စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကနေ ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့အစောပိုင်းမှာ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်အနောက်ဘက် ပုပ္ပားကျေးရွာနားမှာ စခန်းချနေတဲ့အတွက် အနီးအနား ကျေးရွာတွေကပြည်သူတွေ ဘေးလွတ်ရာ ပြေးနေကြပါတယ်။
မွန်ပြည်နယ်ထဲက မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်နဲ့ မုဒုံမြို့နယ်တွေက တချို့ စာသင်ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားနဲ့ ဆရာ ဆရာမတွေကြား ကိုဗစ်ကပ်ရောဂါ အစုလိုက် အပြုံလိုက် ကူးစက်နေတာကြောင့် မိဘတွေ စိုးရိမ်ပူပန်နေကြပါတယ်။
“ဒေါဥခူဘက်နဲ့ ဒီနွားလဝိုးတို့၊ ထီလွီတို့၊ ဒီးမော့ဆိုတို့ဘက်တွေ ဖြစ်နေတာ။ မနေ့ညတုန်းကလည်း ဖြစ်တယ်။ ဒီမနက်လည်း ကြားနေတာပဲ။ မြို့ပတ်ပတ်ချာချာလည် ချနေတာ၊ စစ်ကောင်စီတွေ မြို့အစွန့်တွေမှာ သူတို့ရှိတဲ့နေရာတွေကို ကာကွယ်ရေးတပ် ကရင်နီတပ်တွေ ပူးပေါင်းပြီး လာလာဖြစ်ကြတာပဲ။” (လွိုင်ကော်မြို့ခံ သံဃာ)
“NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များလို့ ဖိတ်တာပဲ။ ဆိုတော့ တဖွဲ့ချင်းကိုဖိတ်တဲ့သဘောမျိုးပေါ့ဗျာ။ ဒီနေ့ အရေးပေါ် ဦးဆောင်ကော်မတီ အဖွဲ့အစည်းအဝေး ခေါ်တော့ PPST အနေနဲ့ မဆုံးဖြတ်ဘဲ့ တဖွဲ့ချင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ကြပါလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။” (PPST ယာယီအလုပ်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်း တနှစ်ပြည့်ဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲက အများစုဟာ ဖမ်းဆီးခံထားရစဲဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကို မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို လိုက်လံကူညီပေးနေသူ တဦးကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
“စစ်အာဏာရှင်အစိုးရက သတင်းသမားတွေကိုဖမ်းဆီးတာ ရိုက်နှက်သတ်ဖြတ် တာ အပြင်မှမဟုတ်ဘူး။ သတင်းလောကကိုပါ ပုံဖျက်တာပေါ့နော်။ သတင်းသမားအတုတွေကိုဖန်တီးတယ်။ နေပြည်တော်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲတွေဆိုရင် သိသာမြင်သာပါတယ်။” (စိုးရ-သတင်းထောက်)
NLD ပါတီအနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့က ရွေးကောက်ပွဲနိုင်အောင် မလျော်သြဇာသုံးခဲ့တယ်လို့ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နဲ့ စစ်ကောင်စီက ထပ်မံတရားစွဲလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲက စစ်ကောင်စီတပ်တွေ လုံခြုံရေးအင်အားတိုးချထားပြီး လယ်ဇင်စံပြကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမှုတွေ မကြာ မကြာ လုပ်နေတာကြောင့် ရွာလုံးကြွတ် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြုကြတော့မှာဖြစ်တယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတကပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရှိရာ ဘင်္ဂလားဒေ့ရ်ှကစခန်းတွေမှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဘင်္ဂလားဒေ့်ရ်ှ အာဏာပိုင်တွေက ပိတ်ပင်နေတာမို့၊ ရိုဟင်ဂျာကလေးတွေရဲ့ ပညာရေးအခက်ကြုံနေပါတယ်။
ချင်းပြည်နယ် မတူပီ-မင်းတပ် ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်တွေ စစ်အင်အားတိုးမြှင့်လှုပ်ရှားနေတာကြောင့် လမ်းတလျှောက် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ အိုးအိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေ ကားနဲ့ အတင်းဝင်တိုက် ဖမ်းဆီးခဲ့စဉ် ဒဏ်ရာတွေနဲ့ အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက်နဲ့ ဓာတ်ပုံသတင်းထောက်တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီက တရားစွဲဖို့ ပြင်ဆင်နေ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲ ဇန်နဝါရီလ ၅ရက်ကစလို့ စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဉ်တွေပါသုံးပြီး ငါးရက်ဆက်တိုက် စစ်ဆင်ရေးလုပ်နေပြီး ဒေသခံပြည်သူတွေ ဖမ်းဆီးခံရတာရှိသလို အသက်သေဆုံးသူတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်မှာ ဆန္ဒပြ သူတွေကို စစ်ကောင်စီတပ်တွေ ကားနဲ့အတင်းဝင်တိုက် ဖမ်းဆီးခဲ့စဉ် ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးသတင်းထောက်ကို စစ်ကြောရေးမှာ စစ်ဆေးဖို့ ဆေးရုံကနေ ဒီနေ့ဇန်နဝါရီ ၁၁ ရက်မှာ ခေါ်သွားတယ်လို့ ရှေ့နေကပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ၂၀၂၂ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲတွေ ရက်ဆက် ပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာတော့ ၆ မိုင်၊ ဒေါပိုးစီ ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ မုံရွာမြို့မှာတော့ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ရဲတိုက်၊ တေးသံရှင်ပိုပို၊ စောဖိုးခွားနဲ့ Influencer တယောက်ဖြစ်တဲ့ Beauty Blogger ဝင်းမင်းသန်းတို့ကို ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအနီး မနေ့ည ၉ နာရီလောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဘန့်ဘွေးကျေးရွာအပါအဝင် ၇ ရွာလောက်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်