ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူတွေ များလာလို့ ကိုဗစ်တတိယလှိုင်း စနေပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူတယောက် ကိုဗစ်ကပ်ရောဂါ နောက်တကြိမ်ဖြစ်ပွားခဲ့
နေ့စဉ်ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာ ၁၀၀ ကျော်ထိ ပြန်တက်လာနေတဲ့ မြန်မာနိုင်ငံမှာ သီးခြားခွဲထားတဲ့ ကွာရန်တင်းစင်တာ ၃၇ ခု ထားရှိဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက မြို့ ၆ မြို့ဆီ လေကြောင်းခရီးစဉ်ပျံသန်းခွင့် ယာယီပိတ်ထားပါတယ်။ အဲဒီထဲမှာပါဝင်တဲ့ ကလေးမြို့မှာဆိုရင် ဒီနေ့တရက်တည်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးအထိရှိခဲ့
ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဒီနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ မနေ့ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တိုက်ခိုက်ခံရလို့ ရဲတပ်ကြပ်ကြီးတဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒီနေ့ဆန္ဒပြကြတဲ့ထဲက ရန်ကုန်မြို့နဲ့ မန္တလေးမှာ ဆန္ဒပြသူတချို့ ဖမ်းဆီးခံရပါတယ်။ ရန်ကုန်မှာ ၄ ယောက် မန္တလေးမှာ ၃ ယောက် အဖမ်းခံရတာပါ။ တခါ ရန်ကုန်မြို့ တာမွေမြို့နယ်က အုပ်ချုပ်ရေးမှုးတယောက် သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေက တောင်တန်းပြည်မ ညီညွတ်ကြသည်ဆိုတဲ့ ခေါင်းစီးစာတန်းတွေနဲ့ ရန်ကုန်အပြင် မုံရွာ၊ မန္တလေး၊ ထားဝယ် စတဲ့မြို့တွေမှာ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေရာမှာ စစ်ကောင်စီလက်ထက် ပြန်ဖွင့်တဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေရော၊ ဆရာတွေပါ ကျောင်းမတတ်ကြဖို့ တိုက်တွန်း တောင်းဆိုဆန္ဒပြနေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဒီနေ့ ၄ လပြည့်သွားပါပြီ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့အထိ ဆက်ရှိနေပါတယ်။ ဒီနေ့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တာကြောင့် ဆန္ဒပြသူတွေကတော့ စစ်အာဏာရှင် လက်အောက်မှာ ကျောင်းမတက်ကြဖို့ နှိုးဆော်ဆန္ဒပြမှုတွေနဲ့ ဟောပြောမှုတွေ လုပ်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေက နိုင်ငံတဝန်းမှာ ဆက်ရှိနေပါတယ်။ ရန်ကုန်မှာတော့ လုံခြုံရေးအခြေအနေကြောင့် ဆန္ဒပြစစ်ကြောင်းကြီးတွေ မထွက်နိုင်ကြပေမဲ့ လမ်းပေါ်မှာစာရွက်တွေ ဖြန့်ကြဲဆန္ဒပြတဲ့ Paper Strike လှုပ်ရှားမှုအပါအဝင် ရနဲ့နည်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ဒီကနေ့ လူတယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားပါတယ်။ ရန်ကုန်မြို့ နေရာတချို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သေနတ်နဲ့ပစ်သတ်ခံရပါတယ်။ ဒီအခြေအနေအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။
မူဆယ်မြို့မှာ စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံနေတဲ့ အသက်မပြည့်သူတစ်ဦးနဲ့ မိန်းကလေး လေးဦးကို ဖမ်းဆီးခေါ်သွားပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီက အကြမ်းဖက် နှိပ်ကွပ်နေပေမယ့် ရန်ကုန်မြို့အပါအဝင် တခြားဒေသတွေမှာ ဆန္ဒပြပွဲဆက်ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် က ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ဟာ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပတဲ့ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ညောင်ရေသွန်းပွဲတော် ကျင်းပတဲ့နေ့မှာ ဆန္ဒပြသူတွေက ညောင်ရေသွန်းပြီး စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေလုပ်ခဲ့ကြပါတယ်။ ညောင်ရေအိုးသပိတ်အကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်တဲ ဆန္ဒပြပွဲတွေ ဒီနေ့မှာလည်း ဆက်ရှိနေတာမှာ ရန်ကုန်မြို့မှာ ဆန္ဒပြသူ ရာနဲ့ချီပါဝင်တဲ့ ဆန္ဒပြ စစ်ကြောင်းတွေ လမ်းပေါ် ပြန်ထွက်လာကြပါတယ်။ ရန်ကုန်မြို့အပြင် တခြားနယ်မြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြမှုတွေကို ရန်ကုန်မြို့ အပါအဝင် နယ်မြို့တော်တော်များများမှာ ဒီနေ့လည်း ဆက်လုပ်ခဲ့ကြပါတယ်။ လုံခြုံရေးအခြေအနေကြောင့် အချိန်တိုအတွင်း အကျဉ်းရုံးဆန္ဒပြကြတဲ့ ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ ဒီနေ့အခြေအနေတွေနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန် က ပြောပြပါမယ်။
ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားလို့ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုတွေ မလုပ်နိုင်ခဲ့တဲ့ ဆန္ဒပြစစ်ကြောင်း တချို့ ဒီနေ့တော့ ပြန်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော် စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြပြီး ဒီကနေ့မှာလည်း သပိတ်ပုံစံအမျိုးမျိုး ဆက်ရှိနေသလို ဆန္ဒပြဖို့ လူစုနေချိန်မှာ စစ်ကောင်စီတပ်က လာရောက်ဖြိုခွဲပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ ဒီနေ့ အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို အုပ်ချုပ်ရေးမှူးတယောက် လမ်းပေါ်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ အဲဒီနောက် မြို့ထဲမှာ လုံခြုံရေးတင်းကြပ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတင်းကြပ်တဲ့ အခြေအနေကြားကပဲ မြို့တော်တော်များများမှာ ဆက်လုပ်နေကြပါတယ်။ ထားဝယ်မြို့က ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွဲမှုအတွင်း ၅ ယောက်ထက်မနည်း အဖမ်းခံရပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့မှာ ဒီနေ့ မြို့နယ် နှစ်ခုလောက်မှာသာ လုပ်နိုင်ခဲ့ကြပါတယ်။ ပြည်သူတွေဘက်က ပူးပေါင်းပါဝင်မှု နည်းလာတဲ့အတွက် အရင်လို သပိတ်စစ်ကြောင်းတွေထွက်ဖို့ အခက်အခဲဖြစ်လာတယ်လို့ ဆန္ဒပြကြသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာရယူထားပြီး ရက်ပေါင်း ၁၀၀ ကျော်လာတဲ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံတစ်ဝှမ်းနေရာအနှံ့ ဆက်ရှိနေသလို စစ်ကောင်စီတပ်တွေကလည်း အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတာတွေ ဆက်လုပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်