သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလစ်ကန်ပါတီ ညီလာခံ ဒုတိယနေ့


ရီပတ်ဘလစ်ကန်ပါတီ ညီလာခံ ဒုတိယနေ့
please wait
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 2:34 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။

ရီပတ်ဘလစ်ကန်ပါတီ ညီလာခံ ဒုတိယနေ့

Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။ ဒုတိယနေ့ အဓိက ဆောင်ပုဒ်က အမေရိကန်ပြည်ထောင်စုကို ဘေးကင်းလုံခြုံမှု ရှိအောင် ပြန်လုပ်ရေး ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး ကိစ္စက သမ္မတဟောင်း Trump ရဲ့ မဲဆွယ်စည်းရုံးပွဲ အဓိက နိုင်ငံ ရေးမူဝါဒတခု ဖြစ်သလို ၂၀၁၅ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ရီပတ်ဘလီကန်ပါတီတွင်း အင်အားစုစည်းမှု ရရှိစေခဲ့တဲ့ မူဝဒါလည်း ဖြစ်ပါတယ်။ သမ္မတ Joe Biden လက်ထက်မှာ နယ်ခြားကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူတွေ ပိုတိုးလာတယ်ဆိုပြီး ရီပတ်ဘလစ်ကန်ပါတီဘက်က ဝေဖန်ပြောဆိုနေပါတယ်။ မနေ့က ပါတီညီလာခံမှာ သမ္မတဟောင်း Trump နဲ့ ပါတီတွင်း သမ္မတလောင်းဖြစ်ရေး အဓိက ယှဉ်ပြိုင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းလည်းဖြစ် တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Nikki Haley လည်းပါဝင်ပါတယ်။ Donald Trump သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ကာလမှာ စစ်ပွဲတွေ မဖြစ်အောင် တားဆီးနိုင်ခဲ့တယ်ဆိုပြီး သမ္မတ Joe Biden ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဝေဖန်သွားပါတယ်။ ရီပတ်ဘလစ်ကန်ပါတီ ညီလာခံ ဒုတိယနေ့ ပြောဆိုချက်တွေအကြောင်း VOA သတင်းထောက်ချုပ် Steve Herman ရဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး ဆက်ပြောပြပါလိမ့်မယ်။

Forum

XS
SM
MD
LG