာခွင့်ရခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ပြောင်းရွှေ့ပို့ဖို့ ဘင်္ဂလားဒေ့ရ်ှအစိုးရက စီစဉ်ထားတဲ့ Bhashan Char ကျွန်းဆီကို ရိုဟင်ဂျာခေါင်းဆောင်တွေ သွားရောက်လေ့လာကြပါတယ်။
ကပ်ရောဂါ COVID-19 ပြည်တွင်းကူးစက်မှု တိုင်းနဲ့ပြည်နယ် တော်တော်များများမှာပါ ကူးစက်ပျံ့နှံ့တာတွေ ပိုများလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ အထူးသတိထား ကြိုတင်ကာကွယ်ကြဖို့ ဆေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လာတော့မယ့် သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ရေး ဂျပန်ရောက်မြန်မာတွေ ကြိုတင်ပြင်ဆင်နေကြတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။
ရခိုင်ပြည်နယ်က တိမ်းရှောင်လာတဲ့ ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ ကျော်မှာ တယ်လီဖုန်းလိုင်းနဲ့ ဆက်သွယ်အသုံးပြုနိုင်တဲ့ အင်တာနက် 3G 4G ဆက်သွယ်မှုကို ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ် သြဂုတ်လကုန်ပိုင်း ကနေစလို့ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
ကပ်ရောဂါ ကိုဗစ် ၁၉ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုဖြစ်ပွားနေချိန် အချိန်နဲ့တပြေးညီ သတင်း အချက်အလက်တွေ နားစွင့်နိုင်ဖို့ ရေဒီယိုအသံဖမ်းစက်တွေ- ဒုက္ခသည်စခန်းတွေဆီ ရခိုင်ကူညီရေးအဖွဲ့တွေက အရောက်ပေးပို့နေကြတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ပြည်တွင်းကူးစက်မှု ရခိုင်မှာ စိုးရိမ်စရာ အခြေအနေ ရှိလာချိန်မှာပဲ ရန်ကုန်မှာလည်း ကူးစက်မှုတွေ ပိုတိုးလာတဲ့အတွက် လူထုအနေနဲ့ မဖြစ်မနေ လိုက်နာ ကာကွယ်သင့်တဲ့ ဆရာဝန် ဆေးပညာရှင်တွေရဲ့ ကျန်းမာရေး ပညာပေး အကြံပေးချက်တွေကို စုစည်းတင်ပြပေးထားပါတယ်။
COVID-19 ကပ်ရောဂါ ဒုက္ခသည်စခန်းတွေထဲ မဖြစ်ပွားရအောင် ကြိုတင် ကာကွယ်ဆောင်ရွက်နေတဲ့အခြေအနေနဲ့ ဒုက္ခသည်တွေထဲ ပိုးကူးစက်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတဲ့အကြောင်း စုစည်းတင်ပြပေးချင်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားကြရတာ သုံးနှစ်ပြည့်ချိန် သူတို့ နေရပ်ပြန်ရေး- ရှေ့အနာဂတ်နဲ့သူတို့အတွက် တရားမျှတမှု မျှော်လင့်ချက် အခြေအနေ အလားအလာတွေ ဘယ်လိုရှိပါသလဲ။
COVID-19 ရောဂါ ကူးစက်မှုတွေ ဒီရက်ပိုင်း တိုးလာနေတဲ့ ရခိုင်ပြည်နယ်ကို အရေးပေါ် ဆေးကုသ စမ်းသပ်စစ်ဆေးတဲ့ စက်တွေနဲ့အတူ အထူးကုဆရာဝန်ကြီးတွေ၊ ဆရာဝန်၊ သူနာပြုဆရာ ဆရာမတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေ ဒီကနေ့ ရောက်ရှိသွားကြပြီ ဖြစ်ပါတယ်။
စစ်တွေမြို့မှာ ပြည်ပအသွားအလာမရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ် လူထုကြား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အထူးမြန်ဆန်လျက်ရှိပြီး စနေနေ့မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ၅ ရက်အတွင်း ဓာတ်ခွဲအတည်ပြုလူနာ ၄၅ ဦးအထိ တွေ့ရှိခဲ့လို့ အမြန်ဆုံးထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ပြည်တွင်းကူးစက်မှုနှုန်း အစုလိုက်အပြုံလိုက်တကျော့ပြန်ဖြစ်လာတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးမခံရအောင် ပြည်သူလူထု အထူးသတိထားကာကွယ်ကြဖို့ ဆေးပညာရှင်တွေက သတိပေးအကြံပြုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိသလို တရားမျှတမှုမရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီ အဆင့်မြင့် ခေါင်းဆောင်တွေက ဒီကနေ့ နေပြည်တော် ပါတီဌာနချုပ်က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်လိုက်ကြတာပါ။
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် ဖြစ်လာတဲ့အတွက် ဆိုးလ်မြို့တော်အပါအဝင် နေရာတော်တော်များများမှာ ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်လို့ မြန်မာနိုင်ငံသားတွေလည်း အထူးသတိထားနေကြရတဲ့ အကြောင်း ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်