ရှေးဟောင်းပြတိုက်နဲ့ AR နည်းပညာ
ရှေးလက်ရာ ပစ္စည်းတွေ ပြသထားတဲ့ ပြတိုက်တွေ ဝင်ကြည့်ရတာ တချို့တွေအတွက်တော့ ငြီးငွေ့စရာလိုဖြစ်ပေမယ့် နယ်သာလန်နိုင်ငံက ပြတိုက်တခုကတော့ လာရောက် လည်ပတ်ကြည့်ရှုသူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းမယ့် အတွေ့အကြုံသစ် ပေးဖို့ ကြိုးစားနေပါတယ်။ Microsoft ကုမ္ပဏီက ထုတ်လုပ်တဲ့ Hololens လို့ခေါ်တဲ့ AR နည်းပညာသုံး မျက်မှန်ကို တပ်ဆင်ပြီး ပြတိုက်ထဲမှာ လိုက်လံကြည့်ရှုနိုင်အောင်ပါ။ အဆင့်မြင့်နည်းပညာသုံး Holographic ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ရှေးဟောင်း အဆောက်အဦးတွေကို မြင်တွေ့ရမယ့် ပြတိုက်အကြောင်း Deborah Block ရဲ့သတင်းကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅
ပုဂ္ဂလိက လဆင်းယာဉ် Blue Ghost
-
၀၇ မတ်၊ ၂၀၂၅
ထာဝရဓာတုပစ္စည်း PFAS အန္တရာယ်
-
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
-
၂၂ ဖေဖော်ဝါရီ၊ ၂၀၂၅
မြေရှားသတ္တုသုံး အမြဲတမ်းသံလိုက်
-
၁၅ ဖေဖော်ဝါရီ၊ ၂၀၂၅
ဝတ်မှုန်ကူးပေးမယ့် ပိုးကောင်စက်ရုပ်
-
၀၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ပိုတက်ဆီယမ် K နဲ့ ဗိုက်တာမင် K