မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လောကဒဏ်ကို ကြံကြံခံရင်ဆိုင်နိုင်သူတွေဖြစ်တယ်ဆိုတာကို ဥရောပမှာ သိအောင် ပန်းချီဆရာမ ခြူးဝေက ပန်းချီတွေနဲ့ ပုံဖော်ပြသနေပါတယ်။ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။
နန်းတော်ဟောင်းကြီးတွေအပါအဝင် ရှေးဟောင်း အဆောက်အဦးကြီးတွေရှိတဲ့ ပြင်သစ်နိုင်ငံ အလယ်ပိုင်း Loire (လွား) တောင်ကြားဒေသကို နှစ်တိုင်း ကမ္ဘာလှည့်ဧည့်သည် သန်းနဲ့ချီလာလည်နေကြပါတယ်။ သမိုင်းကို ပြောပြနေတဲ့ ရှေးဟောင်းအဆောက်အဦးတွေဆီကို မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အမေရိကန်နိုင်ငံ Indiana ပြည်နယ် Indianapolis မြို့မှာ အိမ်စာလုပ်ဖို့ အခက်အခဲရှိတဲ့ ချင်းနဲ့မြန်မာ ကျောင်းသူကျောင်းသားတွေကို အခမဲ့စာသင်ပေးနေတဲ့ Hope After School အစီအစဉ်အကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ ပြောပြထားပါတယ်။
ဈေးပေါပေါနဲ့ အချိန်တိုအတွင်း ဂီတာတလက်ဖြစ်အောင် ခေတ်သစ်နည်းတွေ မသုံးဘဲ လနဲ့ချီ အချိန်ယူပြီး အကောင်းဆုံး အသံထွက်အောင် လက်လုပ် ဂီတာလုပ်ငန်းတွေ စပိန်နိုင်ငံမှာ ရှိပါတယ်။ မှာဝယ်သူရဲ့ စိတ်ကြိုက်အသံအတိုင်းရအောင် ဂီတာတလက်ချင်း အဆင့်ဆင့် ဘယ်လိုလုပ်ပါသလဲ။ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာကို စစ်တပ်က မတ်လ ၁၃ ရက်ကနေ ၁၆ ရက် အထိ ၄ ရက်အတွင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ၇ ဦးလည်း သတ်ဖြတ်ခံရတယ်လု့ိ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
Oscar ဆုပေးပွဲသက်တမ်း ၁၀၀ နီးပါးကြာမှ အာရှအနုပညာရှင်တွေကို ကဏ္ဍစုံမှာ ပထမဆုံးအကြိမ် ဆုပေး ဂုဏ်ပြုခဲ့ပါတယ်။ ခုလို အသိအမှတ်ပြုဆုပေးတာ နောက်တောင်ကျနေပါပြီလား။ Los Angeles မှာနေတဲ့ အကယ်ဒမီသရုပ်ဆောင် မေဝင်းမောင်ကို မစုမြတ်မွန်ကမေးမြန်းပြီး လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာနာမည်ကြီးဖက်ရှင်ဒီဇိုင်နာတွေ အလေးထားရတဲ့ ဖန်တီးအိမ်ကြီးတခုရှိပါတယ်။ ဒီဇိုင်နာအမှတ်တံဆိပ် အဝတ်အထည်တွေအသုံးအဆောင်တွေဖြစ်လာဖို့ နောက်ကွယ်ကနေ အသေးစိတ်ဖန်တီးပေးရတဲ့လက်မှုအနုပညာလုပ်ငန်းတွေစုနေတဲ့ အဆောက်အဦးကြီးတစ်ခုပါ။မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
ကမ္ဘာအရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာရှိနေကြတဲ့ ချင်းနဲ့ မီဇိုးအဆိုတော်၂၀ ကျော် ကာဗာသီဆိုခဲ့ကြတဲ့ သီချင်းတပုဒ်ဟာ YouTube မှာ သီတင်းပါတ်ပိုင်းအတွင်းကြည့်သူ ၁ သန်းကျော်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် စုစည်းမှုကို ပြသတဲ့သီချင်းဗီဒီယိုဖြစ်တယ်လို့ မစုမြတ်မွန်က လူမှုရှု့ခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
သက်ရှိသတ္တဝါတွေ ဆင့်ကဲပြောင်းလဲတယ်ဆိုတာကို လေ့လာဖော်ထုတ်ခဲ့တဲ့ သဘာဝလောကပညာရှင်ကြီး Charles Darwin လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က သွားလာခဲ့တဲ့ ဘရာဇီလ်းနိုင်ငံက နေရာတွေကို ကမ္ဘာလှည့်ခရီးသည်တွေ သွားလို့ရနေပါပြီ။ ဘရာဇီးလ်နိုင်ငံတလွှားကနေရာတွေကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါ။
အမေရိကန်မှာ နှင်းကျလေ့မရှိတဲ့ ဒေသတွေအပါအဝင် နေရာတော်တော်များများမှာ ဖေဖော်ဝါရီလအတွင်း နှင်းမုန်တိုင်းဒဏ်ခံခဲ့ကြရပါတယ်။ နှင်းအထူအထပ်ကျတဲ့အခါ အလုပ်အကိုင်ပျက်တာအပြင်၊ အပူပေးစနစ်ဖိုးပါ ပိုကုန်ကျတဲ့ အခက်အခဲတွေ ကြုံရတတ်တာကို မစုမြတ်မွန်က လူမှုရှု့ခင်း အစီအစဉ်မှာ စုံစမ်းတင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းသုံးကြောင်းခွဲပြီး ကျေးရွာတွေကို ဝင်ရောက်နယ်မြေရှင်းလင်းနေတာမှာ ရွာပေါင်း ၉ ရွာထက်မနည်းက နေအိမ်တွေ မီးရှို့ခံခဲ့ရပါတယ်။ နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့တဲ့အပြင် ဒေသခံ ၁၅ ဦးထက်မနည်း သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"၁ ရက်နေ့ကစပြီးတော့ အဲ့နေ့က သွားတဲ့သူတွေက လုံးဝကို ပိတ်လိုက်ပါပြီပေါ့၊ လမ်းမှာလည်း သူတို့ရဲ့ ပျူစောထီးဂိတ်စခန်းတွေက ရှိသေးတော့ အဲ့ဂိတ်တွေက ကျွန်းလှကိုဝင်မရတော့ဘူး၊ လုံးဝကို သွားမရတော့ပါဘူး၊ အဝင်အထွက်ပိတ်တယ် ၃ ရက်ဆိုပြီးတော့ ဒီလိုပဲ ပြောလွှတ်လိုက်တာပါဗျ၊"
စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်း အသုံးပြုမှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေ သေဆုံး ထိခိုက်မှုတွေဖြစ်နေပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ ဖေဖော်ဝါရီလက ဒေသခံ ၉ ယောက်မိုင်းနင်းမိခဲ့လို့ ၈ တန်းကျောင်းသားတယောက် နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ကမ္ဘာမှာ မျက်နှာဖုံးဝတ်ပွဲတော်အကြီးကျယ်ဆုံးဆင်နွှဲတဲ့ အီတလီနိုင်ငံ Venice မြို့ကို သွားရအောင်ပါ။ နှစ်ပေါင်းရာချီထဲကရှိခဲ့တဲ့ အစဉ်အလာအတိုင်း ရိုးရာစက္ကူမျက်နှာဖုံးလုပ်နည်းနဲ့ ဆေးရောင်ခြယ်နည်းကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ Venice မြို့ဆီသွားပြီး လေ့လာရမှာဖြစ်ပါတယ်။
တနင်္လာနေ့ မနက်ပိုင်းက ဒေါညေးခူကျေးရွာမှာ လက်နက်ကြီးကျည် ကျခဲ့လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့တဲ့အပြင် ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားက VOA ကိုပြောပြပါတယ်။
အမေရိကန်မှာ အလုပ်လက်မဲ့နှုန်းရော ငွေကြေးဖောင်းပွမှုနှုန်းပါ ကျဆင်းနေပေမဲ့ ကုန်ဈေးနှုန်းတွေကတော့ကြီးနေဆဲဖြစ်ပါတယ်။ အမေရိကန်အလုပ်သမားရေးဌာန ကိန်းဂဏန်းတွေအရ အစားအသောက်ဈေးတွေကအကြီးဆုံးဖြစ်နေပါတယ်။ ဒီလိုဈေးကြီးတဲ့ဒဏ်ကိုအမေရိကန်မိသားစုတွေ ကြုံနေကြတဲ့အကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်
အမေရိကန်ပြည်ထောင်စုမှာ ပုံမှန်အားဖြင့် နှင်းကျလေ့ကျထ မရှိတဲ့ ကယ်လီဖိုးယားပြည်နယ်အပါအဝင် အနောက်ဘက်ခြမ်းက ပြည်နယ်တွေမှာ ဆောင်းရာသီမုန်တိုင်းဒဏ်ကို ခံနေကြရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်လို့ ရည်မှန်းချက်တွေ စွန့်လွှတ်လိုက်ရသူတွေထဲမှာ အနုပညာသမားတချို့လည်းပါပါတယ်။ နှစ်နဲ့ချီကြိုးစားခဲ့တဲ့ အနုပညာအိပ်မက်တခု လက်တကမ်းအလိုမှာ လွှတ်ချလိုက်ရတဲ့ တေးရေး တေးဆိုကိုလင်းထက်ရဲ့ အတွေ့အကြုံကို မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာတင်ပြထားပါတယ်။
နာဇီတွေရဲ့ လက်ချက်နဲ့ ပျက်သုန်းခဲ့ရတဲ့ ဂျူးလူမျိုးတွေရဲ့ ဘဝတွေကို ထင်ဟပ်စေတဲ့ ပစ္စည်းတွေကို ဘာလင်မြို့တော်က ဂျာမနီလွှတ်တော်အဆောက်အဦးမှာ ပြသနေပါတယ်။ ဂျာမနီပြည်နယ် ၁၆ ခုက ပစ္စည်းတမျိုးစီကို ပြသထားတဲ့ အောက်မေ့ဘွယ်ပြပွဲကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှား ခရီးသွား အစီစဉ်ကနေ ကြည့်ကြရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်