လက်နက်ကိုင် ပဋိပက္ခတွေကြား ထွက်ပြေးတိမ်းရှောင်ရင်း ထိခိုက် ဒဏ်ရာရသူတွေ၊ နာမကျန်းသူတွေ အတွက် အရေးပေါ် ဆေးဝါး အကူအညီတွေ အမြန်ဆုံး ပေးနိုင်ဖို့ နည်းလမ်းသစ်တချို့ ရှာဖွေ ကြိုးပမ်းနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
ယူကရိန်းအပေါ် ကျုးကျော်တဲ့ ပြစ်မှု နဲ့ ရုရှားခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးမယ့် စင်တာ တခုကို နယ်သာလန်နိုင်ငံ The Hague မြို့မှာ ယူကရိန်း နဲ့ အနောက်မဟာမိတ်နိုင်ငံတွေ ပူးပေါင်းဖွင့်လှစ်လိုက်ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မြစ်ကြီးနား-ဗန်းမော်ကားလမ်းက နမ့်ဆန်ယန်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား သောကြာနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ အခုအခါမှာ အခြေအနေတွေ တည်ငြိမ်ပြီ ဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရုပ်ရှင်တွေထဲကလို ပန်းကန်ပြားပျံ တရုတ်မှာ စမ်းသပ်ပျံသန်း၊ အိန္ဒိယနိုင်ငံမှာတော့ ကျန်းမာရေးကောင်းစေဖို့ ငါးအရှင်တွေကို ဆေးနဲ့ ရောပြီး မြိုချခိုင်း၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
ယူကရိန်း ကလေးငယ်တွေကို ရုရှားပိုက်နက်ထဲ ရွှေ့ပြောင်းခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေဟာ အမေရိကန် ပြည်ထောင်စုတဝန်း ပြီးခဲ့တဲ့ အပတ်က ဆန္ဒပြခဲ့ကြပါတယ်။ ဗီအိုအေ သတင်းထောက် Natasha Mozovaya သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ယူကရိန်းနိုင်ငံတောင်ပိုင်းက မြစ်ပေါ်က အရေးကြီးတဲ့ ရေကာတာပျက်ဆီးခဲ့တာကြောင့် ရေလွမ်းမိုးမှုတွေ ကြုံရပြီး ဂေဟစနစ် အကြီးအကျယ် ပျက်ဆီးခဲ့သလို ဥရောပရဲ့ အကြီးဆုံး နျုကလီးယား စက်ရုံအပေါ်မှာလည်း ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။VOA သတင်းထောက် Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါလိမ့်မယ်။
မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လူဦးရေ ၁ သန်းကျော်လောက်ဟာ ဒုက္ခရောက်နေကြတာပါ။ အကူအညီတွေ အရေးပေါ် လိုအပ်နေချိန်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိဖို့ နိုင်ငံတကာကူညီရေး အဖွဲ့တွေကို ဝင်ရောက်ခွင့်မပေးတာဟာ ဒုက္ခပိုရောက်စေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မိုးရာသီရောက်လာပေမဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က လယ်ဧက ၄,၀၀၀ကျော်မှာ စပါးမစိုက်နိုင်သေးကြောင်း လယ်သမားတွေက ပြောပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ စားနပ်ရိက္ခာ မလုံလောက်မှာ ကျောက်ကြီးမြို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ကိုဗစ်လွန်ကာလ ဂျပန်မှာ အရယ်အပြုံး ပြန်သင်ကြားပေးနေတဲ့ ကျောင်း၊ အနာဂတ်ကမ္ဘာမှာ စက်ရုပ်တွေက လူတွေကိုပါကျော်လွန် ထိန်းချုပ်နိုင်မယ်ဆိုပြီး စက်ရုပ်တရုပ်က ခန့်မှန်း၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
အနောက်နိုင်ငံက ပိတ်ဆို့မှု ဆန်ရှင်တွေကို ရှောင်ရှားဖို့အတွက် ရုရှားအနေနဲ့ အီရန်ကို အတုယူနေတယ်လို့ ဗြိတိန်အခြေစိုက် Royal United Services Institute သုတေသနအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ Henry Ridgwell လန်ဒန်ကနေ သတင်း ပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေ များလာတယ်လို့ မုန်းတိုင်းသင့်ဒေသတွေကို ဆေးလိုက်ကုပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။
ထိုင်ဝမ်စားသောက်ဆိုင်မှာ ခြေထောက် ၁၄ ချောင်း အိုင်ဆိုပေါ့ပုဇွန်နဲ့ ရာမန်ခေါက်ဆွဲ ရောင်းချ၊ အမေရိကန်မြို့လေးတမြို့မှာ ကက်သလစ်ခရစ်ယာန် သီလရှင်တပါးရဲ့ ရုပ်အလောင်း အချိန်ကြာပေမဲ့ မပုပ်မသိုးဘဲရှိနေ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာမှာ အင်အား ၂၀၀ ကျော်လောက်ရှိတဲ့ စစ်တပ် စခန်းချနေတာကြောင့် အနီးတဝိုက်ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီဟာ ဘေးလွတ်ရာမှာ ပြောင်းရွှေ့ခိုလှုံနေကြရပါတယ်။
တူရကီ သမ္မတရွေးကောက်ပွဲ မှာ လက်ရှိသမ္မတ ရီဂျပ်တာရစ်အာဒိုဝမ်ပဲ အနိုင်ရသွားတဲ့အတွက် ၃ ကြိမ်မြောက် သမ္မတတာဝန်ထမ်းဆောင်ရမှာပါ။ တူရကီ စီးပွားရေး မကောင်းတဲ့အချိန်၊ အပျက်အစီးများလွန်းတဲ့ ငလျင်ကိစ္စကို ကိုင်တွယ်ပုံတွေကို ဝေဖန်ခံနေရချိန်မှာ သူအခုလို ရွေးကောက်ပွဲ ထပ်နိုင်တာပါ။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
တောင်အာဖရိကမှာတော့ အထီးကျန်ခံစားနေရသူကို နွေးနွေးထွေးထွေး လာဖက်ထားမယ့် ဝန်ဆောင်မှုမျိုး မှာယူနိုင်၊ ဒူးအထက်ကစပြီး ခြေထောက် ၂ ဘက်လုံးပြတ်နေသူ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို ရောက်ရှိ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန် ပြည်ထောင်စု က စေတနာ့ဝန်ထမ်း ဆရာဝန်တွေနဲ့ ယူကရိန်း၊ ပိုလန်နိုင်ငံ က ဆရာဝန်တွေ ပူးပေါင်းပြီး ယူကရိန်း ကလေးငယ်တွေရဲ့ အမာရွတ်တွေကို အခမဲ့ခွဲစိတ်ကုသပေးနေပါတယ်။ ပိုလန်နိုင်ငံ Leczna မြို့ကနေ ဗီအိုအေ သတင်းထောက် Lesia Bakalets သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နဲ့အောက်လွှတ်တော် ဥက္ကဋ္ဌKevin McCarthyတို့ တနင်္လာနေ့ကတွေ့ဆုံပြီး အစိုးရအကြွေးချေးယူနိုင်တဲ့ ပမာဏ ဆွေးနွေးခဲ့ပေမဲ့လည်း သဘောတူညီမှုမရခဲ့ကြပါဘူး။ အကြွေးငွေချေးယူနိုင်တဲ့ ပမာဏထပ်တိုးမြှင့်ဖို့ ဒီမိုကရက်နဲ့ ရီပါဗလစ်ကန်တွေအကြား ဘယ်လိုသဘောထားရှိနေသလဲ။ကိုငြိမ်းချမ်းကပြောပြပါမယ်။
အမေရိကန်အမျိုးသား ကမ္ဘာ့စံချိန်သစ်တင်ဖို့ ရေအောက်က အိမ်လေးမှာ ရက် ၁၀၀ နေနေ၊ နိုင်ဂျီးရီးယားစားဖိုမှူးက နာရီ ၁၀၀ ကြာ မရပ်မနား ပြင်ဆင်ချက်ပြုတ်ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကိုကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဂျာမနီမှာ 3D printer ရုပ်လုံးကြွ ပုံနှိပ်စက်သုံးပြီး သူ့အမျိုးအစားထဲမှာ အကြီးဆုံး အဆောက်အဦးကြီးတလုံး တည်ဆောက်၊ ဗြိတိန်မှာတော့ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေရဲ့ အခြေအနေကို စက်ရုပ်နဲ့ စစ်ဆေးနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန် အစိုးရ အကြွေးပြန်မဆပ်နိုင်တဲ့အခြေအနေဖြစ်ရင် တရုတ်နဲ့ရုရှား အမြတ်ထုတ်နိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးနေပါတယ်။ သမ္မတဘိုင်ဒန်နဲ့ ရီပါဘလစ်ကန်တွေကတော့ ဆွေးနွေးညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်