ကန်ရွေးကောက်ပွဲစနစ်ကိုရှာရှားဆိုက်ဘာဖောက်ထွင်း
အမေရိကန် ပြည်ထောင်စုရဲ့ ပြည်နယ် ၂၁ ခုက မဲပေးစနစ်တွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်မှုတွေကို ရုရှားဘက်က လုပ်ခဲ့တဲ့အကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ရွေးကောက်ပွဲစနစ်အတွင်း ထိုးဖေါက်နိုင်တဲ့ အောင်မြင်မှု အတိုင်းအတာကတော့ တနေရာနဲ့ တနေရာ မတူဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ဆက်နွယ်ပြီး ဗုဒ္ဓဟူးနေ့က အထက်နဲ့ အောက်လွှတ်တော် ရှေ့မှောက် ကြားနာမှုတွေမှာ ပြည်နယ် ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စု အစိုးရ ဌာနတွေကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။ အနာဂတ်ရွေးကောက်ပွဲတွေ ဘေးကင်းအောင် ကာ့ကွယ်ဖို့လည်း သူတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေက အဓိကကျတဲ့အကြောင်း VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို မသီင်္ဂ ီထိုက်က တင်ပြပါလိမ့်မယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို