ဒီကနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ သက်ဆိုင်ရာအစုအဖွဲ့တွေက အသီးသီး အဆိုပြုထားကြတဲ့ ဒုသမ္မတတွေကို လျှို့ဝှက် ဆန္ဒမဲပေး ရွေးချယ်ကြရာ မှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အဆိုပြုထားသူနှစ်ဦးပဲ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဘက်မှာ ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်ဘက်မှာတော့ ဦးဟင်နရီဗန်ထီးယူ တို့ကို ဒုသမ္မတတွေ အဖြစ် အတည်ပြုလိုက်ပါပြီ။ သတင်းဓာတ်ပုံ- ( သတင်းနဲ့ပြန်ကြားရေးဝန်ကြီးဌာန)
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွင်း ဒုသမ္မတလောင်း မဲပေးရွေးချယ်နေတဲ့ သတင်းမှတ်တမ်း ဓာတ်ပုံများ

၅
ဒုဥက္ကဋ္ဌ ဦးအေးသာအောင်အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မဲပေးနေကြစဉ်

၆
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးဟင်နရီဗန်ထီးယူ မဲအနိုင်ရ

၇
ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ဒုတိယသမ္မတရွေးချယ်တင်မြှောက်နိုင်ရေး မဲပေးနေကြစဉ်

၈
ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ခြင်း ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ ကြီးကြပ်ဆောင်ရွက်