၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် မနုနုအောင်၊ မခက်ခက်အောင်နဲ့ သူ့ရဲ့ သားဖြစ်သူ ကိုမြတ်သူတို့သုံးဦးကို စစ်ကောင်စီကထောင်ဒဏ် ၁၅ နှစ်ချမှတ်တဲ့တချိန်တည်း NLD တီဝင်တွေ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေးအရ ဖမ်းထားသူတွေကို စစ်ကောင်စီက ထောင်ဒဏ်အသီးသီး ချမှတ်နေပါတယ်။
“EAO တွေအပါအဝင် နည်းပညာအထောက်အကူပြုမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကတော့ တော်တော့်ကို နိုင်ငံရေးအားဖြင့် ရှေ့တလှမ်းရောက်သွားတာပေါ့။ ဒီဘက်ကို အသိအမှတ်ပြုလိုက်တဲ့သဘောပေါ့နော်။ အထူးသဖြင့် NUG အပါအဝင် EAO တွေကို ရဲရဲတင်းတင်းပေါ့နော်-အသိအမှတ်ပြုလိုက်တယ်။” (ဦးဖေသန်း- ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
“ဖြစ်နိုင်ခြေရှိတဲ့ ပျောက်ဆုံးလူတွေ စာရင်းကောက်ကြည့်တော့ ၅ ယောက်တွေ့ရတာဗျ။ ဦးသိန်းအောင်၊ ဦးအဲမောင်၊ နိုင်ဝင်းထွန်း၊ ကံမင်းစိုး၊ ဦးမြင့်စိုး။ အဲ့လူတွေ ပျောက်ဆုံးနေတာနဲ့ ၅ လောင်း တွေ့ရတာနဲ့ တိုက်ဆိုင်ပြီးတော့ သူတို့ ဖြစ်နိုင်တယ် ဆိုပြီးတော့မှ ကောက်ချက် ချရတော့တာဗျ။ ဒေသခံတွေပဲဗျ။” (ကိုဒေါင်းနီ-PDF)
အမေရိကန်ဖွဲ့စည်းပုံရဲ့ ပထမဆုံးစာသားဖြစ်တဲ့ 'We the People' ဆိုတဲ့အတိုင်းအမေရိကန်ပြည်ထောင်စုကို စုစည်းထားတဲ့ ကျွနုပ်တို့ပြည်သူတွေဆိုတဲ့အချက်ကို ပေါ်လွင်အောင်အိမ်ဖြူတော်တခုလုံးကိုအလှဆင်ထားပါတယ်။ သမ္မတကတော်ကိုယ်တိုင်ရှင်းပြထားတဲ့အပြင်အဆင်တွေကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေကြည့်ရအောင်ပါ။
မြန်မာနိင်ငံကစစ်ပွဲတွေအတွင်း မြေမြှုပ်မိုင်းအသုံးပြုကြတဲ့အထဲမှာ ပလပ်စတစ်နင်းမိုင်းတွေအမြောက်အများတွေ့လာရပြီး ဒါဟာ ပဋိပက္ခအလွန်ကာလမှာ ဖြေရှင်းဖို့ခက်ခဲတဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
“ပုံမှန်အားဖြင့် တရားစီရင်ရေးလုပ်ထုံးလုပ်နည်းမှာ ရှေ့နေခေါ်ခွင့်ပေးရမယ်။ ခုခံချေပခွင့်ပေးရမယ်။ တရားရုံးအဆင့်ဆင့်နဲ့ဆိုင်တဲ့လုပ်ထုံးလုပ်နည်းတွေရှိတယ်။ အဲဒီလုပ်ထုံးလုပ်နည်းတွေကို ဘာတခုမှမသိရဘဲနဲ့၊ ဘာရှေ့နေမှ ခေါ်ခွင့်မရဘဲနဲ့ သူ့ကိုသေဒဏ်ချလိုက်တယ်ဆိုမှပဲ သိရတဲ့အခြေအနေဖြစ်တာပေါ့နော်။“ (မိသားစုနဲ့နီးစပ်သူ)
ကုန်ဈေးနှုန်းတွေကြီးနေတဲ့ အခု ၂၀၂၂ ခုနှစ်မှာ Christmas အပြင်အဆင်တွေကို အကုန်အကျ နည်းနည်းနဲ့ ပြင်ဆင်နိုင်ဖို့ မိသားစုတော်တော်များများ နည်းလမ်းရှာနေကြရပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ မှာလုပ်ခဲ့တဲ့ အိမ်တွင်းအလှဆင်ပစ္စည်းများပြပွဲကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
၂၀၂၂ ကမ္ဘာဖလားပွဲတွေမှာ လူကျွံ မကျွံလို ကိစ္စတွေကို နည်းပညာ ပံ့ပိုးကူညီမှုနဲ့ ဆုံးဖြတ်နိုင်အောင် လုပ်ထားပါတယ်။ ကွင်းပါတ်လည်တပ်ဆင်ထားတဲ့ကင်မရာတွေနဲ့ ရွေ့လျားသမ ျှ တောက်လေ ျှာက် ခြေရာကောက်နိုင်တဲ့ ဘောလုံးတွေအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ဧပြီလ ၁၈၊ ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်မှုနဲ့ ဖမ်းဆီးထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ယောက်စလုံးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (က) လူသတ်မှုနဲ့ စစ်ခုံရုံးတင် စစ်ဆေးခဲ့ပြီး မနေ့ နိုဝင်ဘာ ၃၀ မှာ အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးကနေ သေဒဏ် အမိန့်ချလိုက်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌက ဗွီအိုအေကိုပြောပါတယ်။
အခုလို ခရစ္စမတ်ပွဲတော်ကာလမှာ New York မြို့က Brooklyn ရုက္ခဗေဒဥယျာဉ်ကြီးနဲ့ Bronx တိရစ္ဆာန်ရုံကြီးတို့မှာ အနုပညာလက်ရာတွေကို မီးရောင်တွေနဲ့တွဲပြီးအလှဆင်ထားပါတယ်။ မီးရောင်တွေကြား နစ်မျော ပျော်ရွင်စေအောင်အလှပြထားတာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အွန်လိုင်းပေါ်မှာ Crypto ငွေကြေးတွေ ရောင်းဝယ်နိုင်တဲ့ FTX ဈေးကွက်ကြီး ဒေဝါလီခံလိုက်ပြီးနောက် ဗဟိုဘဏ်တွေရဲ့ ကြီးကြပ်မှုမရှိတဲ့ Crypto ငွေကြေးတွေကို ရင်းနှီးမြှူပ်နှံသင့်သလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ပြန်ရှိလာနေပါတယ်။ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ဥရောပက ကုန်တိုက်ကြီးတွေမှာ Christmas ရာသီ အစဉ်အလာအတိုင်း မီးအလှတွေထွန်းပြီး၊ ထူးခြားတဲ့ အပြင်အဆင်တွေနဲ့ ပြူတင်းပေါက်ကြီးတွေကို ပြသထားပါပြီ။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါ။
ကာတာနိုင်ငံရဲ့ အပူဒဏ်ကို ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲကြည့် ပရိတ်သတ်တွေ မခံစားရအောင် ဘောလုံးကွင်းတွေကို နည်းပညာနဲ့ အေးနေအောင်လုပ်ထားပါတယ်။ ပွဲကြည့်ထိုင်ခုံတွေအောက်က လွှတ်ပေးနေတဲ့ လေအေးတွေကို ကွင်းထဲမှာ ထိန်းထားနိုင်အောင် ဘယ်လိုလုပ်နေသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ကိုယ်နေဟန်ထားနဲ့ခြေထောက်လှုပ်ရှားမှုကို အဓိကအသားပေးတဲ့ Tango စုံတွဲအကကျွမ်းကျင်တဲ့ အမျိုးသမီတွေက သူတို့အတွက် ဒေါက်ဖိနပ်က အရေးအကြီးဆုံးလို့ပြောကြပါတယ်။ Tango အက ဇစ်မြစ်ဖြစ်တဲ့ Argentina နိုင်ငံကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေသွားပြီး လေ့လာရအောင်ပါ။
"လောလောဆယ်ကတော့ ကျနော်တို့ ကုန်သည်တွေ ပစ္စည်းကတော့ သယ်လို့ ရမယ်ထင်ပါတယ်။ ၃ လလောက် ပိတ်တယ်လို့တော့ အိန္ဒိယဘက်က ကြေညာလိုက်တာပဲ။ သူတို့ ပိတ်တယ်ဆိုတာကလည်း အိန္ဒိယထဲမှာ သွားပြီးတော့ မြန်မာဘက်က ဆိုင်တွေဖွင့်တာရှိတယ်။ အဲဒါတွေကို ပိတ်ချင်တာဖြစ်မယ်။" (တမူးနယ်စပ်ကုန်သည်)
မြန်မာနိုင်ငံတွင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တာရှည်ခံမယ့် အဖြေတခုထုတ်နိုင်အောင် ASEAN က ကူညီသွားမယ်လို့လည်း ASEAN ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး လေ့လာသူတွေကတော့ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းချက်တွေ ထိရောက်ပါ့မလားဆိုတာ သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။
ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်အပေါ် ပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားတဲ့အမှုအတွက် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာ အမိန့်ချဖို့ စီစဉ်ထားတာကို နောက်ထပ် သီတင်းနှစ်ပတ်ရွှေ့ဆိုင်းခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံက စူးစမ်း စွန့်စားတတ်တဲ့ သတင်းထောက် Tititn ကာတွန်းဇတ်ကောင်လေးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေအကြောင်း စပိန်နိုင်ငံ Madrid မြို့တော်က ယဉ်ကျေးမှုစင်တာတခုမှာ ပြသထားပါတယ်။ Tititn ကာတွန်းတွေနဲ့ သူ့ရဲ့ ဖန်တီးသူအကြောင်း မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
ဥရောပကကမ္ဘာကျော် ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားတချို့ကို ဗြိတိန်နိုင်ငံက ပြခန်းတခုမှာ နည်းပညာသုံးပြီး အသွင်သစ်နဲ့ ပြသနေပါတယ်။ လာကြည့်သူတွေ ပန်းချီကားထဲရောက်နေတယ်ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် ဒစ်ဂျစ်တယ်ပုံရိပ်ထိုးနည်းပညာနဲ့ ပြသထားတာကို ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ်။
ကင်ညာနိုင်ငံမှာ တိရစ္ဆာန်တွေနဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို လူတိုင်း စာရင်းပြုစု ပေးနိုင်အောင် ကင်ညာအမျိုးသားပြတိုက်က Mobile app တခုလုပ်ထားပါတယ်။ ဘယ်လိုတိရစ္ဆာန်ကို ဘယ်နားမှာ တေ့ွခဲ့ရတယ်ဆိုတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပေးလို့ရတဲ့ App အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်