TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၇ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၇ ရက်၊ ၂၀၂၄) ဘလင်ကန်ရဲ့ အရှေ့အလယ်ပိုင်းခရီး ပဋိပက္ခ ထိန်းချုပ်နိုင်ဖို့ မျှော်လင့်၊ တရုတ် ပူပေါင်းတွေ လေကြောင်းပျံသန်းရေးကို ခြိမ်းခြောက် (တိုင်ဝမ်) စတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ်ကဏ္ဍတွေဖြစ်တဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇန်နဝါရီ ၀၇၊ ၂၀၂၄)
ချီလီနိုင်ငံမှာ မကြုံစဖူး ၁၅ ပေါင်ကျော်တဲ့ ကလေးမွေးဖွား၊ ထိုင်းနိုင်ငံ ချင်းရိုင်မြို့က ကြောင်ဒီဇိုင်း စပါးခင်းများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ မြန်မာနိုင်ငံက ရှားပါး သစ်ပင်၊ တိရိစ္ဆာန်မျိုးတွေ ဖော်ထုတ်ထိန်းသိမ်းတဲ့ GenZ များ၊ နောက်တော့ မလေးရှားက မြန်မာစာသင်ကျောင်းလေး နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၄ ဇန်နဝါရီ ၇၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၇၊ ၂၀၂၄)
အရှေ့အလယ်ပိုင်းဒေသအရေး ဂျော်ဒန်ဘုရင်နဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး၊ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၁၀၀၀ ကျော်ပျက်စီး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။