သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
Trump SPeech
Trump SPeech

အမေရိကန် သမ္မတ Donald Trump လွှတ်တော်မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်ချက်

သမ္မတ Donald Trump က အမေရိကန်အစိုးရသစ်ရဲ့ မူဝါဒပိုင်းနဲ့ပတ်သက်လို့ အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်းမှာ ပြောကြားတဲ့ မိန့်ခွန်းကို အချိန်နှင့်တပြေးညီ ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။

၀၉:၃၃ ၅.၃.၂၀၂၅

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းမှာတင် ပြည်တွင်း ရင်းနှီးမြှပ်နှံမှုတွေ အများကြီတိုးလာပါတယ်။ မနေ့ကပဲ ထိုင်ဝမ်ကလည်း အမေရိကန်ပြည်ထောင်စုမှာ ရင်းနှီးမြှပ်နှံမှုကြီး အကြီးအကျယ်လုပ်မယ်လို့ ကြေညာသွားပါတယ်၊

၀၉:၃၅ ၅.၃.၂၀၂၅

လယ်ယာစိုက်ပျိုးရေး မွေးမြူရေးလုပ်ကိုင်တဲ့ အမေရိကန်တွေကို ကျွန်တော်ချစ်ပါတယ်။ အခုသူတို့ အကျိုးအမြတ်တွေ ပြန်ရပါမယ်။ ခနစောင့်ပါ။ အရင်က သမ္မတဘိုင်ဒန်ကြောင့် တောင်သူတွေ နစ်နာခဲ့ရတာပါ။

၀၉:၄၃ ၅.၃.၂၀၂၅

အမေရိကန်ပြည်သူများကို ထိခိုက်အန္တရာယ်ပေးတဲ့ နိုင်ငံခြားသားရာဇဝတ်သားတွေကို နှိမ်နင်းဖို့ လုပ်ဆောင်ပါတယ်

၀၉:၄၈ ၅.၃.၂၀၂၅

တက္ကဆက်မှာ ကလေးငယ်တဦးကို ဗန်နီဇွဲလားနိုင်ငံက တရားမဝင်လာရောက်နေထိုင်သူ ၂ ဦး သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကို ပြောကြားသွားပါတယ်။ အဲဒီလူတွေနဲ့ ဆက်စပ်ပြီး တောင်အမေရိကတိုက်သား လူဆိုးဂိုဏ်းတွေကို ဖြိုခွဲမဲ့အကြောင်း ပြောကြားပါတယ်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG