လူငယ်တွေရဲ့ စွဲလမ်းမှု ပြဿနာ ဖြတ်တောက်နိုင်ဖို့ ရန်ပုံငွေရှာ မှန်ပုံးထဲက ၁၅ ရက်မထွက် နေပြသူ၊ တကယ့် ရေထဲက ငါးက မဟုတ်ဘဲ ရုပ်လုံးကြွနည်းပညာနဲ့ ဖန်တီးတဲ့ ငါးအသားပြား၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းကို ကွန်ပျူတာ Software အကူအညီတွေနဲ့ လက်ကိုင်ဖုန်းတွေကတဆင့် ကောက်ယူနိုင်ဖို့ ပြင်ဆင်နေကြောင်းနဲ့ အဲဒီအတွက် ကျွမ်းကျင်တဲ့ နိုင်ငံတကာက အကြံပေးပညာရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ လဝက ဌာနက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းကို ကွန်ပျူတာ Software အကူအညီတွေနဲ့ လက်ကိုင်ဖုန်းတွေကတဆင့် ကောက်ယူနိုင်ဖို့ ပြင်ဆင်နေကြောင်းနဲ့ အဲဒီအတွက် ကျွမ်းကျင်တဲ့ နိုင်ငံတကာက အကြံပေးပညာရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။
ယူကရိန်းကို ကျုးကျော်တဲ့ ရုရှား တပ်တွေ ထောင်ထားတဲ့ မိုင်းတွေကို ယူကရိန်း လယ်သမား တဦးက လယ်ထွန်စက် နဲ့ ရှင်းနေပါတယ်။ ရုရှားတင့်ကားတွေဆီက ရတဲ့ အကာတွေကို သုံးပြီး အဝေးကနေ လယ်ထွန်စက် ကို ထိန်းတဲ့ စနစ်နဲ့ မိုင်းတွေကို ရှင်းနေတာပါ။ ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။
ပီရူးနိုင်ငံတဝန်း က နတ်ဆရာတွေ စုစည်းပြီး ကမ္ဘာမြေအတွက် ဆုတောင်း၊ နာမည်ကျော် ဘာဘီ အရုပ်တွေမှာ ဒေါင်းဆင်ဒရုန်း၊ မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းသူတွေရဲ့ မျက်နှာသွင်ပြင်နဲ့ ဘာဘီအရုပ်မလေးတွေ ထုတ်လိုက်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးကြပ်တည်းပြီး ဒုက္ခရောက်ကြရတဲ့ အမေရိကန်ရောက် မြန်မာတက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို ၃ နှစ် ကူညီမယ့် မြန်မာပညာသင်ဆု ကို US - ASEAN Business Council Institute (USABCI) က ဦးဆောင် ဖန်တီးခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးကြပ်တည်းပြီး ဒုက္ခရောက်ကြရတဲ့ အမေရိကန် ရောက် မြန်မာတက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို ၃ နှစ် ကူညီမယ့် မြန်မာပညာသင်ဆု ကို US - ASEAN Business Council Institute (USABCI) က ဦးဆောင် ဖန်တီးခဲ့ပါတယ်။ ကိုယ်တိုင်ရိုက်ကူးတင်ဆက်ထားတဲ့ ကိုငြိမ်းချမ်းကတင်ပြပေးမှာပါ။
ယူကရိန်းနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ကမ္ဘာ့အနှံ့ ကောက်ပဲသီးနှံ တင်ပို့နိုင်တဲ့ အစီအစဉ်ကိုရပ်ဆိုင်းမယ်လို့ ရုရှားက ခြိမ်းခြောက်လိုက်ပါတယ်။ G7 စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှု အသစ်တွေလုပ်မယ်လို့ သတိပေးအပြီး အခုလို ခြိမ်းခြောက်ခဲ့တာပါ။ ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
စစ်ကိုင်းတိုင်းကနီမြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ ပျက်စီးခဲ့ရပြီး အကူအညီတွေလိုအပ်နေပါတယ်။ မိုးကြိုကာလမှာ လေပြင်းတိုက်တာတွေဖြစ်တတ်တဲ့အတွက် သတိထားကြဖို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။
ဖလော်ရီဒါက အမျိုးသမီးတယောက် ရေသူမပုံစံ ရေယက်တပ်ပြီး မိုင် ၃၀ ရေကူးရင်း အမှိုက် ပေါင် ၂၀ လောက် သိမ်းဆည်းပေးလို့ ကမ္ဘာ့စံချိန် သစ်တင်၊ အသက် ၈၀ ဂျပန်ဘိုးဘိုး ဘောလုံးအသင်းတွေ ပြိုင်ပွဲကျင်း၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဟာ အခု ဧပြီလ ၅ရက်နေ့လောက်က ပြန်လည် ဖြစ်ပွားခဲ့ပြီး ဒီကနေ့ သောကြာနေ့အထိ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံမှာ လူမှုကွန်ယက်ကနေ နာမည်ကြီး influencer လွှမ်းမိုးသူ အဖြစ် လုပ်ကိုင်တာတွေ ရေပန်းစားနေပါတယ်။ ကြော်ငြာတွေကနေ ဝင်ငွေ အမြောက်အမြားဝင်တဲ့အတွက်လည်း ဒီဂျီတယ် အွန်လိုင်း လူမှုကွန်ယက်ကိုဝင်လာကြတဲ့ လူငယ်တွေလည်း များလာတယ်လို့လတ်တလော လေ့လာမှုစစ်တမ်းက ဖော်ပြပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကမ္ဘာကျော်ဘက်စကက်ဘော ကစားသမား မိုင်ကယ်ဂျော်ဒန်ရဲ့ ဘက်စကက်ဘောဖိနပ် ကမ္ဘာစံချိန်တင် အမြင့်ဆုံးဈေး ဒေါ်လာ ၂ သန်းကျော်ရ၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ယူဘာမြို့ ရဲဌာနမှာ ယုန်တကောင်ကို ရဲဝန်ထမ်းခန့်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ က တူရကီမှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူ တသန်းခွဲနီးပါး အိမ်ခြေမဲ့ ဘဝကို ရောက်သွားခဲ့ပြီး အများစုဟာ နေစရာအိမ် မရသေးပါဘူး။ ငလျင်ဒဏ် အပြင်းအထန်ခံလိုက်ရတဲ့ Iskenderun မြို့မှာ ဒေသတာဝန်ရှိသူတွေက ရှိသမျှနေရာ အကုန် အသုံးပြုနေတဲ့အကြောင်း ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ ဒီတိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်မယ့် အခြေအနေတွေ ရှိနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက သုံးသပ်ထားပါတယ်။
အီတလီဂန္တဝင်အနုပညာရှင် မိုက်ကယ်အန်ဂျယ်လိုရဲ့ ဒေးဗစ်ရုပ်ထုအကြောင်း ကျောင်းသင်ရိုးမှာ ထည့်သွင်းသင်ကြားတဲ့ အမေရိကန်ကျောင်းအုပ်ဆရာမ အလုပ်က ထွက်လိုက်ရ၊ ဂျပန်မှာ အမျိုးသားအင်္ဂါပွဲတော် ကာနားမားရာ့ပွဲတော်ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီလ ၆ရက်နေ့က လေကြောင်းက ၃နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာ ၂ရွာမှာတော့ အထိအခိုက် အပျက်အဆီးတွေ ရှိခဲ့တာပါ။ လတ်တလော ထိခိုက်ပျက်ဆီးတဲ့အခြေအနေကို ရွှေကူဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။
ယူကရိန်းနိုင်ငံ Kyiv မြို့တော် ဆင်ခြေဖုန်းအရပ်က Bucha မြို့လေးဟာ ရုရှားလက်အောက်က လွတ်မြောက်ခဲ့တာ ၁ နှစ်ပြည့်ပါပြီ။ ဒီမြို့မှာ ရုရှားတွေ က ကလေး ၃၈ ယောက်အပါအဝင် အရပ်သား ၁၃၇၄ ယောက်ကို သတ်ပစ်ခဲ့ပြီး အဆောက်အအုံအပျက်အစီး အမြောက်အမြားကိုလည်း ဒီနေ့ အထိ တွေ့နိုင်ပါတယ်။ ကိုငြိမ်းချမ်းက တင်ဆက်ပေးပါ့မယ်။
ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားနေတာဟာ တစ်လနီးပါးလောက် ကြာမြင့်နေပြီး ဒီလဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာ ဖြစ်ပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်ဘက်မှာ ခိုလှုံလာကြတဲ့ စလင်းမြို့နယ် ကင်ပွန်းခြုံကျေးရွာနဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေဟာ အစားအသောက်၊ နေရာထိုင်းခင်နဲ့ အဝတ်အစား အခက်အခဲတွေ အကြီးအကျယ် ကြုံနေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်