"စဖြစ်တဲ့ အခြေအနေကတော့ လျှပ်စစ်မီးဝါယာကြိုး ရှော့ဖြစ်ပြီးတော့ အိမ်တစ်လုံးအရင် မီးလောင်သွားတယ်။ အဲဒီကနေ မီးလောင်သွားတဲ့ အိမ်ခြေစုစုပေါင်းက ၃၆ လုံး ရှိပါတယ်ခင်ဗျ။"
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ မီး ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နဲ့ အကြမ်းဖက်အန္တရာယ်တွေက သတိပြုကာကွယ်နိုင်ရေး ရိုဟင်ဂျာလူငယ်တွေဘက်က ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးနေကြတဲ့အကြောင်း ရိုဟင်ဂျာလူငယ်ဓာတ်ပုံဆရာ ဆာဟတ်ဇီယာ ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
မတ်လ ၁၄ ရက်နေ့က ပျူစောထီးအဖွဲ့တွေက ဒေသခံတွေကို အစည်းအဝေးခေါ်ပြီး ရပ်ရွာကို ကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်သင်တန်း တက်ကြဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အခုထိတော့ ကျွန်တော် ဖွင့်တယ်လို့တော့ မကြားသေးဘူးဗျ။ ဘယ်သူမှလဲ မသွားရဲဘူးဖြစ်နေတာ။ ၁၀ ရက်နေ့ကို ပြန်ဖွင့်တယ်လို့ပဲ ပြောတာပါဗျာ။ ဒါပေမယ့် ဘယ်သူမှလဲမသွားရဲ၊ မလာရဲတော့ ဖွင့်တယ်လို့တော့ မကြားမိသေးဘူး။ သွားလို့လာလို့လည်း မရသေးဘူး။ သွားလို့လာလို့ရနေတာကတော့ သူတို့တွေချည်းပါပဲ။ "
မီးလောင်ကျွမ်းမှုဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဒီ့ထက်ပိုပြီး ထိရောက်တဲ့ အကူအညီတွေ ပိုတိုးပေးပါလို့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာအကြံပေး ဦးအောင်ကျော်မိုးက တောင်းဆိုလိုက်ပါတယ်။မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နိုင်ငံအသီးသီးက အမျိုးသမီးတွေ ပါဝင်ဆင်နွှဲလေ့ရှိပေမယ့် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ စစ်ဘေးဒုက္ခသည်ဘဝနဲ့ အမျိုးသမီးတချို့က အဲဒီနေ့ကို ဖြတ်သန်းရမှာပါ။
လူပေါင်း လေးသောင်းခုနှစ်ထောင်ကျော် အသက်ဆုံးပါးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက်ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေက တတ်စွမ်းသလောက် ဝိုင်းဝန်းလှူဒါန်းပေးနေတဲ့အကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂျ်ဘုရားဖူးသွားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပြီလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ ဒီလ ၁ ရက်နေ့ကစပြီး ဒုက္ခသည်စခန်းတိုင်းမှာရှိတဲ့ စခန်းတာဝန်ခံတွေကနေတဆင့် ဘုရားဖူးသွားလိုတဲ့ လူဦးရေ စာရင်းကို လက်ခံဆောင်ရွက်နေပါပြီ။
စစ်အာဏာသိမ်းလိုက်ချိန် စစခြင်း၊ ချက်ခြင်း အထိန်းသိမ်းခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ရဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
လာမယ့် မတ်လ ၁ ရက်နေ့ကစလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို လျှော့ချမယ့်အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFP က ဒီလထဲ ကြေညာလိုက်တဲ့အပေါ် လုံလောက်တဲ့ စားနပ်ရိက္ခာတွေမရတော့တဲ့ အခြေအနေဖြစ်လာမှာကို ရိုဟင်ဂျာဒုက္ခသည်တွေ အတော်လေးကို စိုးရိမ်စိတ်မကောင်းဖြစ်နေကြပါတယ်။
“ကျနော်တို့ ပြေးလက်စနဲ့ ကျနော်တို့ ဒီဖက်ကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းတွေထပ်ထိုးလာလို့ အခုကျနော်တို့ ပြေးရင်းတန်းလန်းနဲ့ ဆုတ်ပြေးလာတဲ့နေရာကနေ နောက်ထပ် ပေ ၅၀၀ လောက်အကွာ အဲ့လောက်အကွာကို ထပ်ရွှေ့ကြရတယ်ဗျာ အခုချိန်ထိ ရွာထဲကို ပြန်သွားလို့မရဲသေးဘူး၊ ဓနိတောတွေ လယ်တွေထဲမှာပဲ ပိတ်မိနေကြတုန်။း”
မြန်မာစစ်တပ်က ရွေဘိုမြို့နယ်အတွင်းက ကျားရွာ၊ ကျောက်မြင့်ရွာနဲ့ တင့်တယ်ရွာတို့ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး ၃ ရက်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ပြီး မီးရှို့နေတာကြောင့် အိမ်ခြေ ၁,၆၀၀ ကျော် မီးလောင်သွားပြီး ဒေသခံတွေဟာလည်း တောထဲကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း အသက် ၁၀၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းက ဒေသတချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြတယ်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီး မြို့နယ်တွေမှာ မီးဘေးသင့်နေတဲ့ ကျေးရွာပေါင်း ၃၀ ဝန်းကျင်လောက် ရှိတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ မီးဘေးသင့် ရွာတွေအတွက် ပြန်လည်ထူထောင်ရေး ကူညီပေးတာတွေ ရှိနေပြီး၊ စစ်ကောင်စီအဖွဲ့တွေနဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ ရွာတွေကိုတော့ ကူညီပေးနိုင်ဖို့က အခက်တွေ့နေပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ မော်တော်ယာဉ်တစီးပစ်ခတ်ခံရလို့ ကားပေါ်ပါလာတဲ့ ဆရာတော်တပါးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ကလေးငယ်တွေ အပါအဝင် ကျန်တဲ့ ၆ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ကာလ ၂နှစ်ပြည့်တဲ့အချိန်မှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေက နေအိမ်အပြင်မထွက်ဘဲနေတဲ့ အသံတိတ်ဆန္ဒပြမှု Silence Strike ကို တညီတညွတ်တည်း လုပ်ဆောင်ခဲ့ကြတယ်လို့ စည်ကားတဲ့ မြို့ကြီးတွေမှာရှိတဲ့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။
စစ်အာဏာသိမ်းမှု ၂ နှစ် ပြည့်ချိန်မှာ မြန်မာနိုင်ငံအတွင်းက စစ်ဒဏ်သင့်ဒေသတွေက စစ်ပြေးဒုက္ခသည်တွေဟာ အခက်အခဲ မျိုးစုံကြုံတွေ့နေကြရပါတယ်။ စစ်ကိုင်းတိုင်းဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ထိတွေတိုက်ပွဲ ပြင်းထန်တာနဲ့အမျှ၊ ကျေးရွာတွေ မီးရှို့ခံရသလို ဒေသခံအများအပြားဟာ အိုးအိမ်စွန့်ခွာပြေးနေကြရတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ မှာ ကိုရီးယားလွှတ်တော်ဝင်းထဲမှာ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး ကိုရီးယားအစိုးရနဲ့ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုကြမယ်လို့ တောင်ကိုရီးယားနိုင်ငံက အမျိူးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်က ပြောပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာပြည်သူပြည်သားတွေ တခဲနက် မဲဆန္ဒပေးခဲ့ကြတဲ့ 2020 ရွေးကောက်ပွဲအလွန်ကာလ၊ မဲမသမာမှုတွေရှိခဲ့တဲ့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး ဒုသမ္မတဦးမြင့်ဆွေကနေတဆင့် စစ်အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်