ဂျာမန်ဘီယာကုမ္ပဏီတခုက ရေနဲ့ဖျော်သောက်လို့ရတဲ့ ဘီယာမှုန့်ကို တီထွင်၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဇီဝဆေးသိပ္ပံပညာရှင်တွေဟာ ခွဲစိတ်စရာမလိုဘဲ လူ့ခန္ဒာကိုယ်အစိတ်အပိုင်းကို ပြင်ဆင်ကုသပေးနိုင်တဲ့ ဆေးတမျိုး တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အီရတ်မှာ စစ်ပွဲ ဆင်နွှဲနိုင်ဖို့အတွက် အမေရိကန် သမ္မတတွေကို အခွင့်အာဏာပေးထားတဲ့ ဆယ်စုနှစ်ကြာရှိနေပြီ ဖြစ်တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ အမေရိကန် အထက်လွှတ်တော် အနေနဲ့ စတင်ကြိုးပမ်းနေပါပြီ။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မတ်လ ၃၁ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ မြို့နဲ့ ၄ မိုင်နီးပါး ကွာဝေးတဲ့ ကြာပန်းညိုကျေးရွာကို သေနတ်တွေပစ်ဖောက် ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်တာပါ။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ရက်ရောက် လာပြီးတဲ့နောက်၊ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
အဝေးတနေရာက ချစ်သူကို နမ်းနိုင်မယ့် ကိရိယာ တခုကို တရုတ်နိုင်ငံက ဘွဲ့လွန်ကျောင်းသားတွေ တီထွင်၊ အိန္ဒိယနိုင်ငံတောင်ပိုင်း ချန်နိုင်းမြို့မှာ စက်နဲ့ရောင်းတဲ့ ဒံပေါက်ကို ဝယ်ယူစားသုံးနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
"နောက်ဆုံးအခြေအနေ ထပ်သိလာတဲ့ Update စာရင်းအရတော့ သေဆုံးတာက ၃ယောက်ပါ။ ငါးဦးဒဏ်ရာရပါတယ်။ ကျနော်တို့ကလည်း စစ်ဒေသနဲ့ အရပ်သားပြည်သူတွေ နေရာနဲ့ အရမ်းနီးကပ်နေတာ ဖြစ်တဲ့အတွက် သူတို့ထိုးစစ်ဆင်မှုသမျှက အရပ်သားပြည်သူကို ထိခိုက်မှုတော့ ဖြစ်နိုင်တယ်ခင်ဗျ။"
တူရကီနိုင်ငံက Istanbul မြို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ငလျင်ဒဏ်ကနေ လွတ်ကင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ဥရောပရဲ့ အကြီးဆုံးမြို့အနေနဲ့ အရည်အသွေးမမှီတဲ့အဆောက်အအုံတွေကြောင့် နောင်မှာ ဘေးဒုက္ခအကြီးအကျယ်ရောက်နိုင်တဲ့အကြောင်း မြို့တော်ဝန်က သတိပေးထားပါတယ်။ကိုငြိမ်းချမ်းက တင်ပြမှာပါ။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု ၅၀၅(က) ပုဒ်မစတဲ့အမှုတွေကို ဧပြီလ ပထမပတ်ထဲမှာ အပြီးသတ်အမိန့်ချဖို့ ရှိနေပါတယ်။
ကယားပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်တွင်း IDP ဒုက္ခသည်တွေ ယာယီအမိုးအကာအောက်မှာ တဲတွေထိုး နေရချိန်မှာပဲ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်တာ၊ ဗုံးကြဲတာတွေကနေ ရှောင်နိုင်အောင် ဗုံးခိုကျင်းတွေတူးပြီး နေကြပါတယ်။ ကိုငြိမ်းချမ်းတင်ပြထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကရင်နီ ပြည်တွင်းအိုးမဲ့အိမ်မဲ့ IDP ဒုက္ခသည်တွေ ယာယီအမိုးအကာအောက်မှာ ဖြစ်သလိုတဲတွေတိုး နေထိုင်နေရချိန်မှာပဲ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေကနေ ရှောင်နိုင်အောင် ဗုံးခိုကျင်းတွေတူးပြီး အကာအကွယ် ရှာနေကြပါတယ်။
သြစတြေးလျနိုင်ငံမှာ အရေပြားကင်ဆာရောဂါ အသိပညာပေးလှုံ့ဆော်မှုအဖြစ် လူမြင်ကွင်းမှာ ကိုယ်လုံးတီးနဲ့ ရေထဲဆင်းခဲ့ကြ၊ အာဖရိက အပူပိုင်းဒေသမှာ တည်ရှိတဲ့ ကင်ညာနိုင်ငံမှာ ရေခဲပြင်ဟော်ကီ ကစားနည်းကို လေ့ကျင့်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
“အခုလောလောဆယ်က အခြေအနေမကောင်းသေးလို့ ဆက်ရှောင်နေသေးတယ်။ ရွာရဲ့ အနီးအနားမှာက မနေ့ကအထိ ကြားနေရတယ်။ ဒီနေ့ကတော့ မသိရသေးဘူး။ ဒီနေ့က ကိုယ်တို့က ရွာအနားမှာ တစ်ယောက်မှ မကပ်ရဲသေးဘူးလေ။ အဲ့ဒါကြောင့်မို့လို့ ဒီနေ့အခြေအနေက ဘယ်လိုရှိလဲ မသိသေးဘူး။ မနေ့ကအထိတော့ ပစ်ခတ်သံတွေ ကြားနေရတုန်း။”
အာဖဂန်နစ္စတန်က အမေရိကန် တပ်တွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဘိုင်ဒန် အစိုးရရဲ့ဆုံးဖြတ်ချက်ကို ရီပါဗလစ်ကန်အမတ်တွေ ကော်မတီဖွဲ့ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ဆုံးဖြတ်ချက်အမှားတွေလို အကူအညီပေးခဲ့တဲ့ အမေရိကန် စစ်သားတွေနဲ့ လူဝင်မှုကြီးကြပ်ရေး ကျွမ်းကျင်သူတွေက ထွက်ဆိုခဲ့ကြပါတယ်။ကိုငြိမ်းချမ်းက ပြောပြမှာပါ။
မြောက်ပိုင်းလက်နက်ကိုင် FPNCC ၇ဖွဲ့ဟာ ဒီနေ့ မတ်လ ၁၅ရက်မှာ 'ဝ' ဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ တွေ့ဆုံနေကြပါတယ်။ သူတို့အားလုံးဟာ ဒီရက်ပိုင်းထဲမှာပဲ တရုတ်အထူးသံတမန်နဲ့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံကြဖို့လည်း ရှိပါတယ်။
အိန္ဒိယရိုးရာ ဟိုလီပွဲတော်မှာ အရင်က အရောင်တောက်တွေ မကိုင်ရ တားမြစ်ခံထားရတဲ့ မုဆိုးမတွေလည်း ပါဝင်ဆင်နွှဲ၊ ဘန်ဘယ်ဘီးပိတုန်းကောင်လေးတွေ ပဟေဠိတွေကို ဖြေရှင်းနိုင်၊ တတ်ကျွမ်းတဲ့ပညာကို လက်ဆင့်ကမ်းသင်ကြားပေးနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က ကော်ဖီဆိုင်မှာ မြွေတွေ၊ ကင်းလိပ်ချောတွေလို တွားသွားသတ္တဝါတွေနဲ့တူတူ ကော်ဖီသောက်နိုင်၊ အီတလီ Starbucks ကော်ဖီဆိုင်တွေမှာတော့ ကော်ဖီထဲ သံလွင်ဆီထည့်ဖျော် ဒီလိုကမ္ဘာတလွှားထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေချိန် စစ်ကိုင်းတိုင်းကနေ မလေးရှားမှာ သွားရောက်အလုပ်လုပ်နေသူတွေကိုပါ မြန်မာသံရုံးက စောင့်ကြည့်နေပုံရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများ ကော်မတီရဲ့ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ဗွီအိုအေကိုပြောပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်စစ် တနှစ်ပြည့်အပြီးမှာ အိမ်နီးချင်း ပိုလန်နိုင်ငံကို ယူကရိန်း ဒုက္ခသည်တွေ ရောက်လာတာနည်းသွားပေမဲ့လည်း နေ့စဉ် ရာနဲ့ချီပြီး ရောက်နေဆဲပါ။အဲ့ဒီဒုက္ခသည်တွေကို ကူညီတဲ့အဖွဲ့ထဲက တခုကတော့ ရုရှားစေတနာ့ဝန်ထမ်းတွေဖြစ်ပါတယ်။ အပြည့်အစုံကို ကိုငြိမ်းချမ်းကပြောပြမှာပါ။
“မနေ့ညက ၉ နာရီခွဲ။ ဆက်တိုက်ပေါက်တာ။ ၃ချက်လောက်ကြားလိုက်ရတယ်။ ၃ ချက်။ တော်တော်ကျယ်တယ် အသံက ။ အထိအခိုက်ကျ အားလုံး ၇ ယောက်။ မိန်းကလေး တစ်ယောက်ပါတယ်။”
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို အလည်အပတ် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ဖို့ ထွက်ခွာနေတဲ့ မြန်မာတွေက တစ်ရက်ကို ၄,၀၀၀ ကျော် ၅,၀၀၀ နီးပါးလောက်ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်