ကျူးလစ်ပန်းတွေအပါအဝင် ရောင်စုံပန်းအလှမျိုးစုံနဲ့ နယ်သာလန်နိုင်ငံက ကိုးကင်ဟော့ဖ်ပန်းဥယျာဉ်ကို ၂၀၂၂ မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကြာပိတ်ထားခဲ့ရပြီးမှ ပြန်လည်ဖွင့်တာပါ။ ကမ္ဘာ့အကြီးဆုံးကျူးလစ်ပန်းဥယျာဉ်ကြီးအကြောင်း မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
၁၇ ရာစုတုန်းက ကမ္ဘာကျော်ပန်းချီဆရာကြီး ၂ ယောက် ဂန္ဓာရုံကို အသားပေးရေးဆွဲထားတဲ့ ပန်းချီကား ၁ ချပ်ကို နည်းပညာကျေးဇူးကြောင့် အမြင်နဲ့တင် မဟုတ်ဘဲ အနံ့နဲ့ပါ ခံစားလို့ရနိုင်ပါပြီ။ ပန်းချီကားကို ဂန္ဓာရုံနဲ့ပါ ခံစားနိုင်အောင် ဘယ်လိုဖန်တီးထားသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
"သင်္ကြန်ပွဲက မိသားစုအမွေပေးလို့ ရတာမဟုတ်ဘူး။ အမွေပေးခဲ့တာလည်း မဟုတ်ဘူး။ အဲတော့ ကလေးငယ်တွေပေါ့နော်၊ ကိုဗစ်အချိန်မှာတောင်မှ သူတို့သဘောနဲ့သူတို့ နည်းနည်းပါးပါးပက်ကြတာလေး တွေ့မိတာ ပေါ့နော်။ ဒီအချိန်မှာကျတော့ သူတို့မတောင်းဆိုဘူးဗျ။ သူတို့ကို မကစားရဘူးလို့ ဘယ်သူမှလည်း မပိတ်ပင်ဘူး။ (မန္တလေးမြို့ခံတဦး)
“..သူက တဘက် PDF တွေကို လိုက်ပစ်ဖမ်းနေတာ။ ကားပေါ်မှာသေနတ်လည်း ပါတယ်။ ကိုယ်လည်း ဘာလုပ်ရမှန်းမသိဘူး။ သူက ကိုယ်တွေကို သင်္ကြန်တွင်း ညဘက် ၈ နာရီနောက်ပိုင်းမထွက်ဖို့၊ ထွက်ရင်လည်း မှတ်ပုံတင်ယူလာဖို့ပြောတယ်။ PDF တွေကို ပိုက်စိပ်တိုက်ရှာမှာမို့ သတိထားသွားဖို့ သူကတောင် မှာတယ်။” (မြောက်ဥက္ကလာပသူတဦး)
“လမ်းမတော်မှာ စိုးရိမ်ရတဲ့သူတယောက်၊ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး။ ဒါပါပဲဗျ။ လုံခြုံမှုရှိအောင် ကျနော်တို့ ဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ဖမ်းဆီးရမိသူတွေလည်းရှိပါတယ်။ ရန်ကုန်ရော၊ မန္တလေးရော ၂ ခုလုံးမှာတော့ ဖမ်းဆီးရမိသူတွေရှိတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း စစ်ကောင်စီပြောခွင့်ရ)
“စစချင်း ညောင်ငုတ်တိုမှာ တိုက်ပွဲရှိတော့ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းည ၂ နာရီလောက် မနက်ကို ရွာနန်းဘက်ကို စစ်ကြောင်းဆွဲတယ်။ မိုးလင်း ၅ နာရီလောက်မှာ စရှို့တယ်။ အဲဒီကနေ စရှို့လိုက်တာ အိမ်ခြေက ၁,၀၀၀ ဝန်းကျင်လောက် ရှိတဲ့ဟာက ၅၀၊ ၆၀ အဲဒီ ဝန်းကျင်ပဲ ကျန်တော့မယ် အခုက။ (ရွာနန်းရွာသား)
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ အသက်မပြည့်သေးသူ ကလေးသူငယ်အရေအတွက်ဟာ ရန်ကုန် တမြို့တည်းမှာတင် အယောက် ၃၀၀ ကျော်ရှိနေပြီး ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ကလေးသူငယ်အရေး လှုပ်ရှားသူတွေကပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံမှာ တရုတ်အစိုးရသဘောထားထင်ဟပ်တဲ့အကြောင်းကိုသာ ဦးစားပေးဖော်ပြနေတာကြောင့် တရုတ်နိုင်ငံရောက် ယူကရိန်းလူမျိုးတွေက ယူကရိန်းနိုင်ငံသတင်းတွေ အသေအချာ သိနိုင်အောင် ကြိုးစားနေကြပါတယ်။ AFP သတင်းကိုအခြေခံပြီး မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ကမ္ဘာတဝန်း အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးတိုးတက်စေဖို့ အမေရိကန်ပြည်ထောင်စုက စစ်လက်နက် ဖျက် သိမ်းရေးနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လက်နက်ရှင်းလင်းရေးနဲ့ လျှော့ချရေးဆိုင်ရာ အစီအစဉ်အကြီးအကဲက ပြောလိုက်ပါတယ်။
လက်ကိုင်စမတ်ဖုန်းလို အီလက်ထရောနစ်ပစ္စည်းတွေတိုင်းမှာပါတဲ့ Circuit board တွေကနေ ရွှေထုတ်ဖို့ ဗြိတိန်နိုင်ငံရဲ့ Royal Mint တော်ဝင်ဒင်္ဂါးစက်ရုံက တီထွင်နေပါပြီ။ အမှိုက်ကနေ ရွှေကို ဘယ်လိုနည်းပညာသုံး ထုတ်လုပ်မလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာတင်ပြထားပါတယ်။
“၂၄ (ဂ/ဃ/င) အရ သတ်မှတ်ရက်အတွင်း ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာမရှိရင် နိုင်ငံရေးပါတီကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းတာ၊ ယာယီရပ်ဆိုင်းတဲ့ကာလအတွင်းမှာ (ဃ)အရ သတ်မှတ်ထားတဲ့လုပ်ငန်းတွေကလွဲရင် ကျန်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုရဘူး။ နောက် (င) အရ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူနိုင်ပါတယ်။ (ဦးခင်မောင်ဦး)
ကမ္ဘာမြေကြီး ရေရှည်တည်တံ့အောင် UAE က အလေးထားလုပ်နေတာတွေကို ဒူဘိုင်းမြို့မှာ အသစ်ဖွင့်တဲ့ အနာဂါတ် ပြတိုက်မှာ ပြသထားပါတယ်။ ထူးခြားတဲ့ပုံစံ အထပ် ၇ ထပ်မြင့်တဲ့ ပြတိုက်ကြီးထဲမှာ ခေတ်ရှေ့ပြေးနည်းပညာတွေသုံးပြီး ပြသထားတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
“ခေတ်အဆက်ဆက် အမျိုးသမီးတွေကို ဖိနှိပ်၊အကြမ်းဖက်၊ ခွဲခြားဆက်ဆံခဲ့တာတွေကို အာဏာရှင်နဲ့တပါတည်း တော်လှန်တိုက်ထုတ်ရတယ်ပေါ့။ ဒါကြောင့် အမျိုးသမီးတွေရဲ့ တော်လှန်မှုကအရေးပါတယ်။ နောက် အရင် အမျိုးသမီးသပိတ်မှာ သုံးခဲ့တဲ့ ‘အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲက မအောင်မြင်နိုင်ပါဘူး’ ဆိုတာမျိုးပေါ့။ (သပိတ်အဖွဲ့ဝင်)
5G ဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်နိုင်တဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေအပြင်၊ ယူကရိန်းကို ရုရှားကျူးကျော်စစ်တိုက်နေတဲ့ ကိစ္စတွေ လွှမ်းမိုးခဲ့တဲ့ Mobile World Congress ကုန်စည်ပြပွဲကြီးအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်လိုက်တဲ့ အဂတိလိုက်စားမှုအတွက် ပြန်ခေါ်သက်သေတွေဖြစ်တဲ့ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် သက်သေ ၄ ယောက်ကို ဒီကနေ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။
“စစ်ကိုင်းတိုင်းမှာ ၃ မြို့နယ်ပဲ အင်တာနက်ရပါတယ်။ စစ်ကိုင်းရယ်၊ ကလေးရယ်၊ ရွှေဘိုရယ်ပါရှင်။ စစ်ကိုင်းတိုင်းထဲက ကျန်မြို့နယ်တွေ အားလုံးကို မတ်လ ၃ ရက်နေ့ ည ၁၁ နာရီကနေစပြီးအင်တာနက် ဖြတ်တောက်ထားတာပါရှင်။ ဖုန်းပြောတာရယ်၊ SMS ရယ်နဲ့ 2G တော့ သုံးလို့ရပါတယ်။” (MPT Call Center)
ယူကရိန်းနိုင်ငံကို ရုရှားက စစ်ဝင်တိုက်ခဲ့တဲ့ဂယက်ဟာ မြန်မာနိုင်ငံကိုလည်းရိုက်ခတ်ခဲ့ပြီး ရွှေဈေးက တရက်အတွင်း ၁ ကျပ်သားကို ပျှမ်းမျှ ကျပ် ၄ သောင်းဝန်းကျင် ဈေးတက်ခဲ့သလို ဓါတ်ဆီဈေးကလည်း တရက်အတွင်း တပီပါကို ကျပ် ၁၀,၀၀၀ လောက် ဈေးတက်သွားပါတယ်။
“အခုက တလကို တပြားမှ မရတော့ကျတော့ အကုန်လုံးက အခက်အခဲတွေ ရှိတယ်။ အဲ့လိုမျိုး၊ တချို့တော့ကျတော့ ကျနော်တို့ CDM လုပ်ရင်းတန်းလန်းနဲ့ ဆုံးသွားတာတွေရှိတယ်။ စားဝတ်နေရေး အခက်အခဲကြောင့်၊ အခုလောလောဆယ်တော့ ကျနော်တို့မှတ်ထားတဲ့ အရေအတွက်အရတော့ ၁၂ ယောက်လောက်တော့ ရှိသွားပြီဗျ။” (ထောက်ရှာပင် CDM ဝန်ထမ်း)
၂၂၊ ၂၊ ၂၀၂၂ - “၂” ခြောက်လုံးသပိတ်၊ ပြန်လည်စုရုန်း ၂- ခြောက်လုံးစည်ကားသပိတ်ဆိုပြီး ဒီနေ့ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်တွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့ မြို့တချို့မှာ လျှပ်တပြက် စုဝေးခဲ့ကြပါတယ်။
“စိတ်ဝင်စားမှုရှိတာပေါ့။ ဒီနိုင်ငံရေးအပြောင်းအလဲမှာ တခုပါကိုပါနေတဲ့ကိစ္စလေ။ ထိထိရောက်ရောက် လုပ်ရမယ့်ကိစ္စ။ နောက်ဆုံးကယ်မှာက အာဏာရှင် နိဂုံးချုပ်ဖို့ကယ်မှာ။ ICJ ၊ ICC ၊ လုံခြုံရေးကောင်စီတွေ အဲဒီလိုင်းကလည်း အရေးကြီးတဲ့ တလိုင်းပဲ။ နိုင်ငံရေးအရ စိတ်ဝင်စားကို စိတ်ဝင်စားရမယ်။ အရေးကိုကြီးတယ်။” (ရှေ့နေတဦး)
နောက်ထပ်ကြည့်ရှုရန်