TV Schedule
၂၀၂၂ မေလ(၇)ရက် စနေ မနက်ခင်း VOA
ဒီအစီအစဉ်မှာ ယူကရိန်း သံမဏိစက်ရုံက တိုက်ပွဲကြားပိတ်မိနေသူ အရပ်သား ၅၀ ခန့် ထပ်မံလွတ်မြောက်လာ၊ အမေရိကန်သမ္မတကတော် Jill Biden ဥရောပခရီးစဉ်စတင် စတဲ့ထိပ်တန်းသတင်းနဲ့အတူ မိုးဗြဲနဲ့ ဖရူဆိုမှာ လေဘေးသင့် စစ်ပြေးဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်နေ၊ မြန်မာရွှေဈေးကွက်မှာ အ၀ယ်သွက်နေတဲ့ သတင်းပေးပို့ချက်တွေ နားဆင်ရပါမယ်။ အမျိုးသမီးကဏ္ဍ၊ သိပ္ပံနဲ့နည်းပညာ၊ သုတစုံလင် အမေရိကန်တခွင် သီတင်းပတ်စဉ် တွေလည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (မေလ ၇ ရက်၊ ၂၀၂၂)
မြန်မာနိုင်ငံလူသားချင်းစာနာမှု အကူအညီပေးရေ အာဆီယံဆွေးနွေးပွဲ ကုလကြိုဆို၊ ယူကရိန်းမြို့ အရပ်သားကယ်ထုတ်ရေး ဝိုင်းဝန်းကြိုးပမ်း၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်းတင်ပြချက်နဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ မေလ ၇ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း မေ၇၊၂၀၂၂
NCA အပစ်ရပ် ငါးဖွဲ့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲတတ်မည်၊ ချင်းပြည်နယ်တွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတနှစ်အတွင်း ၁၅ကြိမ်ကြိမ်မြောက်၊ မြောက်ကိုရီယားဒုံးကျည်စမ်းသပ်ပစ်ခတ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။