Brazil နိုင်ငံ Rio de Janeiro မြို့ အမြဲစိမ်းသစ်တောဥယျာဉ်ကြီးတွေရှိတာကြောင့် မြို့ခံတွေ သဘာဝရဲ့အေးချမ်းမှုကို အချိန်မရွေး ထိတွေ့ခံစားနိုင်ကြပါတယ်။ ဝေးဝေးလံလံသွားဖို့ မလိုဘဲ မြို့ထဲမှာတင် သဘာဝအလှတွေရှိတဲ့ Rio မြို့ကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ပလပ်စတစ်အမှိုက်ရဲ့ ဆိုးကျိုးတွေကို သိရှိအောင် ပညာပေးမှုအားနည်းနေသေးသလို လူငယ်တွေကြားမှာလည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်းရမယ်ဆိုတဲ့ အသိရှိသူက လူနည်းစုပဲရှိသေးတယ်လို့ Mangrove Ranger အစီအစဉ်ကို ဦးဆောင်ခဲ့ဖူးတဲ့ ကိုထက်လင်းနိုင်က ပြောပါတယ်။မစုမြတ်မွန်က မေးမြန်းတင်ဆက်ထားပါတယ်။
Australia နိုင်ငံရဲ့ ယဉ်ကျေးမှု၊ အနုပညာနဲ့ နည်းပညာတွေပေါင်းစပ်ထားတဲ့ မီးရောင်စုံပွဲတော် Vivid Sydney ကို June လ ၁၇ ရက်နေ့အထိ Sydney မြို့မှာ ကျင်းပနေပါတယ်။မြို့ထဲက အထင်ကရနေရာတွေ၊ ထူးခြားတဲ့အဆောက်အဦးတွေကို မီးအလှဆင်ထားတဲ့ပွဲတော်ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်ထဲက ဒုက္ခသည်စခန်းတခုမှာ မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် အမေရိကန်ပညာရေးပရဟိတအဖွဲ့တခုက ကျောင်းဖွင့်ထားပါတယ်။ ကျောင်းဖွင့်ပေးတာနဲ့ပါတ်သက်လို့ Hope for Tomorrow အဖွဲ့တည်ထောင်သူ Justin Thang ကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အီတလီနိုင်ငံက ပန်းချီအကျော်အမော်ကြီး Botticelli(ဘော်တီချဲလ်လီ)ရေးဆွဲခဲ့တဲ့ Venus(ဗီးနပ်စ်)အချစ်နတ်မိမယ်ပုံကို အီတလီနိုင်ငံ ခရီးသွားဝန်ကြီးဌာနကသုံးပြီးခရီးသွားကြော်ငြာတွေဖန်တီးလိုက်လို့ အငြင်းပွားစရာဖြစ်နေပါတယ်။ဘယ်လိုကြောင့်လဲဆိုတာ မစုမြတ်မွန်နဲ့အတူကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေသွားပြီးကြည့်ရအောင်ပါ။
အင်္ဂလိပ်စာသင်ချင်လို့ လေ့လာရင်းကနေ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဘွဲ့လွန်တက်နိုင်တဲ့အထိ ဖြစ်လာခဲ့တာလို့ ဘွဲ့လွန်ကျောင်းသား ကိုနိုင်လင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၄ တန်းပဲအောင်ခဲ့ပေမဲ့ ချင်းမိုင်တက္ကသိုလ်မှာ သင်နိုင်ဖို့ ဘယ်လိုကြိုးစားခဲ့သလဲဆိုတာ မစုမြတ်မွန်က မေးမြန်းတင်ပြထားပါတယ်။
ကမ္ဘာမှာ Robusta(ရိုဘတ်စတာ) အမျိုးအစားကော်ဖီစေ့ အများဆုံးထွက်တဲ့ ဗီယက်နမ်နိုင်ငံက ကမ္ဘာ့ဈေးကွက်မှာနံပါတ် ၁ နေရာယူထားတဲ့ Arabica(အရာဘစ်ကာ) အမျိုးအစားကော်ဖီစေ့တွေလို ထိပ်တန်းရောက်အောင် ကြိုးစားနေကြပါတယ်။ဗီယက်နမ် ကော်ဖီလုပ်ငန်းအကြောင်းမစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
စိတ်ကျန်းမာရေးဆိုတာ ဘာကို ပြောတာပါလဲ။ လူမှုကွန်ရက်တွေကြောင့် စိတ်ပိုင်းထိခိုက်မှုတွေ ပြေလျော့အောင် ဘယ်လိုလုပ်နိုင်သလဲဆိုတာတွေကို မစုမြတ်မွန်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ က စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာနီလာသွင်နဲ့ မေးမြန်းပြီး လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အမှုအတွက် ထပ်ပြီးထောင်ချလိုက်တာပါ။
ဗြိတိန်နိုင်ငံ Windsor မြို့က တော်ဝင်အမှတ်တံဆိပ်ရထားတဲ့ ဘီယာချက်လုပ်ငန်းကနေ Charles ဘုရင်နန်းတက်တာကို ဂုဏ်ပြုတဲ့ အထူးဘီယာ ထုတ်လုပ်ထားပါတယ်။ Return of the King လို့နာမည်ပေးထားတဲ့ ဘီယာသစ်ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားမြည်းကြည့်ရအောင်ပါ။
အမေရိကန်ပြည်ထောင်စုက Yale တက္ကသိုလ်ကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးပြုဘာသာရပ်တွေကို သင်ကြားနေပါတယ်။ မြန်မာနဲ့ဆိုင်တဲ့ သင်ကြားမှုတွေအကြောင်း အရှေ့တောင်အာရှအထူးပြု ပါမောက္ခ ဒေါက်တာဒေးဗစ်မိုးကို မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ မေးမြန်းတင်ပြထားပါတယ်
တတိယမြောက် Charles ဘုရင်နန်းတက်ပွဲကျင်းပဖို့ ဗြိတိန်မှာ အသေးစိတ်ပြင်ဆင်မှုတွေကို လုပ်နေပါတယ်။ နန်းတက်ပွဲအခမ်းအနားလုပ်မယ့် ဘုရားရှိခိုးကျောင်းကနေ၊ နန်းတက်ပွဲကအပြန် ဘုရင်ကြီးစီးမယ့် ရထားလုံးအထိ အစီအစဉ် ပြင်ဆင်နေကြတာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါ။
ဟင်းချက်နည်းကို တင်ပြနိုင်တဲ့ လူမှုကွန်ရက်တွေပေါ်က Video အတိုလေးတွေဟာ ဒီနေ့ခေတ်စီးပွားရေးအောင်မြင်ဖို့ သိပ်ကိုအရေးကြီးတဲ့အခန်းကနေ ပါဝင်နေပါပြီ။ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က ငရုတ်ကြော်ဆီ Chili Oil လုပ်ငန်းလုပ်နေသူ မမေကြည်နူးကို မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ မေးမြန်းထားပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်တွေ ကြာသပတေးနေ့က လေကြောင်းနဲ့ထပ်မံပစ်ခတ်ခဲ့ပြီးနောက် ရွာထဲကို ဝင်ရောက် မီးရှို့ခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင်သွားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ဂျော်ဂျီယာနိုင်ငံ ကော်ကေးဆပ်တောင်တန်းတွေကြားမှာရှိတဲ့ Mestia တောင်ပေါ်မြို့ကို ခရီးသွားလို့အကောင်းဆုံး ကျေးလက်မြို့တမြို့အဖြစ် ကုလသမဂ္ဂရဲ့ UNWTO ခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ၂၀၂၂ ခုနှစ်က သတ်မှတ်ခဲ့ပါတယ်။ ဘယ်လိုထူးခြားမှုရှိပါသလဲ၊ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းလာတက်နေတဲ့ မြန်မာနိုင်ငံကကျောင်းသူ ကျောင်းသားတွေ အလုပ်ဘယ်လိုရှာရမလဲ၊ အင်တာဗျူးခေါ်ခံရရင် ဘာတွေ ပြင်ဆင်ထားသင့်တယ်ဆိုတာကို ကော်ပိုရိတ်အလုပ်အကိုင်ရှာဖွေပေးသူ မဘုန်းမြတ်သရဖီကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ ဒုတိယပိုင်းအဖြစ် တင်ဆက်ထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ ဒေသခံ စုစုပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တယ်လို့ အလည်တိုက်နယ် ကာကွယ်ရေးတာဝန်ခံ က ပြောပါတယ်။
Super Mario ဂိမ်းဝါသနာရှင်တွေအတွက် အမေရိကန်ပြည်ထောင်စု Hollywood မှာ Super Nintendo World ကစားကွင်းကြီး ရှိနေပါပြီ။ Mushroom Kingdom ထဲမှာ Mario တို့ညီအကိုနဲ့အတူ စိန်ခေါ်မှုတွေကို အတူကျော်လွှားကစားနိုင်မယ့် ဂိမ်းကမ္ဘာကြီးဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
အလုပ်ရှာသူတွေအတွက် ပထမဆုံးအရေးကြီးတာက ကိုယ်နဲ့အကိုက်ညီဆုံးအလုပ်က ဘာလဲဆိုတာ အသေအချာသိဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ အလုပ်အကိုင်ရှာဖွေပေးသူတွေက အကြံပြုပါတယ်။စနစ်တကျ ပြင်ဆင်သင့်တဲ့အကြောင်း ကော်ပိုရိတ်အလုပ်အကိုင်ရှာဖွေပေးသူ မဘုန်းမြတ်သရဖီကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှု့ခင်းမှာတင်ဆက်ထားပါတယ်။
Switzerland နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နာရီပြပွဲကြီးမှာ စွဲမက်လိုချင်စရာ နာရီတွေကနေ ရင်းနှီးမြှပ်နှံမှုပစ္စည်းလိုသတ်မှတ်နိုင်တဲ့ ဇိမ်ခံနာရီမျိုးစုံကို ပြသခဲ့ကြပါတယ်။ ဇိမ်ခံနာရီထုတ်လုပ်တဲ့လုပ်ငန်းကြီး ၄၈ ခုက အကောင်းတကာ့ အကောင်းဆုံးနာရီတွေ အပြိုင်ပြသခဲ့ကြတဲ့ပွဲကို မစုမြတ်မွန်နဲ့အတူ သွားကြည့်ရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်