တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား ပြီးခဲ့တဲ့ ဖေဖော်ရီလ ၇ ရက်နေ့ကနေ စပြီး ဒီနေ့အထိ ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဖေဖော်ရီလ ၇ ရက်က ပုလောမြို့နယ်ထဲက တိုကျေးရွာမှာ တိုက်ပွဲစတင်ပြီး၊ နောက်ရက်မှာ မြဒေါင်ကျေးရွာမှာ တိုက်ပွဲထပ်ဖြစ်ပါတယ်။
Waltz တေးသွားအလိုက် စုံတွဲကခုန်ကြတဲ့ Ballroom dancing ကပွဲတွေ Austria နိုင်ငံ Vienna မြို့တော်မှာ ပြန်လည်ကျင်းပနေပါပြီ၊ ဒီကခုန်ပွဲတွေကို ဘယ်လောက်ခမ်းခမ်းနားနား ကျင်းပကြသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ ဆိုးကျိုးသက်ရောက်မှု ခံစားနေရသူတွေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေသူတွေအတွက် လူအား ငွေအားနဲ့ ကူညီပေးနေကြတဲ့ မြန်မာတွေနိုင်ငံစုံမှာရှိပါတယ်။ ဒီမိုကရေစီရေးရန်ပုံငွေရှာပေးနေကြသူတချို့အကြောင်း မစုမြတ်မွန်ကလူမှုရှုခင်းအစီအစဉ်မှာတင်ပြထားပါတယ်။
မကွေးတိုင်း ဆောမြို့နယ်ဘက်မှာ ခိုလှုံနေကြရတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေဟာ နေ့စဉ်လို စစ်တပ်ရဲ့ ကုန်းကြောင်း လေကြောင်း စစ်ရေးလှုပ်ရှားမှုတွေကြောင့် နောက်ထပ် လုံခြုံမယ့်နေရာတွေဆီ ပြောင်းရွေ့နေကြရပါတယ်။
အမေရိကန်နိုင်ငံ California ပြည်နယ်မှာ တရုတ်နှစ်သစ်ကူးနေ့ကို ပြည်နယ်အားလပ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ပါတယ်။ အာရှနွယ်ဖွားတွေအပေါ် အမုန်းတရားနဲ့ တိုက်ခိုက်မှုတွေ အမေရိကန်တဝန်းရှိနေချိန် ခုလိုတရုတ်ရိုးရာပွဲတော်တခုကို အသိအမှတ်ပြုလိုက်တဲ့အကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်သစ်မှာ တင်ပြထားပါတယ်
စစ်တပ်က အာဏာသိမ်းထားတာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ နှစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း သတင်းသမား တရာကျော်ဖမ်းဆီးခံခဲ့ရသလို၊ သတင်းသမားတွေအဖို့ သတင်းလုပ်ငန်းလွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ဖို့ ခက်ခဲလာပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသမှာ ဘိန်းစိုက်ပျိုးမှုတွေ ပိုများလာကြောင်းနဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အတွင်းမှာတော့ ဘိန်းစိုက်ပျိုးမှုထက် စိတ်ကြွဆေး ထုတ်လုပ်သုံးစွဲမှု ပိုမိုမြင့်တက်လာနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ကမ္ဘာတဝန်း နာမည်ကျော်စားဖိုမှူးကြီးတွေကြားမှာ ဂျပန်ဓားတွေက မရှိမဖြစ် မီးဖိုချောင်သုံး ပစ္စည်းတွေဖြစ်နေပါတယ်။ လိုချင်တဲ့အတိုင်း အတိအကျလှီးဖြတ်ပေးနိုင်တဲ့ လက်ရာမြောက်ဂျပန်ဓားတွေ ဘယ်လိုလုပ်သလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ သွားလေ့လာရအောင်ပါ။
နှင်းတွေကြားက ဆောင်းရာသီအတွေ့အကြုံရဖို့ Finland နိုင်ငံကိုခရီးထွက်ကြသူတွေအနေနဲ့ ခရမ်းစွဲ တွင်းထွက်ကျောက်တွေကိုလည်း ကိုယ်တိုင်တူးဖော်လို့ရနိုင်ပါတယ်။ ကျောက်တူးသမားတွေလိုကိုယ်တိုင်ကျောက်ရှာဖွေရတဲ့ အတွေ့အကြုံရနိုင်မယ့် ခရမ်းစွဲတွင်းတခုဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးလို့ဆိုပြီး တရုတ်ပြည်မကြီးဘက်က စစ်အင်အားနဲ့ ခြိမ်းခြောက်မှုတွေ ပိုတိုးလုပ်နေပါတယ်။ ထိုင်ဝမ်ကလည်း သူ့ရဲ့ ကာကွယ်ရေးးစွမ်းရည်ကို အားဖြည့် မြှင့်တင်ဖို့လုပ်နေပါတယ်။ ထိုင်ဝမ်မှာနေထိုင်နေကြတဲ့ မြန်မာတွေကရော ဘယ်လောက်စိုးရိမ်နေကြပါသလဲ။ မစုမြတ်မွန်က တင်ပြထားပါတယ်။
ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးလို့ဆိုပြီး ထိုင်ဝမ်ကျွန်းဆွယ်မှာ တရုတ်ပြည်မကြီးဘက်က စစ်အင်အားနဲ့ ခြိမ်းခြောက်မှုတွေ ပိုတိုးလုပ်နေပါတယ်။
လှိုင်မြို့နယ် ၁၃ ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းမှာ ရှိတဲ့ မိုးသောက်ရေသန့်နဲ့ ရေခဲစက်စက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်လို့ အနီးဝန်းကျင် နေသူတွေမှာ အဲဒီအနံ့တွေကို ဇန်နဝါရီလ ၁၂ ရက်၊ ကြာသပတေး ည ၈ နာရီဝန်းကျင်လောက်က စပြီး ရခဲ့တာပါ။ ဓာတ်ငွေ့အနံ့ ရသူတချို့ မူးမေ့လဲတာ၊ အရေပြားစပ်တာတွေ ဖြစ်ခဲ့ပြီး .
နိုင်ငံအနှံ့ မတည်မငြိမ်အခြေအနေအတွင်းမှာဘဲ ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူမှုတွေ တအိမ်တက်ဆင်း စတင်လုပ်ဆောင်နေပါတယ်။ ရန်ကုန်အပါအဝင် တနိုင်ငံလုံးမှာ အခုလိုမဲစာရင်းအတွက် လူဦးရေစာရင်းကောက်ယူမှုတွေ လုပ်နေတာဖြစ်ပါတယ်။
ဥတ္တရအလင်းတန်းတွေအပါအဝင်သဘာဝအလှတရားမျိုးစုံရှိတဲ့ ဖင်လန် နိုင်ငံမှာခရီးသွားလုပ်ငန်းအများစုကသဘာဝထိန်းသိမ်းကာကွယ်ရေးကို ရှေ့တန်းတင်ထားကြပါတယ်။မူလအတိုင်းရှိနေတဲ့ရှုခင်းအလှတွေပျက်စီးမသွားအောင် ဖင်လန်ခရီးသွားလုပ်ငန်းတွေ ဘယ်လိုလုပ်နေကြသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေသွားလေ့လာရအောင်ပါ။
ခါးနာပျောက်အောင် နှိပ်ပေးမယ့်စက်၊ ငှက်အမျိုးအစားခွဲနိုင်တဲ့ ငှက်စာကျွေးစက်စတဲ့ ခေတ်မှီနည်းပညာတွေနဲ့ လုပ်ထားတဲ့ ပစ္စည်းမျိုးစုံကို အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂတ်စ်မြို့မှာကျင်းပခဲ့တဲ့ CES နည်းပညာကုန်စည်ပြပွဲကြီးမှာ ပွဲထုတ်မိတ်ဆက်ခဲ့ကြပါတယ်။ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ သတင်းထောက် အနည်းဆုံး ၉ ဦး ပြန်လွတ်လာ ပေမဲ့ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၅၀ နီးပါး ကျန်ရှိနေတာမို့ သူတို့အားလုံးကို လွှတ်ပေးဖို့ သတင်းမီဒီယာအသိုင်းအဝိုင်းက လိုလားပါတယ်။
အေးချမ်းတဲ့ ဆောင်းရာသီကာလ အလင်းရောင်တွေနဲ့ နွေးထွေးစေဖို့ Belgium နိုင်ငံက တိရစ္ဆာန်ရုံကြီးမှာ ဧရာမပိုးကောင် မီးပုံးရုပ်ကြီးတွေကို မီးထွန်းပြသထားပါတယ်။ ကလေးငယ်တွေကနေ လူကြီးတွေအထိ စိတ်ဝင်စားအောင်ပြသထားတဲ့ မီးထွန်းပွဲကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု New York မြို့က နာမည်ကျော်ကုန်တိုက်ကြီးတွေမှာ အခုလိုကာလဆို ထူးသထက်ထူးတဲ့ အပြင်အဆင်တွေနဲ့ အလှဆင်ထားကြပါတယ်။ လက်ဆောင်တွေပေးပြီး ချစ်ခြင်းမေတ္တာ၊ ကြည်နူးစိတ်တွေနဲ့ နှစ်သစ်ကိုကြိုဆိုကြအောင် အပြိုင်စွဲဆောင်ထားတဲ့ကုန်တိုက်ကြီးတွေဆီ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါမယ်။
အမေရိကန်ပြည်ထောင်စု Miami မြို့မှာ Digital အနုပညာဖန်တီးမှု အသားပေးပြသတဲ့ အနုပညာပွဲတော်တခုကို ဒီဇင်ဘာလဆန်းက လုပ်ခဲ့ပါတယ်။ မျိုးဆက်သစ် မျိုးဆက်သစ်ဝဘ်လို့ပြောကြတဲ့ Web 3.0 နဲ့ NFT တိုကင်အနုပညာတွေကို အဓိကထားပြသခဲ့တဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အပြောင်းအလဲ မြန်ဆန်နေတဲ့ ကမ္ဘာကြီးမှာ ဒီနေ့ကြားနေရတဲ့ အသံတွေ ကွယ်ပျောက်သွားနိုင်တာမို့ နောင်မှာ မကြားရနိုင်တော့မယ့်အသံတွေကို ဘယ်လိုနည်းနဲ့ စုဆောင်း သိမ်းဆည်းနေသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်