မြန်မာနိုင်ငံနဲ့ ကျန်းမာရေးအာမခံ
ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာဆရာဝန်တွေအနေနဲ့ မြန်မာပြည်ရဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်အားသရွေ့ ကူညီအားဖြည့်ပေးနေကြတာ တွေ့နေရပါတယ်။ သြစတြေးလျနိုင်ငံ၊ Central Queensland ပြည်နယ်၊ Rockhampton ဆေးရုံရဲ့ ဆေးပညာဌာန ညွှန်ကြားရေးမှူးလည်းဖြစ်၊ ကျောက်ကပ်ကုသရေးဌာန၊ ဌာနမှူးလည်းဖြစ်သူ ဒေါက်တာသင်မောင်ဟန်က သြစတြေးလျနိုင်ငံရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်နဲ့ ကျန်းမာရေးအာမခံစနစ်အကြောင်း၊ သိကောင်းစရာများကိုမျှဝေရင်း၊ ပြည်တွင်းကဆရာဝန်များ အနေနဲ့ ပြည်ပကနေ စေတနာ့ဝန်ထမ်း လာရောက်ကြတဲ့ မြန်မာဆရာဝန်တွေအပေါ် အပြန်အလှန်လေးစားမှုနဲ့ နားလည်ပေးစေလိုကြောင်းလည်း ပြောပြပါတယ်။ အယ်ဒီတာဒေါ်ခင်စိုးဝင်းက ဒေါက်တာသင်မောင်ဟန်ကို သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ မတ်၊ ၂၀၂၅
Burma Act ဆက်လက်ရှင်သန်နိုင်ရေး အားထုတ်မှု
-
၀၂ မတ်၊ ၂၀၂၅
ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းမှု စိန်ခေါ်ချက်များ