TV Schedule
၂၀၂၂ မေလ(၅)ရက် ကြာသပတေးနေ့ မနက်ခင်း VOA အစီအစဉ်
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ (UNICEF) က ထောက်ပံ့ထားတဲ့ စာသင်ကျောင်းတွေထဲက ၁၇ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီး ၊ ဥရောပသမဂ္ဂ နိုင်ငံတွေကနေ ရုရှားကို အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့မှုတွေ လုပ်သွားဖို့ စီစဉ်နေ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒါဏ် ၅ နှစ်ချခဲ့တဲ့အပေါ် အယူခံတင်သွင်းခဲ့တာကို တရားရုံးချုပ်က ပယ်ချ စတဲ့ သတင်းတွေနဲ့အတူ NUG အစိုးရနဲ့ ဆက်ဆံလုပ်ကိုင်ဖို့ မလေးရှားက အဆိုပြုဖို့ အစီအစဉ် ကို စစ်ကောင်စီက ကန့်ကွက်၊ ဥရောပသမဂ္ဂ EU နိုင်ငံတွေက ရုရှားဆီက ရေနံတင်သွင်းရတာကို ပိတ်ဆိုဖို့ဆွေးနွေး။ အပတ်စဉ် ကဏ္ဍတွေအနေနဲ့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၀၅-၂၀၂၂)
ယူကရိန်းနိုင်ငံ Mariupol မြို့က သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ အရပ်သားတွေကိုကယ်ထုတ်နိုင်ဖို့အတွက် သုံးရက်ကြာ နေ့ပိုင်းတွေမှာ အပစ်ရပ်မယ်လို့ ရုရှားကတိပြု၊ ယူကရိန်းတပ်တွေဟာ တောင်ပိုင်းက Kherson နဲ့ Mykolaiv ဒေသ နယ်စပ်တွေမှာ နယ်မြေတွေကို ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး အရှေ့ပိုင်းမှာတော့ ရုရှားတွေရဲ့ တိုက်ခိုက်မှုတွေကို ပြန်ပြီးတော့ တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် ပြော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဧပြီလ ၂၂ ရက်နေ့က ဖိတ်ကြားချက်ဟာ နိုင်ငံရဲ့ အရေးအရာတွေကို ဆွေးနွေး အဖြေရှာမယ့် သဘောထား မပါတာကြောင့်ပါဝင်ဆွေးနွေးမှာ မဟုတ်တဲ့အကြောင်း KIO ကချင် လွတ်မြောက်ရေးအဖွဲ့ကြေညာ
ဗွီအိုအေရေဒီယိုညပိုင်း မေ၅၊၂၀၂၂
စစ်ကောင်စီကမ်းလှမ်းတဲ့ဆွေးနွေးပွဲ KIO မတက်၊ ဟားခါးမြို့နယ်တွင်း သုံးရက်ဆက်တိုက်ပွဲဖြစ်နေ၊ ပင်လယ်ကမ်းခြေမှာ အိဒ်ပွဲဆင်နွှဲသူ ရိုဟင်ဂျာ ၄၅၀ကျော်ဖမ်းဆီးခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ တိုင်းရင်းသတင်းလွှာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။