“ယောက်ကျားလေးရော မိန်းကလေးရော။ အကုန် နောက်ပြန်ကြိုးတုပ်ပြီးတော့ ပိတ်ရိုက်တာဗျ- ပေါင်တွေကို ပလယာတွေနဲ့ ဆွဲပြီး မေးတာဗျ။ ပြီးတော့ နားရွက်တွေကိုလည်း ဓားနဲ့ လှီးပြီး ဆွဲခေါ်ပြီးတော့ အဲ့ကလေး ၅ ယောက်ကို လက်ပြန်ကြိုးတုပ်ရက်နဲ့ေ ခါ်သွားပြိး နောက်ရွာအစပ်က အိမ်နောက်ဖက်မှာ မီးရှို့သတ်ထားတယ်ဗျ။ (ရွာသစ်ဒေသခံ)
“ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ Holocaust ဖြစ်ရပ်နောက်ပိုင်း လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် အမေရိကန်က သတ်မှတ်တဲ့ ဖြစ်ရပ် ၇ ခု ရှိခဲ့ပါတယ်။ ဒီနေ့ကတော့ ၈ ခုမြောက် ဖြစ်သွားပါပြီ။ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ..." အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားသောက်ရေးအခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက လူ ၇၀၀ လောက်ကို ပြန်လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရရဲ့ လတ်တလော ပြောဆိုချက်ဟာ လက်တွေ့မကျဘူးလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
“စစ်ကြောင်းထိုးတာ ၇ ရက်ရှိပြီ။ ၇ ရက်ရှိပြီပေါ့ ပြေးနေရတာ။ ကိုယ်တို့ အရပ်ဒေသက ထန်းပင်ပဲ များတာ။ ထန်းပင်ပဲများတော့ အရိပ်ရပင် သိပ်မရှိဘူး နည်းတယ်။ ကွင်းပြင်မှာပဲ အိပ်ကြရတာ များတယ်။ စားရေးသောက်တာကတော့ အတော်ခဲယဉ်းတာပေါ့။ ရေကကျတော့ နေကဒီလောက်ပူတော့ သိပ်ဒုက္ခရောက် တာပေါ့။” (စစ်ဘေးရှောင်သူ)
“သူတို့ ထမင်းချက်ဖို့ သောက်ဖို့တောင် သူတို့မနည်း အဲ့လိုလုပ်ရတဲ့ အနေအထားမျိုးလေ၊ အဲ့ကြောင့်မို့ ရေတောင် အရင်က အာလကားတိုက်ပေးသေးတယ်။ အလှူရှင်တွေက။ အခု ဆီဈေးတွေတက်လာပြီးနောက်ပိုင်းခါကျတော့ အလကား မရတော့ဘူး။“ (ပြည်သူ့ကာကွယ်ရေးတပ်၊ အချက်အလက်စုဆောင်းသူ)
စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ အိုးအိမ်စွန့်ပစ် ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တော်တော်များများ ပူပြင်းတဲ့ရာသီဥတုကြောင့် ဖျားနာ၊ မကျန်းမမာဖြစ်နေကြပါတယ်။
မိုင်းကိုင်မြို့နယ် တအန်း(ပလောင်)အမျိုးသားပါတီ TNP ဥက္ကဌ မိုင်းနုမ်ဟန်၊ သူ့ဇနီးနဲ့ ၇လသားအရွယ်သမီးရဲ့ ရုပ်အလောင်းတွေကို ဒီလ ၉ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလ ၃ရက်နေ့က မိုင်းနုမ်ဟန်လို့ ယူဆတဲ့ အလောင်းတွေ့ခဲ့ပေမဲ့သံသယရှိတာကြောင့်ထပ်မံရှာဖွေချိန်မှာ မိသားစု ၃ဦးလုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မိုင်းကိုင်မြို့နယ် တအန်း(ပလောင်)အမျိုးသားပါတီ TNP ဥက္ကဌ မိုင်းနုမ်ဟန်၊ သူ့ဇနီးနဲ့ ၇လသားအရွယ် သမီးရဲ့ ရုပ်အလောင်းတွေကို ဒီလ ၉ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလ ၃ရက်နေ့က မိုင်းနုမ်ဟန်လို့ ယူဆတဲ့ အလောင်းတစ်လောင်းကို တွေ့ခဲ့ပေမဲ့ သံသယရှိတာကြောင့် ထပ်မံရှာဖွေချိန်မှာ မိသားစု ၃ဦးလုံးကို တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ပြည်ပထွက်ခွာလိုသူ အလုပ်သမားတွေနဲ့ ပြည်ပရောက် အလုပ်သမားတွေမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် အပါအဝင် နေထိုင်ခွင့်ဗီဇာ ပတ်စ်ပို့သက်တမ်းတိုး ကိစ္စတွေမှာ စိန်ခေါ်မှု အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
“လက်ပံတောရွာက ဦးကျားဝင်း အိမ်ရှင်မဒေါ်သိန်းလှ၊ ဦးကျားဝင်းသမီး မို့မို့ဝင်းနဲ့ မို့မို့ဝင်းရဲ့ ၅ နှစ်ပတ်ဝန်းကျင် ကလေးပေါ့ ။ သူ့ယောက်ကျားနဲ့အတူ အားလုံးပေါင်း ရုပ်အလောင်း ၁၀ လောင်း ရှိတယ်ဗျ။ နောက်တခုက ဆွမ်းစားကျောင်း ဘုရားခန်းထဲမှလည်း ကံသာက ဒေါ်သင်ရဲ့ ရုပ်အလောင်း.. ” (ဆရာသောင်း၊ ကူညီပေးနေသူ)
ကိုဗစ်ရောဂါကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ခုကို မတ်လ ၂ ရက် နေ့ ကစပြီး ယာယီပိတ်ထားမယ်လို့ တရုတ်နိုင်ငံ ယူနန်အာဏာပိုင်တွေ အသိပေးထားပြီး ခုချိန်ထိ ကုန်သွယ်ရေးဂိတ်တွေကို ပြန်မဖွင့်သေးတာကြောင့် ဂျူတီဆောင်ပြီးသား ကုန်ကား ထောင်နဲ့ချီ ပိတ်မိနေပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနေ့စဉ်လို တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒီနေ့မနက်မှာ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဆီးလီဒုံးကျေးရွာမှာ တိုက်ပွဲရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ ရက်က ပစ်ခတ်ဖြိုခွဲမှုကြောင့် ၄ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပွဲ တနှစ်ပြည့် လောင်းလုံမြို့နယ်မှာ ဒီနေ့မနက် ဆန္ဒပြပွဲမှာ ယူကရိန်းပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြတဲ့အနေနဲ့ ‘WE stand with Ukarine’ စာတန်းကိုပါ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
“တိုက်ပွဲကတော့ အဓိကတော့ လီဝိုးရယ်၊ ဝါရီဆူးဖလိုင်ရယ်၊ ဝီသဲကူးရယ်။ တိုက်ပွဲကတော့ ပြီးခဲ့တဲ့ ၄ ၊ ၅ ရက်လောက် ကတည်းက စဖြစ်နေတာပေါ့နော်၊ အခုချိန်ထိပဲ။ ဒီနေ့လည်း မနက်မိုးမလင်းခင်ကတည်းက စပစ်နေတာပေါ့နော်။ စောနအထိကတော့ လက်နက်ကြီးတွေဘာတွေနဲ့ ပစ်ခတ်တာမျိုးတော့ ဒီအထိတော့ ကြားနေရတယ်ဗျဟုတ်။” (ဒေသခံ)
စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲကာလမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်19 နောက်ဆက်တွဲ စီးပွားရေးရိုက်ခတ်မှုတွေနဲ့အတူ စစ်အာဏာသိမ်းပြီးေ နာက်ပိုင်း သတင်းသမားတွေအတွက် အန္တရာယ်ကြီးလာတဲ့အတွက် သတင်းသမားတွေရဲ့ ဘဝရပ် တည်ရေးနဲ့ လုံခြုံရေးဟာ အတော်လေးကို စိုးရိမ်စရာဖြစ်လာလာပါတယ်။
၂၂ ရက် ၂ လ ၂၀၂၂ ခုနှစ် နှစ် ၆ လုံးဖြစ်တဲ့ နက်ဖြန် အင်္ဂါနေ့မှာ ‘ပြန်လည်စုရုံး နှစ်ခြောက်လုံး’ ဆောင်ပုဒ် နဲ့ တနိုင်ငံလုံး ‘စည်ကားသပိတ်’ လုပ်ကြဖို့ မန္တလေး၊ မုံရွာ စတဲ့မြို့တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့တွေက ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပြီး တိုက်တွန်းခဲ့ကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ဘက်မှာစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ၃ ရက်ဆက်တိုက် ဒီနေ့ အစောပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းကတော့ ဝါရီဆူးဖလိုင်ရွာဘက်မှာ စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်ခဲ့ပါတယ်။
“ဒေသခံတွေက ရှောင်တိမ်းနေကြတာပေါ့။ အခုထိ မြို့ထဲမှာ ပိတ်မိနေတဲ့လူတွေ အများကြီးပါပဲ။ တချို့ ဒီမြို့အပြင်နားလောက် ရှိတဲ့လူတွေကတော့ မြို့နဲ့ သူတု့ိ စွန့်ခွာလို့ ရတာပေါ့။ မထွက်လာနိုင်တဲ့လူတွေ အများကြီး ကျန်ပါသေးတယ်။ တိုက်ပွဲက ရှိတဲ့အခါကျတော့ သူတို့ မထွက်လာနိုင်ရဲဘူးပေါ့နော်။” (စစ်ဘေးရှောင်ကူညီနေသူ)
နောက်ထပ်ကြည့်ရှုရန်