အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေကြား လူတန်းစားအလွှာစုံအသီးသီး အခက်ကြုံနေရချိန်မှာ အာဏာသိမ်းကာလ ရက်ပေါင်း ၁၀၀ ရှိလာချိန်မှာတော့ အလယ်လတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေမှာ ပိုပြီးအထိနာလာပါတယ်။
စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀ ပြည့်တဲ့ဒီနေ့မှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အရင်ရက်တွေကထက် ပိုတိုးလာပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ပါဝင်သူတွေ အရင်ရက်တွေကနည်း ပိုများခဲ့ပေမဲ့ အဖမ်းအဆီး မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေထဲက တချို့နေရာတွေမှာ ဒီနေ့ လူအင်အားဟာ အရင်ရက်တွေထက် နည်းနည်း ပိုလာတာတေ့ွရပါတယ်။ ဖားကန့်မြို့မှာ မှော်ပေါင်းစုံသပိတ်၊ ထားဝယ်မြို့မှာ အဖြူရောင်အကျီ ၤဝတ်ဆင်လှုပ်ရှားမှု၊ မုံရွာမြို့မှာ ထီးသပိတ်စသဖြင့် လှုပ်ရှားကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ စိုးရိမ်ကြတဲ့ ပြည်သူတွေဟာ အစိုးရဘဏ်တွေရော ပုဂ္ဂလိက ဘဏ်တွေမှာပါ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူနေကြပါတယ်
မနေ့ညက ဗဟန်းမြို့နယ်ထဲမှာ ပေါက်ကွဲမှုတခုကတော့ လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး အဲဒီပေါက်ကွဲမှုကြောင့် MMA သိုင်းပေါင်းစုံကစားသမား ဖိုးသော်နဲ့ လူငယ် ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး သုံးလကျော်ကြာတဲ့အထိ စစ်ကောင်စီတပ်တွေက ပြည်သူအပေါ် ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားနေပေမဲ့ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေကတော့ ရပ်မသွားသေးပါဘူး။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းအလုပ်လက်မဲ့ဦးရေ ပေါများတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရချိန် အခြေခံစားကုန် ကုန်ပစ္စည်းတချို့ဈေးနှုန်းတက်လာတာမို့ စားဝတ်နေရေးကျပ်တည်းတဲ့ ပြဿနာတွေနဲ့ပါ ပြည်သူအများစု ရင်ဆိုင်နေကြရပါတယ်။
စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ကြောင်း ရတဲ့နည်းနဲ့ ရှိတဲ့အင်အားသုံးပြီး လူငယ်တွေ ဒီနေ့လည်း ဆန္ဒပြကြပါတယ်။ ရန်ကုန်မြို့ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်က လူငယ်တွေ စုပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဒီကနေ့ မနက်ပိုင်းမှာ ဗဟိုလမ်းမပေါ်စုဝေးပြီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လကျော်ပြီဖြစ်ပေမဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်တွေအပေါ် ဇွဲမလျော့ ဆက်လက် ဆန့်ကျင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် တင်ပြပါမယ်။
စစ်အာဏာသိမ်းတာ ရက်ပေါင်း ၈၀ ကျော် ကြာလာချိန်အထိ အကြမ်းဖက်ဖိနှိပ်ခံရမှုတွေ အမျိုးမျိုးကြား ပြည်သူတွေဟာ အာဏာရှင်စနစ်ကို ရရာနည်းနဲ့ ဆန့်ကျင်နေကြတုန်းပါ။
စစ်တပ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်ကြတဲ့ လ ျှပ်တပြက် ဆန္ဒပြမှုတွေ ဒီနေ့လည်း ရန်ကုန်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အလားတူ မန္တလေး၊ ကလေးစတဲ့ တခြားမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ ကယားပြည်နယ် ဒီမောဆိုမြို့မှာတော့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပါတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံ အာဆီယံခေါင်းဆောင်တွေ တေ့ွဆုံဆွေးနွေးပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ဆန္ဒပြသူတွေက ပြောလိုက်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့ သဘောထားအမြင်နဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် ကတင်ပြပါမယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြမှုတွေ နိုင်ငံတဝန်းမှာ နည်းမျိုးစုံနဲ့ ဆက်လုပ်နေကြပါတယ်။ရန်ကုန်မြို့မှာ လူအများအပြား လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး မရှိတော့ပေမယ့် လူငယ်တွေဦးဆောင်ပြီး အွန်လိုင်းပေါ်မှာ ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကပြောပြပါမယ်။
မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အပြာရောင် အင်္ကျီဝတ်လှုပ်ရှားမှု Blue Shirt Campaign ကို ဒီကနေ့ဆင်နွှဲကြပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီဦးဝင်းတင် ဂုဏ်ပြုတဲ့အနေနဲ လှုပ်ရှားမှုလို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန် ပြောပြပါလိမ့်မယ်။
ရန်ကုန်မြို့မှာ အခုရက်ပိုင်း ပေါက်ကွဲမှု အသေးစားတွေဖြစ်နေတာမှာ ဒီနေ့ ဗဟန်းမြို့နယ်ထဲ ပေါက်ကွဲစေတဲ့ပစ္စည်း တွေ့တာကြောင့် လုံခြုံရေးအာဏာပိုင်တွေက ထိန်းချုပ်ဖောက်ခွဲခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ မသင်္ကာသူ လူငယ်တချို့ ဖမ်းဆီးခံရပါတယ်။
ရန်ကုန်မြို့က မြို့နယ်တွေမှာ လမ်းပေါ်သွားလာနေတဲ့ ယာဉ်တွေကို တားဆီးစစ်ဆေးတာ၊ ညဖက် အိမ်တွေထဲ ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေကို တပ်တွေက အခုရက်ပိုင်း ပိုလုပ်လာပါတယ်။ ဒီအခြေအနေကြားမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန် ကပြောပြပါမယ်။
ဒီနေ့ကျရောက်တဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အကြတ်နေ့မှာလည်း ရန်ကုန်အပါအဝင် မြို့အများစုမှာ ရေပက်ကစားတာ၊ သင်္ကြန်ပွဲဆင်နွဲတာတွေ မရှိပါဘူး။ ပြည်သူအများကတော့ သင်္ကြန်ပွဲအစား စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သပိတ်မှောက် သင်္ကြန်ပွဲတွေကို အသီးသီးလုပ်နေကြပါတယ်။ ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြထားပါတယ်။
ဒီနေ့ကျရောက်တဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အကြတ်နေ့မှာလည်း ရန်ကုန်အပါအဝင် မြို့အများစုမှာ ရေပက်ကစားတာ၊ သင်္ကြန်ပွဲဆင်နွဲတာတွေ မရှိပါဘူး။ ပြည်သူအများကတော့ သင်္ကြန်ပွဲအစား စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သပိတ်မှောက် သင်္ကြန်ပွဲတွေကို အသီးသီးလုပ်နေကြပါတယ်။ သင်္ကြန်အကြတ်နေ့အကြောင်း မဆုမွန်က ပြောပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ကိုယ့်လူထုကို အကြမ်းဖက် သတ်ဖြတ်နေတာတွေ ရပ်တန့်ရေး နိုင်ငံတကာက ထိထိရောက် မဟန့်တားဘူးဆိုရင် ဆီးရီးယားနိုင်ငံမှာ ကြုံတွေ့ရတဲ့ ဘေးဒုက္ခအန္တရာယ်မျိုး လူတွေသန်းနဲ့ချီဘေးဒုက္ခရောက်ရတဲ့ အမှားတွေထပ်ကြုံရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet ကသတိပေးပါတယ်။
ဒီနေ့ဟာ သင်္ကြန်အကျနေ့ဖြစ်ပေမယ့် သင်္ကြန်အငွေ့အသက်တွေ ပျောက်ကင်းနေပြီး ထူးခြားငြိမ်သက်တဲ့ သင်္ကြန်ဒုတိယနေ့ ဖြစ်နေပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြလူထုဟာ သွေးမတိတ်သပိတ်ကို ဆင်နွှဲနေကြပြီး အာဏာရှင်ကို တော်လှန်နေကြတာပါ။ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်