ပဲရစ်သဘောတူညီချက်နဲ့ အမေရိကန်ပြည်နယ်တွေရဲ့ ရပ်တည်ချက်
အမေရိကန်သမ္မတ Donald Trump က ပဲရစ်သဘောတူညီချက်ကနေနှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ ပြည်နယ်အများစု၊ နောက်မြို့ကြီးတွေနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုက သဘောတူညီမှုကို လိုက်နာဖို့ တာဝန်ခံခဲ့တာနဲ့အညီ အကောင်အထည် ဖော်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန်အနေနဲ့ ၂၀၀၅ ခုနှစ်က ဖန်လုံအိမ်ဓာတ်ငွေ့စွန့်ထုတ်မှု ၂၈% ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ ၂၆% အထိလျှော့ချသွားဖို့၊ သမ္မတ Barrack Obama အစိုးရလက်ထက်က ကတိပြုခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့ လိုလားနေကြတာပါ။ ဒါပေမဲ့လည်း ဗဟိုအစိုးရရဲ့ ပံ့ပိုးမှုမပါဘဲနဲ့ သူတို့ဆန္ဒကိုဖြည့်ဆည်းနိုင်ပါ့မလား ဆိုတာကို VOA သတင်းထောက် Eleizabeth Lee က သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅
ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅
အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅
ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅
လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို