ရန်ကုန်က ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တချို့ ဒီကနေ့ ထောင်တွင်း ယာယီတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့သလို နယ်သတင်းထောက်တချို့လည်း ဒီကနေ့ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၂ လနီးပါး ရှိလာပြီဖြစ်ပေမဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တာတွေကို ပြည်သူအများစုက ပုံစံမျိုးစုံနဲ့ ပါဝင် ပြုလုပ်နေကြတာပါ။
ရန်ကုန် နေရာအနှံ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆန္ဒပြသူ အယောက် ၆၀၀ ဝန်းကျင်လောက်ဒီနေ့ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာပါတယ်။ ဆက်လက် ထိန်းသိမ်းခံထားရသူတွေလည်း အများအပြား ရှိနေဆဲပါ
စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ကြားကပဲ၊ ရန်ကုန်တိုင်းအတွင်း တိုင်းလုံးကျွတ်အသံတိတ်သပိတ်စတင်ဖို့ ဒီနေ့ စည်းရုံးဟောပြောကြသလို၊ အရုဏ်ဦးသပိတ်၊ ရွေ့လျားသပိတ်၊ လမ်းလျှောက်သပိတ် ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။
ရိုဟင်ဂျာမူဆလင်ဒုက္ခသည် သိန်းချီခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းမှာ ဒီကနေ့နေ့လယ်ပိုင်းက စလို့ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်နေပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ရှောင်ရှားနိုင်ဖို့ အာရုဏ်ဦးသပိတ်တွေကို ပုဇွန်တောင်၊ ကမာရွတ်နဲ့ နေရာတချို့မှာ ပြုလုပ်ခဲ့ပါတယ်။ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ တာမွေနဲ့ လှိုင်သာယာမြို့နယ်၊ လှိုင်မြို့နယ်တွေမှာ ပျောက်ကြားသပိတ်တွေ လုပ်ခဲ့ကြပါတယ်။
နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူတွေ ရာချီရှိနေပေမဲ့ ဆန္ဒပြသူတွေကတော့ ပုံမှန်အတိုင်း ဆက်လက် ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
ရန်ကုန် တာမွေမြို့နယ်မှာ မတ်လ ၃ ရက်နေ့က ဆန္ဒပြမှုကို စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်နှိမ်နင်းရာမှာ ကျောင်းသားလူငယ် ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တချို့ပြန်လွတ်လာပေမဲ့ ဗကသများအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၂၀၀ ကျော် ဆက်ပြီး ဖမ်းဆီးခံထားရပါတယ်
စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ပစ်ခတ်တာတွေကြောင့် လှိုင်သာယာမြို့နယ်တွင်းမှာ နယ်မြေစွန့်ခွာ ထွက်ပြေးရသူတွေ တိုးလာနေပါတယ်။ ဆေးရုံအနီးနား တပ်စွဲထားတာတွေကြောင့်လည်း အရေးပေါ်လူနာတွေကလွဲလို့ လူနာတချို့ကို ရက်မပြည့်ဘဲ အိမ်ပြန်လွှတ်ရတဲ့ အခြေအနေမှာ ရှိနေတာပါ။
နိုင်ငံတစ်ဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် အင်အားသုံး ဖြိုခွဲနေပေမယ့် ဆန္ဒပြသူတွေကတော့ ဆက်လက်ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေငြာထားခံရတဲ့ လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဆန္ဒဖော်ထုတ်မှုတွေကို အရှိန်မြင့်ဖြိုခွဲမှုတွေ ရှိနေသလို နေ့ည ပစ်ခတ်မှုတွေ ရှိနေတာကြောင့်ဘယ်အချိန် သေနတ်မှန်မလဲဆိုတာ ကြောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းလို့ နေ့စဉ်ထိခိုက်သေဆုံးမှုတွေတိုးလာပေမဲ့ ဆန္ဒပြမှုတွေကတော့ ဆက်ပြီးရှိနေဆဲပါ။ ဒီကနေ့မှာတော့ ရန်ကုန်တိုင်းအတွင်း ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် တဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေလည်း ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးချိန်က စလို့ ဒီကနေ့အထိ လူပေါင်း ၂၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး ဆန္ဒပြအကြမ်းဖက်ဖြိုခွဲမှုကြောင့် အသက်ဆုံးသွားသူပေါင်း ၁၃၀ ကျော်အထိ ရှိသွားပြီလို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က ပြောပါတယ်။
အာဏာရှင်စနစ် ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က ပစ်ခတ်အကြမ်းဖက်တာတွေရှိပေမဲ့ ဒီကနေ့မှာ ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက် ပြုလုပ်နေကြဆဲပါ။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ နိုင်ငံတဝန်း ဒီကနေ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ကျည်အစစ်ပါသုံးပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံး ၁၁ ဦးထက်မနည်း ရှိပါတယ်။
ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးက တပ်မတော် စစ်စခန်းနဲ့ ရဲစခန်းကို ဒီကနေ့ မနက်အစောပိုင်းက KIA ကချင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒါဟာ ဗဟိုညွှန်ကြားချက်နဲ့ တိုက်တာမဟုတ်ကြောင်း KIA က ငြင်းဆိုထားတဲ့သတင်းကို ပြောပြပါမယ်။
ရက်ပေါင်း ၄၀ နား ကပ်လာနေပြီဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံတဝန်း အရှိန်ကောင်းနေဆဲပါ။ စစ်အုပ်ချုပ်ရေးကာင်စီရဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှု တွေကလည်း နေရာအနှံ့မှာ ပိုပြင်းထန်လာတာတွေ ရှိနေပါတယ်။
မင်္ဂလာတောင်ညွှန့် မြို့နယ်က မလွှကုန်းမီးရထားဝန်းကို ရဲနဲ့ စစ်တပ်အင်အား ၁,၅၀၀ ဝန်းကျင်လောက် ဒီကနေ့ မနက်အစောပိုင်းမှာ ထွက်ပေါက်တွေကို ပိတ်ဆို့ထားပါတယ်။ အဲဒီနောက်မှာပဲ ဝင်းထဲက မီးရထားဝန်ထမ်း မိသားစုတွေကို ဝန်ထမ်းအိမ်ယာတွေကနေ ဆင်းခိုင်းပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းတဲ့ရက် ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း မင်းသွေးသစ် တလကျော်ကြာမှ အင်းစိန်သီးသန့်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတာသိရလို့ ဒီကနေ့မှာတော့ ပထမဆုံးအကြိမ် မိသားစုက အရေးကြီး လိုအပ်တဲ့ဆေးဝါးအပါအဝင် ထောင်ဝင်စာပေးခွင့်ရပါတယ်။
ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ မန္တလေးက အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့လာတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လမ်းဘေးမှာ ရပ်ကြည့်နေသူလူငယ်တစ်ဦး လည်ပင်းကျည်ဆံထိမှန်ပြီး သေဆုံးသွားပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်