ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယနဲ့ တောင်ကြီးမြို့နယ်တို့မှာ ယာယီခိုလှုံနေကြတဲ့ ကယားပြည်နယ်က နေရပ်စွန့်ခွာလာသူတွေကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စားနပ်ရိက္ခာ ဖြန့်ဖြူးပေးနေပြီး၊ ဒေသခံအရပ်ဘက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့အနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် အချို့မှာလည်း တယ်လီဖုန်းဆက်သွယ်ခေါ်ဆိုမှုလိုင်းတွေ ခေတ္တပြတ်တောက်နေပါတယ်။
ရွေးကောက်ပွဲ မဲမသမာမှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီဟာ အချိုးကျရွေးကောက်ပွဲစနစ်နဲ့ကိုက်ညီမယ့် လုပ်ထုံးလုပ်နည်းတချို့ကို ပြင်ဆင်ဖယ်ဖျက်တာမျိုး၊ မဲပေးခွင့်နဲ့ ကြိုတင်မဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အဓိက ပြင်ဆင်သွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။
“စစ်တပ်အုပ်စိုးတဲ့စနစ်မှာ မူးယစ်ဆေးဝါး အရမ်းပေါနေတယ်။ ဒါကြောင့် စိုးရိမ်လို့ ကလေးတွေကျောင်းထားတာပေါ့နော်။ ကွမ်းယာဝယ်တာတောင် စောင့်နေရအုံးမယ်။ မူးယစ်ဆေးဝါးစောင့်စရာမလိုဘူး။ ကလေးတွေ ဒီတိုင်းကျောင်းမထားဘဲ ပစ်ထားရင် ဒီမူးယစ်ဆေးဝါးလွန်ကဲလို့ ဒီလောင်းကစားနယ်ပယ်တွေ ရောက်သွားရော။” (မိဘတဦး-မော်လမြိုင်)
လူဦးရေတသန်းနီးပါး ခိုလှုံရာ လူနေထူထပ်များပြားလွန်းလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေထဲမှာ ငါးနှစ်ကျော်ကြာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာလူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ နှစ်နဲ့ချီ ပိတ်လှောင်ခံထားရသလို ဖြစ်နေပြီး အနာဂတ်မဲ့၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေကြရပါတယ်။
အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေးကိုပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝါရှင်တန်ဒီစီမှာကျင်းပတာနဲ့တချိန်တည်း NUG အစိုးရကိုယ်စားလှယ်ကို အမေရိကန်အစိုးရက လက်ခံတွေ့ဆုံတာဟာ အကြမ်းဖက်အဖွဲ့အစည်းဆန့်ကျင်ရေး အမေရိကန်အစိုးရရဲ့မူဝါဒကို မေးခွန်းထုတ်လိုတယ်ဆိုပြီး မြန်မာစစ်ကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
“အရှေ့စီးကတော့ ခန့်မှန်းခြေပေါ့။ အတိအကျ စာရင်းတော့ မကောက်ရသေးဘူး။ အိမ်ခြေ ၆၀၀ ခန့်ပေါ့။ တင်သားကတော့ ၈ လုံး၊ ရှားဖိုက ၁၁၆ လုံးပေါ့။ စုစုပေါင်းဆိုရင်တော့ ၇၂၄ လုံးလောင်သွားတယ်ဗျ။ ရေရှင်ကတော့ ကျနော်တို့ ခန့်မှန်းခြေ သူတို့ကို လှမ်းမေးထားတာတော့ ၃၅၀ လို့ပြောတယ်ဗျ။“ (မီးလောင်ပြင်တွေကြည့်ခဲ့သူ ရွာခံ)
“တင်သားရွာကို မီးရှို့နေပြီဗျ။ (၈)နာရီခွဲဗျ။ အခုလည်း ရှို့နေတုန်းပဲ။ စစ်ကောင်စီကနေပြီးမှ။ အရှေ့ဘက်ရွာမှာလက်နက်ကြီးနဲ့ထုလို့ ရွာသားတွေကတော့အကုန်လုံး စစ်ရှောင်နေကြတယ်ဗျ။ ရှားဖိုရယ် တင်သားရယ်။ စစ်ရှောင်တယ်ဗျ။ အရှေ့ဘက်ကမ်းကို။ ဦးရေကတော့ (၅,၀၀၀) ကျော်တယ်။ (၅,၀၀၀) ကျော်ရှိတာပေါ့။” (တင်သားရွာသား)
“ဒီမှာနေရတာက ရာသီဥတုကလည်း ပူပြင်း၊ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေမှာ ပလက်စတစ်အမိုးအကာအောက်မှာ ပူပူလောင်လောင်ဖြစ်နေတော့ ပွဲတော်နေ့ဆိုတော့ ပျော်ပျော်ပါးပါး လည်ပတ်ချင်ကြတာပေါ့နော်။” (ဦးအောင်မြိုင်-ရိုဟင်ဂျာဒုက္ခသည်)
“၂၇ ရက်နေ့က စထိုးတယ်ဗျ။ ဒီနေ့ဖြစ်တုန်း ထိပ်တိုက်မှု ထိတွေ့မှုဖြစ်တုန်းရှိသေးတယ်ဗျ။ ခုနနေကမှ လွန်ခဲ့တဲ့ နာရီဝက်လောက် မိနစ် ၂၀ လောက်ကမှ သူတို့ ရဟတ်ယာဉ်နဲ့ လာထိုးတယ်ဗျ။ ဒီရှားဖိုဘက်တွေကို တအားပစ်သွားတယ်။ လေကြောင်းဘက်ကနေပြီးမှ ဒီပြည်သူတွေကလည်း ဘုန်းကြီးကျောင်းတွေမှာ ခိုနေတာတော့ ရှိသေးတယ်ဗျ။” (ဒေသခံ)
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ လူမမည်ကလေးငယ်တွေရဲ့ လုံခြုံရေး စိုးရိမ်စရာရှိနေပြီး မိသားစုတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်း ထောင်ချခံနေရတဲ့ အခြေအနေကတော့ တည်ဆဲဥပဒေတွေကို ဆန့်ကျင်ရာရောက်သလို ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ရာကျတယ်လို့ လူ့အခွင့်အရေးနဲ့ ဥပဒေပညာရှင်တွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ထဲက နွားဘန်းကြီးကျေးရွာက ရွာသား ၃၀၀ ဝန်းကျင်နဲ့ ပတ်ဝန်းကျင် ၁၀ လောက်က ရွာသားတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် ဘေးလွတ်ရာကို ပြေးရှောင်နေတာ သီတင်းတပတ်ကျော်လာပြီး စားသောက်ရေး အခက်အခဲတွေနေကြရပါတယ်။
"သစ်ဆိပ်ကျေးရွာကို မီရှို့တယ်။ ရုံးပင်ကုန်းကျေးရွာကို မနေ့ညက စစ်ကြောင်းစတင်တာပေါ့နော်။ ....အခု ရုံးပင်ကုန်းကို မီးရှို့နေတယ်။ မနေ့ညကဖမ်းမိတဲ့ ကလေး ၃ ယောက်မှာ ၁ ယောက်ကတော့ သွေးရူးသွေးတန်းထွက်ပြေးလို့ လွတ်သွားတယ်။ ၂ ယောက်ကတော့ အသတ်ခံလိုက်ရတယ်။ ရွာမှာတော့ မီးရှို့နေဆဲ...။ (ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်)
ပြည်ပနိုင်ငံအသီးသီးမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့မှုနဲ့ လှုပ်ရှားမှုတွေ မပြုလုပ်ကြဖို့ တားမြစ်ပြီး ဆက်လုပ်ရင် အကြမ်းဖက်မှုဥပဒေနဲ့ ငြိစွန်းမှုရှိမယ်လို့ ထိုင်းအခြေစိုက် မြန်မာသံရုံးက ဧပြီလထဲမှာ သတိပေး ကြေညာချက်ထုတ်ပါတယ်။
“ကုန်ဈေးတွေကတော့ တက်တယ် အကုန်လုံး။ ဝယ်ရတာ ခါတိုင်းနဲ့ကို မတူဘူး။ အသီးအရွက်ဈေးကအစ တက်တာ။ အခုဆိုရင် ဆီဈေးတွေရော၊ ကုန်စိမ်းတင်မဟုတ်ဘူး၊ ကုန်ခြောက်တွေပါ ဈေးကတက်နေတော့လေ။ ညီမတို့ဆိုရင် ဈေးရောင်းတာ တရက်တရက်ကို မနည်းမြတ်အောင်တောင် လုပ်နေရတယ်။ တခါတလေ အရင်းတောင် မရချင်ဘူး။” (စားသောက်ဆိုင်ပိုင်ရှင်)
“ကင်းထောက်တဲ့နေရာမှာ ဒလန်တွေကို သတိမမူမိဘဲနဲ့ တပွိုင့်နဲ့ တပွိုင့် မချိတ်တာပေါ့လေ၊ တကင်းနဲ့တကင်း ချိတ်ဆက်မှုအားနည်းတဲ့အတွက် ပေးဆပ်လိုက်ရတာပေါ့။ ...ကျနော်တို့လူတွေက ကင်းထောက်ကို တဖွဲ့နဲ့ တဖွဲ့ ချိတ်ဆက်အားနည်းသွားတဲ့အတွက် သတိလက်လွတ် အနေအထားနဲ့ ဖြစ်သွားတာပါ။” (ချောင်းဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး ပြည်ပကို တရားမဝင် ထွက်ခွာသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူစာရင်း စစ်ကောင်စီဘက်က ဆက်တိုက်ဆိုသလို ထုတ်ပြန်နေပါတယ်။
“ထောင်ဒဏ်တနှစ်ထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ် ၂ ရပ်လုံးဖြစ်စေချနိုင်တယ်လို့ ဥပဒေအရပြဌာန်းထားပါတယ်။ ဒါပေမယ့် ချနိုင်တဲ့ပြစ်ဒဏ်အကုန်ထိအောင် ချတာပေါ့ ။ ကာယကံရှင် ဆရာအောင်မိုးညိုက သူတို့ချချင်လို့ချတာ၊ အယူခံမဝင်ပါဘူး-ပြောပါတယ်။ စွဲဆိုထားတာအသီးသီးတွေအတွက် သူ့မှာအပြစ်မရှိဘူးလို့သူပြောတယ်။” (အကျိုးဆောင်ရှေ့နေ)
“စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေပေါ့နော်- အပြင်ကနေ ကြားရတာပေါ့နော်။ ပြီးတော့ “ဒို့ပြည်သူတွေ ညီရဲ့လားဟေ့..၊ ညီတယ်ဟေ့ ညီတယ်ဟေ့” ပေါ့။ အဲ့လိုအသံတွေ ကြားရတာပေါ့။ အဲ့လိုကြားပြီးမိနစ်ပိုင်းလောက်မှာ သေနတ်သံ ၄ ချက်လောက် ကြားရတယ်ဗျ။” (ကိုခန့်ဝေဖြိုး-မုံရွာလူထုသပိတ်တိုက်ပွဲ ဦှးဆောင်ကော်မတီ)
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကနေ တပ်မှူးတွေအထိ စစ်ရာဇဝတ်မှုနဲ့ သြစတြေးလျနိုင်ငံမှာ တရားစွဲဆိုဖို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်