လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ချင်းပြည်နယ်ထဲမှာ ခရစ္စမတ်ပွဲတော်ကို ဒီနှစ် စည်စည်ကားကား ကျင်းပဖြစ်မှာမဟုတ်ဘဲ စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်အများအပြား ဒုက္ခရောက်နေချိန် အကျဉ်းရုံး ဆုတောင်းဝတ်ပြုမှုတွေကိုပဲ လုပ်သွားမယ်လို့ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတွေက ပြောကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်အနောက်ဘက် နုံးကြီးကျေးရွာတဝိုက် စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ စက်သေနတ်တွေသုံးပြီးပစ်နေကြောင်း ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နားက လုံခြုံရေးစခန်းတခုကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ မနက် ၇ နာရီကျော်လောက်က တယောက်ယောက်က ဗုံးလာပစ်ခဲ့ပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုနဲ့ လူငယ်အမျိုးသားတဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပါအဝင် တိုင်းဝန်ကြီးချုပ်အချို့ကို ရွေးကောက် ပွဲ ကော်မရှင်က တရားစွဲဆိုဖို့ တရားရုံးဘက်မှာ ဦးတိုက်လျှောက်ထားတာကြောင့် အမှုထပ်တိုး ရင်ဆိုင်ရမယ့် အခြေအနေတွေမှာရှိနေပါတယ်။
"ဆိုင်တွေတော်တော်များများက ပြည်သူတွေရဲ့ဆန္ဒကို လိုက်နာကြတယ်။ ပြည်သူတွေမရှိတဲ့အခါကျတော့ ဆိုင်တွေအကုန်လုံးကလည်း ပိတ်ကြတယ်ပေါ့နော်။ အကုန်လုံးက ရှင်းလင်းနေတယ်၊ လူအသွားအလာလည်း တော်တော်လေးကို ရှင်းလင်းပြီး ဘာမှမရှိဘူး။" (လှည်းတန်းဈေးသည်တဦး)
၂၀၂၁ ခုနှစ်အတွင်း သတင်းထောက် ၂၉၃ ယောက် ဖမ်းဆီးခံရတဲ့ထဲမှာ မြန်မာနိုင်ငံက ၂၆ ယောက်ပါတယ်လို့ CPJ ရဲ့ အခုနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှု အကျပ်အတည်းတွေရဲ့ ပေါင်းစပ်မှုကြောင့် မြို့ပြလူဦးရေရဲ့ ဆင်းရဲမွဲတေမှု အရေအတွက်ဟာ ၃ ဆ လောက် တိုးလာမယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် UNDP ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။
“မြန်မာနိုင်ငံကို ဖိအားပေးလာတာကတော့ ဒီအုပ်စုတွေကတော့ အစိုးရ အဆက်ဆက်သာ ပြောင်းလဲမယ်၊ ဒီဖိအားတော့ပြောင်းလဲတာမရှိပါဘူး။ ဒါတွေနဲ့ပတ်သတ်လို့ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒအတိုင်းပဲ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ ဝါဒကျင့်သုံးမယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြန်ကြားရေး)
မကြာခင်ကမှ စတင်တေ့ွရှိတဲ့ ဗီဇပြောင်းကိုဗစ်ပိုးသစ် Omicron နဲ့ပတ်သက်လို့ သိပ္ပံပညာရှင်တွေ လေ့လာနေချိန်မှာ ကူးစက် မှု ကာကွယ်နိုင်ဖို့ နှာခေါင်းစည်း Mask တပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။
၆ လဝန်းကျင်ရှိမယ့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပထမနှစ်ဝက်အရည်အချင်းစစ်စာမေးပွဲကို ဇန်နဝါရီလ ပထမပတ်မှာ ဖြေဆိုရမှာဖြစ်ပြီး အတန်းတင်စာမေးပွဲစစ်ဆေးခြင်းကိုတော့ မတ်လထဲမှာ စစ်ဆေးဖို့ ရည်မှန်းထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း အပါအဝင် မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၂၈ မြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် ဒီနေ့ကစပြီးတော့ Stay at Home အစီအစဉ် ပယ်ဖျက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်နဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ တချို့နဲ့ ဆရာမတွေမှာ ကိုဗစ်ကပ်ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အာဆီယံနဲ့မြန်မာကြား သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်သရွေ့ အာဆီဆံနဲ့သက်ဆိုင်တဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာပါဝင်နိုင်မယ့် အလားအလာ မရှိနိုင်ဘူးလို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။
"သူတို့သင်တန်းသား အသစ်တွေနဲ့ တူပါတယ်။ နယ်ကနေလာကြတော့ သူတို့ swab ယူလိုက်တာ positive ၁၉ ယောက် ထွက်တယ်။ သူတို့အခြေအနေကတော့ အကုန်ကျန်းကျန်းမာမာပါပဲ။"ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ)
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာ ၃ ရက်ဆက်တိုက်ရှိနေပြီး တိုက်ပွဲဖြစ်တဲ့အနီးအနားက ရွာ လေးရွာထက်မနည်း ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်နေချိန် ကျောင်းတချို့နားမှာ အသေးစား ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) နာယက ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၁၂၄ - က နဲ့ နေပြည်တော်တရားရုံးတခုမှာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါပြီ။
ကယားပြည်နယ် မိုးဗြဲမြို့ပေါ် မနေ့ အောက်တိုဘာ ၂၄ ရက်မှာ စစ်ယာဉ်တန်းတခုအပေါ် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် စည်ကား (၁) ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျခဲ့လို့ အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ် ၂ ယောက်အပါအဝင် ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကယားပြည်နယ် ဘောလခဲ၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ အောက်တိုဘာ ၂၁ ရက် ညနေက KA၊ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ကြောင်း KNDF က ပြောသလို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဒေသခံတွေအနက် အစာရေစာပြတ်မှုကြောင့် သေဆုံးသူ ၄ ဦး ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အနည်းဆုံး သိန်း ၂၀၀ အောက်ဆို ရှောရှောလျှူလျှူ ထုတ်ပေးဖို့ဆိုလား... စီမံချက်ညွှန်ကြားတာတွေ ထွက်လာတာလည်း မြင်ခဲ့တာပဲ။ ဒါပေမယ့် တကယ်လက်တွေ့မှာကျတော့ တပတ် ၅ သိန်းကို အခုထက်ထိ ဘဏ်မန်နေဂျာနဲ့ တွေ့ပြီးတော့ အရမ်းကျေးဇူးပြုခိုင်းပြီးတော့ လိုက်ထုတ်နေရတဲ့ အနေအထားဖြစ်နေသေးတာပေါ့နော်။” (ဟိုတယ်လ်လုပ်ငန်းရှင်)
နောက်ထပ်ကြည့်ရှုရန်