ဝန်ကြီး Rubio ရဲ့လက်တင်အမေရိကငါးနိုင်ငံ နောက်ဆုံးခရီးစဉ် ဒိုမီနီကန်နိုင်ငံရောက်မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio(ယာ) နဲ့ ဒိုမီနီကန်ရီပတ်ဘလစ်သမ္မတိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Roberto Alvarez တို့ ဆန်တို ဒိုမဲန်ဂို မြို့က အမျိုးသားနန်းတော်မှာ တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၅)

လက်တင်အမေရိကနိုင်ငံတွေကိုသွားရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီနေ့မှာတော့ ဒိုမီနီကန်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံကို ရောက်နေပါတယ်။ ဒါဟာ ဝန်ကြီး Rubio အတွက် သူရဲ့လက်တင်အမေရိကနိုင်ငံ ခရီးစဉ်အတွင်း နောက်ဆုံးသွားရောက်တဲ့နိုင်ငံဖြစ်ပါတယ်။

ဝန်ကြီး Rubio ဟာ ဒိုမီနီကန်သမ္မတ Luis Abinadar ၊ နိုင်ငံခြားရေးဝန်ကြီး Roberton Alvarez တို့ နဲ့ ဆန်တိုဒိုမင်ဂိုမြို့တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ဝန်ကြီးရူဘီယိုဟာ မနေ့ကတော့ ဂွါတီမာလာနိုင်ငံကိုသွားရောက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂွါတီမာလာနိုင်ငံရဲ့ အခြေခံအဆောက်အအုံစီမံကိန်းအသစ်တွေကိုအကူအညီပေးဖို့အစီအစဉ်တွေနဲ့ အမေရိကန်နဲ့ ဂွါတီမာလာကြား အကျိုးတူဆောင်ရွက်မှုတွေ အားကောင်းလာအောင် အမေရိကန်က ပြည်ပနိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေကိုမရပ်ဆိုင်းဘဲ ကင်းလွတ်ခွင့်ပေးဖို့ အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နဲ့ ဂွါတီမာလာကြား ရွှေ့ပြောင်းအခြေချနေထိုင်ရေး အစီအစဉ်သစ် တရပ်ကို သဘောတူခဲ့ကြပြီး အဲဒီအစီအစဉ်အရ ဂွါတီမာလာအနေနဲ့ အမေရိကန်ကနေ လေယာဉ်နဲ့ ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ဂွါတီမာလာနဲ့တခြားနိုင်ငံသား ၄၀ %. ပိုပြီး လက်ခံဖို့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဂွါတီမာလာနိုင်ငံသား ၇ သောင်းလောက်ကို သူတို့ရဲ့ နေရပ်ရင်းကို ပြန်ပို့ခဲ့ပါတယ်။

ဝန်ကြီး Rubio ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ သူရဲ့ပထမဆုံးခရီးစဉ်အဖြစ် လက်တင်အမေရိကမှာ ရှိတဲ့ El Salvador, Guatemala, Costa Rica, Panama, နဲ့ Dominican Republic နိုင်ငံ ၅ နိုင်ငံ သွားရောက်ခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

 ဝန်ကြီး Rubio ရဲ့လက်တင်အမေရိကငါးနိုင်ငံ နောက်ဆုံးခရီးစဉ် ဒိုမီနီကန်နိုင်ငံရောက်မည်