ဒုက္ခသည်စခန်း ၁၀၀ ကျော်မှာ ခိုလှုံနေထိုင်ကြရတဲ့ နေရပ်တိမ်းရှောင်နေကြရဆဲ ရခိုင်ပြည်သူ လေးသောင်းနှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ပြောပါတယ်
“သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်အဖွဲ့ဘာညာဆိုပြီးမှ PDF နံမည်ပါ ထည့်ပြောလာတယ်လေ။ ကျနော်တို့အနေနဲ့ ထပ်မရှင်းလို့မရဘူးဆိုပြီး ပျူစောထီးမှာ ဘယ်သူက ဦးဆောင်တယ်၊ ဘယ်သူနဲ့ ဘယ်သူက ပစ်တာပါဆိုတဲ့အထိ မနေ့ညက အင်္ဂလိပ် လို ရှင်းလင်းချက် တခါ ပြန်ထုတ်တယ်။” (PDF နိုင်ငံရေးအရဦးဆောင်သူ)
မန္တလေးဆောင်မှာ အပစ်ခံရတုန်းက ဝေါဝေါ ဝေါဝေါ...ဆိုပစ်လိုက် ငြိမ်သွားတယ်။ ငြိမ် သွားတဲ့အချိန်မှာ အန်ကယ့်အရှေ့ကလူက အမြန်ထလိုက်တာ ခေါင်းကိုတည့်တည့်ထိပြီး သေသွားတယ်။ အန်ကယ်လည်း .. လုံးဝငြိမ်သွားမှ တွားသွားပြီးတော့ မန္တလေးဆောင်နောက်ဖေးပေါက်က ဝင်ရတာ။ အခုထက်ထိ မျက်စိထဲမြင်နေတုန်းပဲပေါ့။" (၆၂ ကျောင်းသားဟောင်း)
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ကရင်နီကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီအကြား မနေ့က တနေ့ကုန် တိုက်ပွဲပြင်းထန်ခဲ့လို့ အနီးအနားက ရွာ ၅ရွာလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
၂၀၁၂ခုနှစ် ရခိုင်ပြည်နယ်တွင်း ဘာသာရေးလူမျိုးရေးအခြေခံ ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိခဲ့ရတဲ့ ရိုဟင်ဂျာအများစုပါတဲ့ မူဆလင်တွေဟာ ဆယ်စုနှစ်တခုကြာလာပေမယ့် ဒုက္ခသည်စခန်းတွေထဲ မျှော်လင့်ချက်မဲ့ အနာဂတ်မဲ့ ဖြစ်နေပါတယ်။
“.အာဆီယံပဋိညာဉ်ပါမူတွေ၊ လုပ်ထုံးလုပ်နည်းအစဉ်အလာတွေနဲ့ ကွဲလွဲနေတာတွေ တွေ့ရပါတယ်။ နောက်အပုဒ် ၅ ပါအတိုင်း အဖွဲ့ ဝင်နိုင်ငံတွေက တူညီတဲ့ အခွင့်အရေး တာဝန်များရှိရမယ်ဆိုတာနဲ့ကိုက်ညီမှုလည်းမရှိလို့ ဒါတွေကို မြန်မာနိုင်ငံဘက်က ထောက်ပြနေတာတွေလည်းရှိပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း-နေပြည်တော်သတင်းစာရှင်းလင်းပွဲ)
ထိုင်း-မြန်မာ နှစ်ဘက်သဘောတူစာချွန်လွှာနဲ့ မြန်မာအလုပ်သမားနှစ်ထောင်နီးပါးဟာ အခု နှစ်ရက်အတွင်းမှာပဲ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ ထိုင်းနိုင်ငံတွင်း ရောက်ရှိသွားကြပြီလို့ အလုပ်သမားရေးရာအဖွဲ့အစည်းတွေက ပြောပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ် နန်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပုလောကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား မနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေက ရိက္ခာသယ်ယူမှုလမ်းကြောင်းတွေ ပိတ်ဆို့ထားလို့ ဒေသခံတွေဟာ လောင်စာဆီနဲ့ စားသောက်ကုန်တွေကို အကန့်အသတ်နဲ့ ဝယ်ယူနေကြရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက LET'S GO HOME အတူအိမ်ပြန်ကြပါစို့လို့ သိန်းချီတဲ့ရိုဟင်ဂျာတွေ ကမ္ဘာ့ဒုက္ခသည်များနေ့ မှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ လက်ရှိစစ်အာဏာသိမ်း မြန်မာနိုင်ငံကို ပြန်ခွင့်ရရင်ရော မျှော်လင့်ထားသလောက် လုံခြုံစိတ်ချမှုအာမခံချက်တွေရနိုင်ပါ့မလား။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
“ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ ဆက်မနေချင်တော့ဘူး။ ကျနော် ကျမတို့ကို အမြန်ဆုံးအိမ်ပြန်ပို့ပေးပါ၊ အတူအိမ်ပြန်ကြပါစို့” လို့ “ LETS’ GO HOME” လူထုလှုပ်ရှားမှုကနေ သိန်းချီတဲ့ရိုဟင်ဂျာတွေ ကမ္ဘာ့ဒုက္ခသည်များနေ့ ကျရောက်တဲ့ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကောင်းဆင့်ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်နေကြသလို ကောင်းဆင့်ကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဒုက္ခသည် ငါးသောင်းကျော် တိုးလာခဲ့တဲ့အတွက် အခုဆိုရင် ဒုက္ခသည်စုစုပေါင်း တစ်သိန်းခွဲကျော်အထိ ရှိသွားပြီလို့ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောပါတယ်။
“အခုက တိုက်ပွဲမဖြစ်ဘဲ ပစ်နေတာပဲလေ။ PDF ရှိတဲ့ နေရာကို ခန်းမှန်းပြီး သူတို့လျှောက်ထုနေတာပဲ။ (နေရပ်ကို) ပြန်မရဘူး။ ကျနော်တို့ စစ်ရှောင်လူတွေ ပြန်မရဘူးဆိုတာက ပြန်ဖို့လည်း ခွင့်မပေးထားဘူးရယ်။ တွေ့ရင် သူတို့ တခုခုလုပ်မယ့် ပုံစံမျိုး၊ နောက်ပြီးတော့ မိုင်းတွေ ရှိတယ်ရော။” (ဒီးမော့ဆို စစ်ရှောင်တဦး)
COVID 19 ကူးစက်ပျံ့ပွားမှာ အထူးစိုးရိမ်ခဲ့ကြရတဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာစခန်းအသီးသီးမှာ ဒီသီတင်းပတ်ထဲ အသက် ၁၈ နှစ်အောက်နဲ့ အသက် ၁၂ နှစ်အထက် ကလေးငယ်တွေ COVID 19 ကာကွယ်ဆေး ထိုးနှံနေကြပါပြီ။
“ဘုန်းကြီးကျောင်းကနေ စ မီးတိုက်လိုက်တာ တရွာလုံးနီးနီး ပြာကျသွားတယ်။ အခုအချိန် ထိကို မီးမငြိမ်းသေးဘူးဗျ။ မီးက ဝင်ဝင်ချင်းရှို့တာဆိုတော့ အဲ့ရွာထဲမှာ ကျွဲ နွား တိရစ္ဆာန် ၂ ၀၀-၃၀၀ အထက် အကုန်လုံးသေကုန်တယ်။ တချို့ဆိုရင် အုပ်လိုက်ကို ပြုတ်တာ။ ထွန်စက်တွေ၊ ကားတွေ ဘာဆိုဘာမှ မရလိုက်တော့ဘူး။” (ဒေသခံ)
“အဓိက ကျနော်တို့ ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု ပေးအောင် တောင်းဆိုထားတာပါ။ သူတို့ကတော့ ပေးမယ်။ အရင်က အခြေခံစည်းမျဉ်းဥပဒေထဲမှာဆိုရင် ဘယ်လူမျိုး ဘယ်လောက် ဘယ်လောက် သတ်မှတ်ပြီးမှ လုပ်ပေးမယ်လေ။ ကျနော်တို့ စုပေါင်းမယ်ဆိုလို့ ရှိရင်တော့ ဥပဒေနဲ့ နည်းနည်းပြင်ရမှာပေါ့။”( ဦးကြည်မြင့် NDAA)
“လင်ဖုံကြီးဘက်ကို စစ်ကြောင်းထိုးလာတယ်ပေါ့နော်။ ပြီးတော့ စစ်ကြောင်းထိုးဖို့ အရင် သူတို့ လမ်းရှင်းတာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ ပြီးရင် ရွာထဲမှာ ဝင်မီးရှို့တယ်။ ပြီးတော့ အဲ့မှာရှိတဲ့ KNDF တပ်ဖွဲ့တွေ၊ ကရင်နီတပ်မတော် (KA) နဲ့ပေါ့။” (KNDF ပြန်ကြားရေးတာဝန်ခံ)
“မိုင်းကွဲပြီး ၁၅ မိနစ် နာရီဝက်လောက် ကြာသွားတဲ့အချိန် ကျနော်က ဆိုင်ကယ်ပြင်နေရင်း ဆီလိုလို့ သွားဝယ်တာ။ အဲ့ဒါနဲ့လမ်းမှာ စစ်ကောင်စီနဲ့ တွေ့သွားတော့ ကျနော့်ကို တရားခံဆိုပြီးမှ ဖမ်းဆီးသွားတယ်။ အဲ့ဒါနဲ့ပဲ ရဲစခန်းကို မခေါ်ခင် ထုနှက်ပြီးမှ ရဲစခန်းကို ခေါ်သွားတယ်။ ”(ဖောက်ခွဲမှုသံသယနဲ့ဖမ်းဆီးခံခဲ့ရသူ အရပ်သား)
"ဒီစာအုပ်ကို အွန်လိုင်းမှာ ကြေညာတယ်။ မိတ္တူရပြီ ဘာညာဆိုပြီး။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ (၁၇) မှာ ပုဒ်မ (၈) ပါ စည်းကမ်းချက်နဲ့အညီ ထုတ်ဝေခြင်း၊ ဖြန့်ချီခြင်း သို့မဟုတ် ပြည်ပမှတင်သွင်းခြင်း မပြုရဆိုတဲ့ တားမြစ်ချက်ရှိတယ်။” (ဦးကျော်ဌေး- မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနရဲ့ ညွှန်မှူး)
ဒီသီတင်းပတ်ထဲ ပင်လယ်ပြင်ထဲ စက်လှေမှောက်ပြီး ကလေးငယ်လေးတွေအပါအဝင် လှေစီးပြေး ရိုဟင်ဂျာ တဒါဇင်ကျော် ပင်လယ်ပြင်ထဲ အသက်ဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလမဟာမင်းကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုရိုဟင်ဂျာတွေ ပင်လယ်ထဲ အသက်ဆုံးရတဲ့ ဖြစ်ရပ်တွေ မကြာခဏကြုံရတာ ဘာကြောင့်ပါလဲ။
နောက်ထပ်ကြည့်ရှုရန်