ဒန်ဗာ ရဲတပ်ဖွဲ့အကြီးအကဲ ဆန္ဒပြသူတွေနဲ့ အတူချီတက်
အမေရိကန်ပြည်ထောင်စု တဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားနေရာမှာ တချို့ နေရာတွေမှာ ရဲတွေ နဲ့ ဆန္ဒပြသူတွေ အကြား ပြေလည်မှု ရပြီး အတူတူ လက်တွဲ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်တာမျိုးတွေ တောင် ရှိခဲ့ပါတယ်။ ကိုလိုရာဒိုပြည်နယ် ဒန်ဗာ မြို့က ဆန္ဒပြပွဲတွေ မှာ ဇွန်လ ၁ ရက်နေ့ က ဒန်ဗာမြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Paul Pazen ကိုယ်တိုင် ဆန္ဒပြသူတွေ နဲ့ အတူ လက်ချင်း ချိတ်ပြီး လမ်းလျှောက်ခဲ့တာပါ။ ဒေသတွင်း သတင်းတွေမှာတော့ သူကိုယ်တိုင် သေဆုံးသွားသူ လူမည်း အမျိုးသား George Floyd ရဲ့ နာမည်ကို ကြွေးကြော်ခဲ့ပြီး ဆန္ဒပြသူတွေ ရဲ့ မေးခွန်း တချို့ကိုလည်း ဖြေကြားခဲ့ပါတယ်။ CBS ဒန်ဗာ သတင်းဌာန ရဲ့ အမေးကိုလည်း ဖြေကြားရာမှာ ဒီ ဆန္ဒပြလှုပ်ရှားမှုတွေဟာ ရဲ တွေ နဲ့ ဆန္ဒပြသူတွေ ရင်ဆိုင်နေတာမဟုတ်ပဲ မတရားမှုတွေ ကို အတူတကွ ရင်ဆိုင်ရမှာ လို့ ဒန်ဗာ ရဲတပ်ဖွဲ့အကြီးအကဲ Pazen က ဖြေကြားသွားပါတယ်။ ဇွန်လ ၂ ရက်နေ့ မှာ လည်း ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့လည်း မနက်ပိုင်းအထိတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို