မိုးလုံလေလုံ လေထဲပျံဝဲအလှပြပြိုင်ပွဲ
စပိန်နိုင်ငံ Girona မြို့မှာတော့ Wind Games လို့ခေါ်တဲ့ ပြိုင်ပွဲတစ်ရပ် ဖေဖော်ဝါရီ(၃)ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီမှာတော့ လေထဲမှာပျံဝဲနေသလိုမျိုး အောက်ခြေကနေ လေနဲ့မှုတ်ပေးထားပြီး ပြိုင်ပွဲဝင်သူတွေဟာ အလှပြတင်ဆက်ကြတာဖြစ်ပါတယ်။ Empuriabrava Wind Tunnel လို့အမည်ပေးထားတဲ့ လေပေးစက် ဖန်ပေါင်းချောင်ကြီးထဲမှာ တစ်ဦးချင်းစီရော၊ အဖွဲ့လိုက်ပါ ပါဝင်ခဲ့ကြပြီး ပွဲကြည့်သူတွေရဲ့ ရှေ့မှာ ပုံစံအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ #voaburmese #voasocial
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို