TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၀၉-၂၀၂၂)
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဒုတိယ ကမ္ဘာစစ် အောင်ပွဲအခမ်းအနား ကျင်းပပြီး ယူကရိန်းကို ကျုးကျော်တိုက်ခိုက်ခဲ့တဲ့ကိစ္စကို ရုရှားသမ္မတPutin က ခုခံပြောဆို၊ ယူကရိန်းက ရုရှားနဲ့ စစ်ပွဲမှာ အနိုင်ရမှာဖြစ်သလို ဘယ်နယ်မြေကိုမှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ပြော၊ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ဖိအား တိုးမြင့်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR တိုက်တွန်း
ဗွီအိုအေရေဒီယိုညပိုင်း မေ ၉၊ ၂၀၂၂
ဖာပွန်ခရိုင်မှာ စစ်ကောင်စီ လက်နက်ကြီးထိမှန်ပြီး ကလေးတဦးသေဆုံး၊ ယင်းမာပင်မှာ စစ်ကောင်စီ နယ်မြေရှင်းလင်းနေ၊ ကျောက်တော်မြို့ မဟာမုနိဒုက္ခသည်စခန်း မီးလောင်ကျွမ်း၊ ပလက်ဝ ဒေသခံတချို့ နေရပ်ပြန်ခွင့်ရပေမယ့် ပြန်ထူထောင်ရေးအခက်ရှိဆဲ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကို တင်ပြပေးသွားမှာပါ။