ဒီကနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ သက်ဆိုင်ရာအစုအဖွဲ့တွေက အသီးသီး အဆိုပြုထားကြတဲ့ ဒုသမ္မတတွေကို လျှို့ဝှက် ဆန္ဒမဲပေး ရွေးချယ်ကြရာ မှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အဆိုပြုထားသူနှစ်ဦးပဲ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဘက်မှာ ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်ဘက်မှာတော့ ဦးဟင်နရီဗန်ထီးယူ တို့ကို ဒုသမ္မတတွေ အဖြစ် အတည်ပြုလိုက်ပါပြီ။ သတင်းဓာတ်ပုံ- ( သတင်းနဲ့ပြန်ကြားရေးဝန်ကြီးဌာန)
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွင်း ဒုသမ္မတလောင်း မဲပေးရွေးချယ်နေတဲ့ သတင်းမှတ်တမ်း ဓာတ်ပုံများ

၉
ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ခြင်း ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ ကြီးကြပ်ဆောင်ရွက်

၁၀
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ရေး မဲပေးစဉ်

၁၁
ဒုတိယ သမ္မတလောင်းအဖြစ် အဆိုတင်သွင်းထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထင်ကျော် အနိုင်ရ

၁၂
လွှတ်တော်ကိုယ်စားလှယ်များ မဲပေးနေကြစဉ်