TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၆ ရက် ၂၀၂၄
ဂါဇာမှာ အပစ်ရပ်ရေး အမြန်ကြိုးစားဖို့ ကန်သတိပေးတာ၊ ရှမ်းမြောက် မြို့နယ် ၃ ခု စစ်အုပ်ချုပ်ရေး ကြေညာတာ၊ အရေးပါတဲ့ ကန်မဲပေးပွဲ Super Tuesday မှာ မြန်မာနွယ်ဖွား ကန် နိုင်ငံသားတွေ ဘယ်လိုမဲပေးတယ် ဆိုတာတွေ အပြင် မြေကြီးသြဇာ၊ ယူကရိန်း - မြန်မာ နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေးနဲ့ ကမ္ဘာတလွှားခရီးသွား အပတ်စဉ် အစီအစဉ်တွေကို တင်ပြပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၀၆၊ ၂၀၂၄)
ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးနဲ့ဖမ်းဆီးခံ အစ္စရေးဓားစာခံတွေပြန်လွှတ်ပေးရေး၃ရက်ကြာ စေ့စပ်ညှိနှိုင်းမှုတွေမှာထူးခြားတဲ့ရလဒ် မရှိသေးကြောင်းတာဝန်ရှိသူတွေပြော၊မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို အပြင်းအထန်ကန့်ကွက် ရှုတ်ချကြောင်းနဲ့ချက်ခြင်းရပ်ဆိုင်းပေးဖို့အာဆီယံ နဲ့ ဩစတေးလျထိပ်သီးဆွေးနွေးပွဲအပြီးကြေညာချက်ထုတ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၆ ရက်၊ ၂၀၂၄)
ပါတီတွင်း သမ္မတလောင်း ရွေးချယ်မှုတွေမှာ သမ္မတ Biden နဲ့ Trump တို့ အနိုင်ရ၊ ဂါဇာ အပစ်ရပ်ရေးဆွေးနွေးပွဲ တိုးတက်မှုမရသေး၊ လွိုင်ကော်တက္ကသိုလ် ပါချုပ်နဲ့ ၅ ဦး မတရားအသင်းဥပဒေနဲ့ ကရင်နီအစိုးရ ပြစ်ဒစ်ချ၊ ဗကသ ကို ဗဟိုကော်မီတီဝင် ၂၁ ဦးနဲ့ တိုးချဲ့ ဖွဲ့စည်း စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။