TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေလ ၈၊ ၂၀၂၂
ယူကရိန်း စစ်ပွဲနောက်ဆုံးရ အခြေအနေ၊ အမေရိကန် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ထားဖို့ PDF တပ်ဖွဲ့တွေက သတိပေး၊ ထိုင်းမှာ မြန်မာတွေ လိုက်လာတဲ့ ကားကို လုံခြုံရေးက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံး ဒဏ်ရာရ၊ ဒို့အသံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ၊ တပတ် အတွင်း ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းချက်တွေကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (မေ ၈ ရက်၊ ၂၀၂၂)
အပူဒဏ်ကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လူထုနဲ့ကျန်းမာရေး၊ စာသားလေးတွေနဲ့ အီတလီချောကလက် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ မေလ ၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ ရေဒီယိုအစီအစဉ်
အိမ်သုံးလျှပ်စစ်ပစ္စည်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Semiconductor ရှားပါးမှု၊ လူ့မစင်နဲ့ လောင်စာအဖြစ် အသုံးချနည်း၊ မာရာဒိုနာရဲ့အင်္ကျီ လေလံတင်ရောင်းချ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြား သတင်းများတို့ကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။