TV Schedule
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာ စနေမနက်ခင်း ဇန္နဝါရီ ၆ ၊ ၂၀၂၄
ဗွီအိုအေ မြန်မာ စနေမနက်ခင်း ဇန္နဝါရီ ၆ ၊ ၂၀၂၄ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ဂါဇာ ပဋိပက္ခပြေလည်ရေးညှိနှိုင်းဖို့ တူရကီနိုင်ငံကို ရောက်ရှိနေပါတယ်။ အမေရိကန်နဲ့တရုတ် ဆက်ဆံရေးပြေလည်မှုဟာ မရှိမဖြစ်လိုအပ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီလိုနောက်ဆုံးရသတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
၁၉:၀၀ - ၁၉:၃၀
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇန်နဝါရီ ၀၆၊ ၂၀၂၄)
လောက်ကိုင်ကို MNDAA ထိန်းချုပ်၊ လွတ်လပ်ရေးနေ့ လွှတ်ပေးသူတွေထဲ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ အာဏာသိမ်းကတည်းက မွေးမြူရေးလုပ်ငန်း ထိုးကျ၊ ဒီလိုလယ်ယာစီးပွား သတင်းတွေ၊ နောက် အာဏာသိမ်း ၃ နှစ်ပြည့် ပိုဆိုးလာတဲ့ အခြေအနေတွေရင်ဆိုင်ရတဲ့ ပြည်သူများ သတင်းထောက်မှတ်စုတို့ကို ၂၀၂၄ ဇန်နဝါရီ ၆ စနေ၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။