သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွါတီမာလာ ဖွံ့ဖြိုးရေး အမေရိကန် ထောက်ပံ့


ဂွါတီမာလာနိုင်ငံကို ထောက်ပံ့မယ့် အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ ဂွါတီမာလာ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းရေး အတွက် နိုင်ငံခြား အထောက်အပံ့ ၊ နောက် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းသစ်တွေနဲ့ ဂွါတီမာလာနိုင်ငံကို ထောက်ပံ့မယ့် အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ဂွါတီမာလာနဲ့ အမေရိကန် စစ်ဘက် အင်ဂျင်နီယာ တပ်ဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံခြားရေး ဝန်ကြီးဌာနက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ့် ထောက်ခံချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Rubio က ဂွါတီမာလာ သမ္မတ Bernardo Are’valo နဲ့ အတူလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဗဟိုအမေရိက နိုင်ငံ တခုဖြစ်တဲ့ ဂွါတီမာလာ နိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ တိုးလာပြီး ဒေသတွင်း ကုန်သွယ်ရေး အချက်အချာ ဖြစ်လာစေရေး အတွက် အဝေးပြေးလမ်းနဲ့ ရထားလမ်းချိတ်ဆက်မှုတွေနဲ့ အတူ ဆိပ်ကမ်းသစ် ၂ ခုကို တိုးချဲ့ဖို့ အခုဆောင်ရွက်ချက်က ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂွါတီမာလာနဲ့ အမေရိကန် ကြားမှာလည်း ရွှေ့ပြောင်း အခြေချသူများဆိုင်ရာ သဘောတူညီချက်သစ် ရရှိခဲ့ပြီး အမေရိကန်ကနေ ဌာနေပြန်ပို့တဲ့ ရွှေ့ပြောင်းတွေ တင်ဆောင်လာမယ့် လေယာဉ် ခရီးစဉ်တွေကို ပိုပြီး လက်ခံမယ်လို့လည်း ဂွါတီမာလာ သမ္မတက သတင်းစာရှင်းလင်းပွဲမှာ ကြေညာပါတယ်။ အမေရိကန်က ဌာနေပြန်ပို့မယ့် ဂွါတီမာလာ နိုင်ငံသားတွေရော၊ နောက် နိုင်ငံသား မဟုတ်သူတွေရော ပါဝင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ပြန်ပို့တဲ့ လေယာဉ် ခရီးစဉ် အရေအတွက် ၄၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ဖို့ သဘောတူတာ ဖြစ်တယ်လို့ သမ္မတက စကားပြန်ကနေ တဆင့် ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG