၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေးအပေါ် ပုဒ်မ ၅၀၅-ဂ နဲ့ တရားစွဲထားတဲ့အမှုကို မတ်လ ဒုတိယပတ်မှာ အမိန့်ချဖို့ရှိနေပြီး မုံရွာပင်မသပိတ် လူငယ်ခေါင်းဆောင် ပင်ဒါလို့လူသိများတဲ့ ကိုဝေမိုးနိုင်ကိုလည်း သူ့အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက ၂ ခုကို စွဲချက်တင်သင့် မသင့် ရှေ့သီတင်းပတ်ထဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။
“မီတာခကတော့ ပုံမှန်လာတယ်။ လာပြီဟေ့ဆိုရင်လည်း တနေကုန်သုံးချိန်မရှိဘဲနဲ့ မီတာခတွေက ဒီလတသောင်းဆိုရင် နောက်လသုံးသောင်းကျော်၊ ဘယ်လိုဖြစ်လို့ သုံးသောင်းကျော်လို့ ကျော်မှန်းလည်း မသိဘူး။ မီတာခက ပုံမှန်လာတယ်။ ဈေးကလည်း ပုံမှန်တက်နေတယ်။ ဒါပေမယ့် ဘာသုံးလို့ သုံးမှန်းလည်း မသိဘူး။ (မော်လမြိုင် မြို့ခံ)
နှလုံးခုန်ရုတ်တရက်ရပ်သွားသူတွေရှိရာ နှလုံးပုံမှန်ပြန်ခုန်အောင်လုပ်ပေးတဲ့စက်တွေ အမြန်ဆုံးရောက်အောင် Sweden နိုင်ငံမှာ အဝေးထိန်း ဒရုန်းယာဉ်နဲ့ စမ်းသပ်ပို့ပေးနေပါတယ်။ နည်းလမ်းသစ်နဲ့ လိုရာ အမြန်ဆုံးပို့နိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး မစုမြတ်မွန်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်းက မြို့ကြီးတွေမှာ ဒီကနေ့ “silent strike” အသံတိတ်သပိတ် မှောက်ကြတဲ့အတွက် လမ်းတွေပေါ်မှာ အများအားဖြင့် အသွားအလာနည်းမရှိသလောက် ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တနှစ်အတွင်း အင်တာနက်ဆက်သွယ်မှုအပေါ် ကန့်သတ် ပိတ်ပင်မှုတွေကြောင့် အင်တာနက်ကို မှီတည်လုပ်ကိုင်နေတဲ့ နည်းပညာအခြေခံလုပ်ငန်းတွေအားလုံး ထိခိုက်ခဲ့ပါတယ်။ အရှိန်ကောင်းနေခဲ့တဲ့ နည်းပညာလုပ်ငန်းတွေရဲ့ အပြောင်းအလဲ စိန်ခေါ်မှုတွေကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အထူးအစီအစဉ်အဖြစ် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ 5G ကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်အတွက်သုံးမယ့် C-Band ထဲက Frequency ကြိမ်နှုန်းတွေကြောင့် ပြဿနာဖြစ်နေပါတယ်။ Telecom လုပ်ငန်းကြီး ၂ ခုက တနိုင်ငံလုံး 5G ကွန်ရက်ဖြန့်တဲ့နေ့မှာ တချို့လေဆိပ်တွေနား ချန်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာရှင်းပြထားပါတယ်။
Las Vegas မြို့မှာ ကျင်းပခဲ့တဲ့ နည်းပညာဆိုင်ရာ CES ကုန်စည်ပြပွဲကြီးမှာ အွန်လိုင်း ဖန်တီးကမ္ဘာ Metaverse နဲ့ပါတ်သက်တဲ့ စင်တင်မိတ်ဆတ်မှုတွေ လူပြောများခဲ့တဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
“အကြမ်းဖက် ၃၀ လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတာရှိတယ်။ ဒါကြောင့်မို့လို့ ဒီယာဉ်တွေကို မရပ်တန့်တဲ့အတွက် .... လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တယ်။ ဒါကြောင့်မို့လို့ တချို့ကားတွေ မီးလောင်တာရှိတယ်။ အဲဒီမှာ ၂၅ ဦး အသက်သေဆုံးတယ်။ ၂၅ ဦးထဲမှာလည်း ကလေးတယောက်မှ မပါပါဘူး။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
Omicron ကိုဗစ်ပိုးသစ် ကူးစက်မှု မြင့်တက်နေတဲ့ နှစ်ကုန်ပိုင်းမှာ ကိုဗစ် စည်းကမ်း ကန့်သတ်ချက်တွေကို နိုင်ငံတွေ ပြန်လည် ထုတ်ပြန်နေကြပါတယ်။ ဒါကြောင့် ရှေ့လာမယ့် ၂၀၂၂ ခုနှစ်ထဲ ခရီးသွားလုပ်ငန်း အခြေအနေ ဘယ်လိုရှိနိုင်ပါသလဲ။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အထူးအစီအစဉ်မှာ တင်ပြထားပါတယ်။
အိုမီခရွန် ဗီဇပြောင်းကိုဗစ်ပိုး အန္တရာယ်ကြောင့် ဥရောပနိုင်ငံတွေက ခရစ္စမတ်ဈေးပွဲတော်တွေကို ပြန်ပိတ်လိုက်ရပေမဲ့ ခရိုအေးရှား၊ ဇေဂရက်ဘ် မြို့တော်က ဈေးပွဲတော်ကိုတော့ တော်တော်စည်စည်ကားကား ကျင်းပပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ်တော့ ပြရမှာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေးပြန်ရဖို့ ရန်ကုန်အပါအဝင် မြို့တချို့မှာ ဒီနေ့ ဒီဇင်ဘာ ၉ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့သလို မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာတော့ ဆိတ်ငြိမ်ခြင်းနဲ့သပိတ်မှောက်ကြဖို့ ဆန္ဒပြသူတွေက လက်ကမ်းစာစောင်တွေ ကြဲခဲ့ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲထားတဲ့ အမှု ၂ ခုအတွက် အမြင့်ဆုံးထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပေါ် အံ့သြထိတ်လန့်ရတယ်လို့ ပြည်တွင်းက ရှေ့နေတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းရှင်းလင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးဖို့ အာဂျင်တီးနားနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက လက်ခံလိုက်ပါတယ်။
စက်ပစ္စည်းတွေကို ကိုယ်တိုင်ပြင်ဆင်ခွင့်ရအောင် ဥပဒေပြဌာန်းပေးဖို့ ဥရောပတိုက်သားတချို့ တောင်းဆိုလှုပ်ရှားနေကြပါတယ်။ ဘယ်လိုအချက်တွေကို ဥပဒေမှာထည့်သွင်းစေချင်နေကြသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံတဝန်းမှာ နိုဝင်ဘာလ တတိယပတ်ရဲ့ ကြာသပတေးနေ့ရောက်တိုင်း ဘွန်ဂျိုလေး ဒေသထွက် စပျစ်ဝိုင်မိတ်ဆက်သောက်ကြတဲ့ ဘွန်ဂျိုလေးနူဗိုး ပွဲတော်ကို ကျင်းပပါတယ်။ ဘွန်ဂျိုလေးဝိုင်သစ်ကို ခရမ်းရောင် ဂမေး အမျိုးအစား စပျစ်သီးနဲ့ ချက်လုပ်တာ ဖြစ်ပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
နိုင်ငံတဝန်းက ဆိုင်ကယ်အသုံးများတဲ့ ဒေသတွေမှာ ဆိုင်ကယ်တစီးကို လူတဦးသာ စီးဖို့၊ အမျိုးသားနှစ်ဦး လိုက်ပါစီးနင်းတာမျိုးမလုပ်ဖို့နဲ့ လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူမယ်လို့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဒေသအလိုက်အမိန့်တွေ ထုတ်ပြန်နေပါတယ်။
ဂရိနိုင်ငံက ရှေးဟောင်း သမိုင်းဝင် Olympia မြို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကရှိခဲ့တဲ့အတိုင်း Microsoft ရဲ့ AI နည်းပညာနဲ့ ပြန်လည် ပုံဖော်ထားပါတယ်။ စမတ်ဖုန်းပေါ်မှာ အရင်ကအတိုင်း မြင်ကြည့်နိုင်အောင် ဘယ်လိုလုပ်ထားသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ကင်မရာတွေ၊ sensor တွေ၊ အချိန်နဲ့တပြေးညီ ပေါင်းစပ် ပြသနိုင်တဲ့နည်းပညာတွေ စုပေါင်းပြီး Digital ကိုယ်ပွားပုံရိပ် ဖန်တီးပြသနေတဲ့ ရုရှားနိုင်ငံ St. Petersburg မြို့က ပြပွဲအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစီအစဉ်မှာ တင်ပြထားပါတယ်။
နိုဝင်ဘာ ၁၄၊ ၂၀၂၁ - Hit List နဲ့ ပတ်သက်ပြီး NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ရဲ့ ရှင်းလင်းပြောဆိုချက်များ။
နောက်ထပ်ကြည့်ရှုရန်