စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲကို မြန်မာစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့နေတာကြောင့် နေအိမ်အတော်များများ မီးလောင်ဆုံးရှုံးခဲ့သလို၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြန်မာစစ်တပ်က စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးတဦး၊ တပ်ကြပ်ကြီးတဦးနဲ့ အတူလိုက်ပါလာသူတွေကို ပစ်ခတ်ခတ်ရှင်းလင်းခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဘာမှပြောစရာမရှိကြောင်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဖို့ တာဝန်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်တွေက ဒုက္ခသည်တွေကို ဖမ်းဆီး၊ ငွေညှစ်မှုတွေနဲ့ ညှင်းပမ်းနှိပ်စက်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်တွေက ဒုက္ခသည်တွေကို ဖမ်းဆီး၊ ငွေညှစ်မှုတွေနဲ့ ညှင်းပမ်းနှိပ်စက်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်တာတွေကို စတင်လုပ်နေကြပါတယ်။ ကောလင်းမြို့ပေါ်တခုမှာသာ စစ်ကောင်စီက လုံခြုံရေးအင်အားအပြည့်အစုံနဲ့ လူဦးရေစာရင်းကောက်နိုင်တာဖြစ်ပြီး ကျန်တဲ့ ကျေးရွာတွေမှာတော့ မကောက်နိုင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်
နှစ်နှစ်နီးပါး စစ်မက်ပဋိပက္ခတွေကို ပြင်းပြင်းထန်ထန်ကြုံတွေ့ခံစားနေရတဲ့ စစ်ကိုင်းတိုင်းအတွင်း ဒေသခံတွေဟာ နေအိမ်တွေစွန့်ခွာရပြီး နေထိုင်စားသောက်မှု အခက်အခဲတွေပိုရှိလာပေမယ့်လို့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှုတွေကတော့ ရှိနေဆဲပါ။
နေ့စဉ်နီးပါး ဒုက္ခသည်စခန်းတွေထဲ သေဆုံးထိခိုက်မှုတွေ ဖြစ်နေရတဲ့ လုံခြုံမှုကင်းမဲ့နေတဲ့ အနေအထားအပေါ် ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက ဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။ သူ့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နဲ့ တပ်မတော်ကြည်ညိုပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅-က နဲ့ တရားရုံးတင်စွဲဆိုထားတယ်လို့သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ပွဲကုန်း(၁)ရပ်ကွက်မှာ မနေ့ညက လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ညောင်ဝိုင်ရပ်ကွက်မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်လာတာမို့ အရပ်သားထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။
နေရပ်ကနေ စွန့်ခွာထွက်ပြေးဖို့ ကြိုးစားနေချိန် လမ်းခရီးမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတာ တရားစွဲဆို ထောင်ချခံရတာ နောက်ဆုံး အသတ်ခံရတဲ့အထိ ကြုံရတဲ့အထိ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။ အကြောင်းစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
“၄ ရက်နေ့မနက် ၅ နာရီခွဲမှာပစ်တာ တနေကုန်ပဲ ဒီနေ့တော့ မပစ်တော့ဘူး။ ဟို… လက်နက်ငယ် ပေါက် ပေါက် ပေါက် တချက် နှစ်ချက် ကြားတယ်။ ကြားပြီးတော့ လေယာဉ်တက်လာတယ်။ လေယာဉ်လာဝဲနေတယ်။ ဝဲပြီးတော့ လေယာဉ်က ဘာမပစ်ဘဲနဲ့ ပြန်သွားတယ်။ အခု အခု လက်နက်ကြီးတလုံး ပစ်ထုတ်သံကြားတယ်။” (ကြာအင်းဆိပ်ကြီးမြို့ခံ)
“လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကိုလည်း လက်နက်ကြီးပစ်ပါတယ်ပေါ့နော်။ အဲ့မှာလည်း အသက် ၇၀ အမျိုးသားတဦးဒဏ်ရာရတယ်လု့ိသိရတယ်။ တိုက်ပွဲတွေမရှိဘဲနဲ့ အရပ်သားပြည်သူတွေကို ဒါ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။”(KNDF ဗဟို ပြန်ကြားရေးတာဝန်ခံ)
ရိုဟင်ဂျာဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်ရေးအမေရိကန်ရဲ့ အစီအစဉ်ဟာ လုံခြုံရေး အထူးစိုးရိမ်ရတဲ့ ဒုက္ခသည်တွေအတွက် ဦးစားပေးဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးဦးအောင်ကျော်မိုးကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က Skype ကနေ တဆင့် မေးမြန်းထားပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ဆောမြို့နယ်ဘက်ကို တိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ခရစ္စမတ်အကြိုပွဲတွေကို အချင်းချင်း စိတ်ခွန်အားပေးမှုအနေနဲ့ ဆုတောင်းပွဲလေးတွေ ပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။
၂၀၂၂ ခုနှစ်ထဲ ကမ္ဘာတဝန်း ကုန်ဈေးနှုန်းကြီးမြင့်မှုက သန်းနဲ့ချီတဲ့သူတွေ အငတ်ဘေးနဲ့ ကြုံရဖို့ တွန်းပို့နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ၂၀၂၃ ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲဆိုတာကို VOA ကုလသမဂ္ဂဆိုင်ရာ သတင်းထောက် Margaret Besheer က ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးထားတာကို မဆုမွန်က ပြောပြထားပါတယ်။
“အိမ်တွေကို ဖြုတ်ပြီးတော့ သူတို့လိုချင်တာ ဆောက်တယ်ပေါ့။ ကင်းစင်တွေ မျှော်စင်တွေ ဆောက်တယ်။ လူ ၂ ယောက်လောက်ကို ပစ်သတ်ပြလိုက်တာဆိုတော့ သူတို့ကလည်း မလုပ်ချင်လည်းလုပ်ရတော့တာ။ အဲ့လို ၂ ယောက်လောက် ပစ်သတ်ပြတော့မှ ကျန်တဲ့သူတွေကလည်း ထွက်ပြေးလာကြတာ။ အသက်က တယောက်ကတော့ ၂၅၊ တယောက်ကတော့ ၃၀ ကျော်လောက်ဗျ။” (ဒေသခံ)
"မြန်မာနိုင်ငံမှာ ကိုယ်စားပြုတဲ့အစိုးရကို အသိအမှတ်ပြုဖို့ ခက်ခဲနေသေးတယ်။ အဲဒီအတွက်ကြောင့် Credential အရင်လက်ခံပြီးသားဖြစ်တဲ့ ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားထားတယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ နိုင်ငံကိုယ်စားပြု ဆွေးနွေးခွင့်တော့ မရှိဘူးဆိုတဲ့သဘော။”(ဒေါက်တာစိုင်းကြည်ဇင်စိုး-နိုင်ငံရေးလေ့လာသုံးသပ်သူ)
“ကျမတို့ ဒီဘက် ရပ်ကွက်ကျတော့ နည်းနည်းပြန်လာကြတာပေါ့နော်၊ အားလုံးတော့ မဟုတ်ဘူး။ တချို့က တော်ရုံချက်ချင်းထပြေးလို့၊ ထသွားလို့ မရတဲ့လူတွေကျတော့ ပြန်မလာကြဘူးပေါ့။ ဆွေမျိုးတွေရှိတဲ့ သံဖြူဇရပ်တို့၊ မုဒုံတို့ တခြားဘက်မှာ ပြောင်းနေကြတယ်။”(တံခွန်တိုင်ရွာသူ)
နည်းလမ်းမျိုးစုံနဲ့ အသက်နဲ့ရင်း သွားလာရင်း ဒုက္ခတွေရဲ့ ထွက်ပေါက်လမ်းရှာကြတာမွာ ခရီးလမ်းမွာ အသက်သေဆုံးရသူတဲ့အထိ ကြုံရတာတွေ ဆယ်စုနှစ်နဲ့ချီ ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ AA ရခိုင်တပ်ဖွဲ့ကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ထားတာ ၂ ပတ်နီးပါးကြာလာပေမဲ့ ရခိုင်မြောက်ပိုင်းမှာ စားနပ်ရိက္ခာကူညီထောက်ပံ့မှုတွေ မရှိသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်