မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေဘေးသင့် ပြည်သူတွေ ထောင်နဲ့ချီရှိတယ်လို့ ပရဟိတအကူအညီပေးတွေက ပြောပါတယ်။
ရန်ကုန်တိုင်းထဲက ရေဝေး၊ ထိန်ပင်၊ ကျီစုနဲ့ ကျူချောင် သုသာန်တွေမှာ မြို့နယ်အလိုက် အလောင်းတွေကိုသဂြိုၤလ်ဖို့ စည်ပင်သာယာကော်မတီက မေတ္တာရပ်ခံထားပါတယ်။ မီးသဂြိုၤလ်ဖို့ရောက်လာတဲ့ အလောင်းတွေကို ညအချိန်ထိ သဂြိုၤလ်နေရတဲ့ အခြေအနေကြောင့် အခုလို ခွဲပြီးသတ်မှတ်လိုက်တာပါ။
မြန်မာနိုင်ငံအတွင်း ဒီကနေ့ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတချို့ သတ်ခံရတာတွေရှိသလို ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေလည်း ဖြစ်နေပါတယ်။ တဘက်မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း နေရာဒေသ အတော်များများမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ကပ်ရောဂါတတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ နေမကောင်းသူတော်တော်များများ ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်ပမာဏကျလို့ အောက်စီဂျင် အလွန်အမင်းလိုအပ်နေကြပါတယ်။
ကိုဗစ်အတည်ပြုလူနာနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်အလုံအလောက်မရှိတဲ့ ပြဿနာမြန်မာနိုင်ငံမှာ တော်တော်လေး ကြီးမားနေပါတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ ပရဟိတ အသင်းအဖွဲ့တွေ အများဆုံးရှိတဲ့ ရန်ကုန်မြို့မှာတောင် အောက်ဆီဂျင်ဗူးတွေ လိုသလောက်မရနိုင်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်တတိယလှိုင်းမှာ အတည်ပြုလူနာနဲ့ သေဆုံးသူဦးရေဟာ အချိန်တိုအတွင်းမှာပဲ တိုးလာနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရာမှာ ပါဝင်သူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီး နိုင်ငံတွင်းအခြေအနေတွေကြောင့် ကပ်ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း အရင်လှိုင်းဒဏ်တွေတုန်းကထက် ပိုခက်ခဲနေ
ဒီကနေ့မှာ နိုင်ငံတစ်ဝန်းက မြို့တွေမှာ သမိုင်းဝင် 7 ဇူလိုင်နေ့ အထိမ်းအမှတ် လျပ်တပြတ် ချီတက်ဆန္ဒပြပွဲတွေ လုပ်ကြပါတယ်။့ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသား လူငယ်တွေဦးဆောင်ပြီး ချီတက်ဆန္ဒပြမှုတွေ ရန်ကုန်အပါအဝင် မြို့နယ်အတော်များများမှာ ပြုလုပ်
အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းက အထူးတရားရုံးတွေမှာ စစ်ဆေးနေတာ ကိုဗစ်ကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို မလျော်ကန်တဲ့လုပ်ထုံးလုပ်နည်းတွေနဲ့တရားစွဲထားတယ်လို့ ယူဆကြောင်း "Undue Process" လို့ သုံးနှုန်း သုံးသပ်ခဲ့ပြီး ဥပဒေပညာရှင်တွေအနေနဲ့ဒါကို ရအောင်ဖော်ဖို့လိုအပ်ကြောင်း” ပြောခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။
ရန်ကုန်အပါအဝင် မြို့နယ်တစ်ချို့မှာ ဒီကနေ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန် မြေနီကုန်း ဂုံးတံတားအောက်က ယာဉ်ထိန်း ကင်းရုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မတော်ဆေးရုံမှာ ကုသပေးနေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကချင်ဗန်းမော်ခရိုင်နဲ့ ချင်းပြည်နယ်ထဲက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးရောဂါတွေ ဖြစ်နေကြပါတယ်။ လူတွေပြွတ်သိပ်နေကြရတဲ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းထဲက ကလေးငယ်တွေ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေ
ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှု ၂ ခုအတွက် သူ့ရဲ့ရှေ့နေတွေဘက်က သက်သေကိုပြန်လှန်မေးတဲ့ မေးခွန်းတွေအပေါ် တဘက်က ကန့်ကွက်တာကြောင့် အထက်တရားရုံးကို တင်ပြသွားဖို့ရှိတယ်လို့ ရှေ့နေတွေကပြောပါ တယ်။ ဒီကနေ့ အမှုစစ်ဆေး မှု အခြေအနေတွေနဲ့ပတ်သတ်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန် ပြောပြ ပေးမှာပါ။
NLD အစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲထားပါတယ်။ သူတို့အပြင် ဝန်ကြီးဟောင်းတချို့နဲ့ မကွေးတိုင်းလွတ်တော်ဥက္ကဋ္ဌတို့ကိုလည်း အဂတိလိုက်စားမှုတွေနဲ့ တရားစွဲထား
ရန်ကုန်မှာ စစ်ကောင်စီ သတင်းပေးအဖြစ်စွပ်စွဲခံရသူတဦးနဲ့ ကရင်ပြည်နယ် မြဝတီမြို့က စစ်ကောင်စီက ခန့်ထားတဲ့ ရာအိမ်မှုးတို့ ဒီကနေ့မှာ ပစ်သတ်ခံရပါတယ်။ တဖက်မှာလည်း PDF ကာကွယ်ရေးအဖွဲ့တွေကို အကူအညီပေးတဲ့သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်။
မြန်မာနိုင်ငံနေရာတချို့မှာ စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေသလို၊ ဆန္ဒပြမှုတချို့လည်း ရှိနေဆဲပါ။ မော်လမြိုင်မြို့မှာ မနေ့ညပိုင်းက စစ်တပ်က ပစ်ခတ်လို့ လူငယ်နှစ်ဦး သေဆုံးသွားသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာလည်း ဆိုင်ကယ်စီးလာတဲ့ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကခန့်အပ်တဲ့ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဖြစ်နေတာမှာ ဒီနေ့လည်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်အပါအဝင် မြို့နယ်တချို့က အုပ်ချုပ်ရေးမှူးတွေ သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ခံရပါတယ်။
ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန တည်ထောင်သူနဲ့ သတင်းထောက်တို့ ဒီနေ့ ပြန်လွတ်လာပါတယ်။ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ သူတို့အမှု ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က အမှုပိတ်သိမ်းခဲ့တာမို့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ မိသားစုဝင်တဦးကပြော
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးချင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို UNHCR က ကောက်ခံယူနေတဲ့အပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအကြား တချို့က အကောင်းမြင်လက်ခံသူရှိသလို၊ တချို့ကတော့ စိုးရိမ်မှုတွေလည်းရှိနေ
စစ်တပ်က အာဏာသိမ်းတာ ၅ လနီးပါးရှိလာနေချိန်ထိ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိနေသလို စစ်ကောင်စီလက်ထက်မှာ အုပ်ချုပ်ရေးမှုးဖြစ်လာသူ၊ သတင်းပေးအဖြစ် ကျော်ဇောသူတစ်ချို့ သတ်ဖြတ်ခံရတာမျိုးတွေလည်း ရှိလာနေ
စစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့နားမှာ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်းမြို့ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ပြီး ရွာသား ၁ ယောက် ဖမ်းဆီးခံရပါတယ်။
နောက်ထပ်ကြည့်ရှုရန်