မြန်မာ စစ်တပ်က ကိုယ့်လူထုကို အကြမ်းဖက် သတ်ဖြတ်နေတာတွေ ရပ်တန့်ရေး နိုင်ငံတကာက ထိထိရောက် မဟန့်တားဘူးဆိုရင် ဆီးရီးယားနိုင်ငံမှာကြုံတွေ့ရတဲ့ ဘေးဒုက္ခအန္တရာယ်မျိုး၊ လူတွေ သန်းနဲ့ချီဘေးဒုက္ခ ရောက်ရတဲ့ အမှားတွေ ထပ်ကြုံရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က သတိပေးပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့မြို့နယ်တွေမှာ စစ်ခုံရုံးတင် တရားစွဲခံရသူတွေကို ဖိအားပေး ဝန်ခံခိုင်းတာတွေ ရှိနေသလို ဥပဒေကြောင်းအရ ခုခံချေပခွင့်မရတာတွေမျိုးတွေ ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောကြားလိုက်ပါတယ်။
အင်တာနက် ဆက်သွယ်မှုတွေကို ပိတ်ပင်သလို သတင်းစီးဆင်းမှုကိုလည်း ကန့်သတ်ချုပ်ချယ်နေတဲ့ မြန်မာစစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာလူငယ်တချို့က မြေအောက်သတင်းလွှာတွေကို ထုတ်ဝေနေပါတယ်။ လူထုအကြား စတင်ဖြန့်ဖြူးပေးနေတဲ့ Molotov သတင်းလွှာအကြောင်း AFP သတင်းဆောင်းပါးတပုဒ်ကို မစုမွန်ပြောပြပါလိမ့်မယ်။
မြန်မာ့နှစ်သစ်ကူး သြင်္ကန်ပွဲတော်ကာလမှာ ပျော်ပွဲရွှင်ပွဲတွေအစား ဒီနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လုပ်သွားကြဖို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ဆော်သြတိုက်တွန်းနေကြပါတယ်။
VOA အပါအဝင် နိုင်ငံတကာသတင်းဌာနတွေနဲ့ အသံလွှင့်ဌာနတွေက ထုတ်လွှင့်နေတဲ့ သတင်းတွေ အစီအစဉ်တွေကို ဖမ်းယူကြည့်နိုင်တဲ့ PSI ဂြိုလ်တုစလောင်းတွေကို ရန်ကုန်မြို့အပါအဝင် မြို့တော်တော်များများမှာ အာဏာပိုင်တွေ လိုက်ပြီးဖြုတ်သိမ်းနေပါတယ်။
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်သူတွေဟာ ဒီကနေ့မှာတော့ ခြေလှမ်းတိုင်းမှာ ပန်းတွေပွင့်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ Marching Shoes Strike လှုပ်ရှားမှုကို လူငယ်တွေကဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်က ပြောပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အသက်ကြီးကြီး အာရှနွယ်ဖွား အမျိုးသမီးတယောက် မကြာသေးခင်က လမ်းမှာ အတိုက်ခိုက်ခံရတာကြောင့် အာရှနွယ်ဖွား အမေရိကန်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့ သတင်းတွေကို အများက အာရုံစိုက်လာပါတယ်။ Karina Bafradzhian ရဲ့ သတင်းလွှာကို မဆုမွန် ပြောပြပါလိမ့်မယ်။
ရန်ကုန်မြို့မှာ CDM လှုပ်ရှားမှုပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို ဒီကနေ့ နေ့ချင်းပြီး အိမ်ပေါ်က ဆင်းခိုင်းခဲ့ပါတယ်။ နေရာတချို့မှာလည်း အခြေအနေအတိအကျ မသိရတဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဒီကြားထဲမှာပဲ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေဆဲပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်က ပြောပြထားပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူတွေဟာ ဒီကနေ့မှာတော့ လမ်းမတွေပေါ်မှာ ဆေးသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသူတွေကို ရည်စူးပြီး သွေးမတိတ် ဆေးသပိတ်ကို ပြုလုပ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို အာဏာပိုင်တွေဘက်ကနေ ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေနဲ့ ဖြိုခွင်းတာတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆန္ဒပြမှုတွေကို ရန်ကုန်မြို့မှာ ဒီနေ့လည်း ပုံစံသစ်တွေနဲ့ လုပ်ကြပါတယ်။ မြန်မာနှစ်ကူး သင်္ကေတတခုဖြစ်တဲ့ ပိတောက်ပန်းတွေနဲ့ သပိတ်မှောက် ဆန္ဒဖော်ထုတ်ကြတာ ရှိသလို၊ တရုတ်နိုင်ငံအလံတွေကို မီးရှို့ပြီး ဆန္ဒပြကြသူတွေလည်း ရှိပါတယ်။
အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က နှိမ်နှင်းနေတာကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင် ရာနဲ့ချီတဲ့ အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ မဲဆောက်ကနေ Steve Sandford သတင်းပေးပို့ထားတာကို မဆုမွန်ပြောပြပါ့မယ်။
NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးခဲ့ပြီး CRPH ခေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ထုတ်ပြန်တာကို ထောက်ခံကြိုဆိုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ရန်ကုန်မြို့က နွေဦးတော်လှန်ရေး ဆန္ဒပြသပိတ်တွေ အချိန်ကာလ ၂ လကျော်လာချိန်အထိ အားကောင်းနေဆဲပါ။ အာဏာရှင်စနစ် ကျဆုံးရေးအတွက် ရတဲ့နည်းနဲ့ ဆန့်ကျင်နေကြတဲ့ ရန်ကုန်ကလာတဲ့ သပိတ်အခြေအနေတွေကို မဆုမွန်က ပြောပြပါမယ်။
ဧပြီ ၁ ရက်ကနေ ၃ဝ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ စစ်တပ်က ထုတ်ပြန်ထားချိန်မှာပဲ ကချင်ပြည်နယ်၊ ကားမိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးပေါ် နေရာ နှစ်နေရာမှာ ဒီနေ့ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြထားပါတယ်။
ပင်လယ်ထဲကကျွန်း ဘာဆာချာဆီကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေ လေးထောင်ကျော် ခြောက်ကြိမ်မြောက် ထပ်ပို့ဆောင်လိုက်ပါပြီ ။ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကလေးငယ်တဦးအပါအဝင် ဒေသခံပြည်သူတချို့သေဆုံးခဲ့ရသလို ကရင်ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒီအကြောင်း နောက်ဆုံးအခြေအနေကို ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ထူးထူးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်ကအာဏာသိမ်းထားတာ ဒီနေ့ ၅၈ ရက်ရှိနေပြီဖြစ်သလို ဒီအပေါ် ကန့်ကွက်ဆန္ဒပြနေသူတွေကလည်း ဇွဲမလေ ျှာ့ ဆက်ပြနေကြပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ်စစ်တပ်နဲ့ရဲဘက်က လက်နက်ကိုင်အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ဒီကနေ့မှာလည်း ရန်ကုန်မြို့မှာ သေဆုံးသူတွေ ပြင်းထန်တဲ့ ဒဏ်ရာရသူတွေ ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သတင်းထောက်တွေကို ဆက်လက် ဖမ်းဆီးဖိနှိပ်နေတာမှာ ဒီနေ့ပဲ မြစ်ကြီးနားမြို့က အေးစေတီသပိတ်အကြောင်း သတင်းရယူနေတဲ့ Kachin Waves သတင်းနဲ့ The 74 သတင်းဌာနတွေတို့က သတင်းထောက် နှစ် ယောက်ဖမ်းခံခဲ့ရတယ်လို့ Kachin Waves သတင်းဌာနက အတည်ပြုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်