၂၃ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားဟာ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အခမ်းအနားမျိုးဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
NLD ပါတီ တရားဝင် ရပ်တည်ပိုင်ခွင့်အတွက် ရန်ကုန် ကုလသမဂ္ဂ ရုံးကတဆင့် ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ ပြင်ဆင်နေပါတယ်။
မစ္စတာ ကင်တားနားက မြန်မာအစိုးရသစ် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ဆောင်ပေးတာမျိုး မတွေ့ရသေးဘူးလို့ ပြောလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကစပြီး ရန်ကုန် ရွှေတောင်ကုန်း တရားရိပ်သာမှာ ၃ ရက်ကြာ တရားစခန်းဝင်မှာဖြစ်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးဖို့ ဒေါ်အောင်ဆန်းစုကြည်က အသင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လဆန်းမှာ နယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ပဲခူးဘက်ကို သွားဖို့ စီစဉ်နေတယ်လို့ NLD ပါတီက ဒီကနေ့ ပြောဆိုပါတယ်။
၀န်ကြီး ဦးအောင်ကြည်နဲ့ မနေ့က ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒီနေ့မှာ ပြန်ပြီး တင်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒီနေ့ မိနစ် ၈၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အလေးမထားတဲ့ မြန်မာအစိုးရနဲ့ တွဲဖက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဖို့ BEWG အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အခုအတိုင်း ဆက်သွားနေရင် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ကိစ္စ မဖြစ်နိုင်သေးဘူးလို့ NLD က ဆိုပါတယ်။
မြန်မာအစိုးရ စစ်တပ်က အကျဉ်းသားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် သုံးနေတာတွေကို ရပ်ပစ်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက ရှေးဟောင်း အမွေအနှစ်တွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ထိန်းသိမ်းပြုပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
တနင်္သာရီကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းက သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီးဟာ ဒီနေ့မနက်ပိုင်း ပင်လယ်ပြင်မှာ ပျက်ကျသွားပါတယ်။
ICRC အဖွဲ့ဟာ မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုမှုနဲ့ နယ်အကျဉ်းထောင် ၃ ခုမှာ ရေရရှိမှုနဲ့ ရေဆိုးစွန့်ပစ်မှု အခြေအနေတွေကို စစ်ဆေးခွင့်ရခဲ့ပါတယ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ၊ ညောင်ဦး ဘုရားဖူးခရီးစဉ်အတွင်း ဒေသခံတွေဟာ သူမကို တွေ့ချင်တဲ့အတွက် လာရောက် စောင့်မျှော်နေခဲ့ကြပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဦးဆုံးအကြိမ် နယ်ခရီးစဉ်အဖြစ် ပုဂံ၊ ညောင်ဦးကို သွားရောက်နေပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်ဟာ မနေ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေ အပေါ်မှာ အများကြီး မူတည်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်မြန်မာပြည် NLD လူငယ်အဖွဲ့တွေ တွေ့ဆုံခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် မြန်မာနိုင်ငံကို ဇွန်လ ၃၀ ရက် ကြာသပတေးနေ့မှာ သွားမယ်လို့ သိရပါတယ်။
နောက်ထပ်ကြည့်ရှုရန်