အလုပ်နေရာတွေအတွက် အရည်အချင်းကိုကြည့်ပြီး ရွေးချယ်ပါမယ်။ လိင်ခွဲခြားသတ်မှတ်မှုမှာလည်း ကျား၊မ ၂ မျိုးပဲရှိရပါမယ်။ အားကစားပြိုင်ပွဲမှာ အမျိုးသမီးပြိုင်ပွဲမှာ မွေးရာပါ အမျိုးသားဖြစ်သူ ဝင်ရောက်ယှဉ်ပြိုင်တာမျိုး မရှိစေရတော့ပါဘူး
အမေရိကားမှာ လွတ်လပ်စွာပြောဆိုခွင့် ပြန်ရှိလာရပါမယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တရားဝင်ဘာသာစကားအဖြစ် အင်္ဂလိပ်စကားကို သတ်မှတ်ပါတယ်။ အမေရိကန်ပင်လယ်ကွေ့လို့ နာမည်ပြောင်းပါတယ်။
ပြည်ထောင်စုအစိုးရဝန်ထမ်းတွေ ရုံးပြန်တက်ရမယ်၊ ရုံးမလာချင် အလုပ်ထွက်ကြဖို့ပဲ ရှိပါတယ်။
နိုင်ငံမှာ အခုတော့ ရာဇဝတ်မှုက အနိမ့်ဆုံးဖြစ်နေပြီ၊ ဒါကို အသိအမှတ်မပြုချင်တဲ့သူတွေက ပြုကိုမပြုဘူး၊ ဒီတညမှာ ဒီမိုကရက်တွေ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး အမေရိကန်ကို ပြန်လည်ကြီးမြတ်အောင်လုပ်ကြပါစို့