TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင် ၄ ရက် ၂ဝ၂၂)
သတင်း - သီရီလင်္ကာငွေကြေးအကြပ်အတည်း၊ သြစတေးလျှက ယူကရိန်းကို စစ်လက်နက်တွေကူညီမယ်၊ယူကရိန်း အရှေ့ပိုင်းမြို့ သိမ်းပိုက်ကြောင်း ရုရှား ကြေညာ ။ သတင်းဆောင်းပါး - တရုတ်နိုင်ငံခြားရေးဝန်ကြီး က မြန်မာစစ်ကောင်စီ အနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ ပြောဆို၊ ကရင်ပြည်နယ်က စစ်ပြေးဒုက္ခသည် ကလေးတွေကျန်းမာရေး ။အပတ်စဉ်ကဏ္ဍ - ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပေးစာ၊ သတင်းတွေထဲကသုတနဲ့ ကမ္ဘာတလွှားထူးခြားဆန်းပြား သတင်းများ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၀၄-၂၀၂၂)
ကန် လွတ်လပ်ရေးနေ့ စစ်တပ်မိသားစုတွေကို သမ္မတဘိုင်ဒန် အိမ်ဖြူတော်မှာ ဧည့်ခံမည်၊ ယူကရိန်းသမ္မတ Volodymyr Zelenskyy ရုရှားတို့ သိမ်းယူထားတဲ့နယ်မြေတွေကို ပြန်သိမ်းပိုက်မယ်လို့ ယူကရိန်းသမ္မတ ပြော၊ မြန်မာ့နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေး တရုတ်နဲ့ အာဆီယံအကြား လက်တွဲ ဆောင်ရွက်နိုင်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မျှော်လင့်... စတဲ့သတင်းတွေ အပါအ၀င် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၄၊ ၂၀၂၂
မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး၊ လှည်းတန်းမှာ ပြည်ခိုင်ဖြိုးပါတီဝင် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ၊ ဝက်လက်မြို့နယ်တွင်း စကစ စစ်ကြောင်း ကျေးရွာတွေ မီးရှို့၊ ဘီးလင်းမြို့က ရွာသား ၂၀ ကျော် လူသားဒိုင်းအဖြစ် စစ်ကောင်စီအသုံးပြု၊ ကန် လွတ်လပ်ရေးနေ့ စစ်တပ်မိသားစုတွေကို သမ္မတဘိုင်ဒန် အိမ်ဖြူတော်မှာ ဧည့်ခံမည် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။